ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ - Property News in Myanmar from iMyanmarHouse.com
3 Jan 2025 11:45 am တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး

ရွှေမြို့တော်ဟု လူသိများခဲ့သော ဆန်ဖရန်စစ္စကို၏ ကိုယ်ရောင်ကိုယ်ဝါတို့ မှေးမှိန်လာနေသည်။

အမေရိကန်ပြည်တွင် တချိန်က ကယ်လီဖိုးနီးယားတခွင်၌ ရွှေတူးသည့်လုပ်ငန်း ခေတ်စားခဲ့ဖူး သောကြောင့် ရွှေမြို့တော်ဟု နာမည်တွင်ခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ နည်းပညာလုပ်ငန်းနယ်ပယ်တွင် ဝန်ထမ်းလျှော့ချမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်နေမှုကြောင့် ဆန်ဖရန်စစ္စကို၏ အိမ်ခြံမြေဈေးနှုန်းမှာ ကိုဗစ်ကပ်ဘေးမတိုင်မီ အခြေအနေသို့ ထိုးကျသွားခဲ့ကြောင်း SFGATE သတင်းဌာနက ဖော်ပြသည်။

ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြံမြေဈေးအကြီးဆုံး မြို့ပြဒေသများတွင် တစ်ခုအပါအဝင် ဖြစ်နေဆဲဖြစ်သည်။

သို့သော် ကွန်ဒိုခန်းများနှင့် စုပေါင်းပိုင် အဆောက်အအုံများ၏ ဈေးနှုန်းမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း သွားပြီး လက်ရှိအားဖြင့် ပျမ်းမျှပေါက်ဈေး ကန်ဒေါ်လာ ၉၈၆၀၀၀ သာရှိတော့သည်။

ဈေးပေါက်ဈေးမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း မတွေ့ဖူးသည့် ဈေးနှုန်းဖြစ်ကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အချက်အလက်များကို Wolf Street ၏ လေ့လာချက်အရ သိရသည်။

(ဆန်ဖရန်စစ္စကိုတွင် ကွန်ဒိုခန်းများနှင့် စုပေါင်းပိုင် အဆောက်အအုံတို့၏ ဈေးနှုန်းမှာ ကိုဗစ်ကပ်ဘေးမတိုင်မီ ကာလပေါက်ဈေးသို့ ထိုးကျသွားသည်။ ဓာတ်ပုံ-gdvcom-stock.adobe.com)

(ဆန်ဖရန်စစ္စကိုတွင် လုံးချင်းအိမ်တို့၏ ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်က ဈေးနှုန်းသို့ ကျဆင်းသွားကြောင်း SFGATE နှင့် Wolf Street တို့က ဖော်ပြသည်။ ဓာတ်ပုံ-Aaron- stock.adobe.com)

လုံးချင်းအိမ် (SFH) တို့မှာ ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်း အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ယခုအခါ ဈေးနှုန်း ၁၅ ဒသမ ၄ ရာခိုင်နှုန်း ထိုးကျသွားကာ ပျမ်းမျှပေါက်ဈေး ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းသာရှိကြောင်း SFGATE က ဖော်ပြသည်။

ကွန်ဒိုခန်း ဈေးနှုန်းမှာ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အကြား ၂ ဆခန့် ဈေးတက်ခဲ့သော်လည်း ပြီးခဲ့သော ၂ နှစ်တာ အတွင်း ၃၀ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်း ပြုတ်ကျခဲ့ကြောင်း SFGATE က ဖော်ပြသည်။

ဆန်ဖရန်စစ္စကို၏ စောင်းနေသော တာဝါဟု နာမည်ကြီးသည့် Millennium Tower တွင် အခန်းဈေးများမှာ ၄၄ ရာခိုင်နှုန်းအထိ ထိုးကျနေသည်။

SFGATE က ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုတွင် ကွန်ဒိုခန်းတစ်ခန်းမှာ ကန်ဒေါ်လာ ၆၁၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင် ၁၀ နှစ်ခန့်က အဆိုပါအခန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အခန်းဖြစ်ကြောင်း ဖော်ပြသည်။

(ယခုကဲ့သို့ အိမ်ခြံမြေဈေးများ ထိုးကျနေမှုမှာ ဆန်ဖရန်စစ္စကိုတွင် ဝန်ထမ်းလျှော့ချမှုများ ပေါ်ပေါက်နေသည့် ကာလနှင့် တချိန်တည်းဖြစ်ပွားနေခြင်းဖြစ်ကြောင်း SFGATE သတင်းဌာနက ဖော်ပြသည်။ ဓာတ်ပုံ-Sundry Photography-stock.adobe.com)

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကဏ္ဍ ဝန်ထမ်းအင်အားမှာ ယခင်ကအောက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂၀၂၃ ခုနှစ်အတွင်း ဆန်ဖရန်စစ္စကို၌ နည်းပညာနယ်ပယ် ဝန်ထမ်းလျှော့ချမှု ၁၀၂၀၀ ဦးရှိခဲ့ကြောင်း SFGATE က ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: San Francisco house prices plunge amid widespread tech layoffs Photo Credit- Sundry Photography-stock.adobe.com, Aaron- stock.adobe.com, gdvcom-stock.adobe.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အ...

အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ...

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service