အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း

အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
8 Jan 2025 10:54 am တွင် တင်ခဲ့သည်
444 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်တွင် ဟယ်လင် ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ပြည်သူများ တောက်ပသော အနာဂတ် ပိုင်ဆိုင်နိုင်စေရန်အတွက် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုနှင့် ဒေသတွင်း ဆောက်လုပ်ရေးသမားများ ပူးပေါင်းကာ နေအိမ်ငယ်လေးများ လှူဒါန်းလျက်ရှိသည်။

အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားပြည်နယ်၏ အနောက်ပိုင်းမှ မြို့များတွင် ဟယ်လင် ဟာရီကိန်း မုန်တိုင်းကြောင့် မိသားစုများစွာ အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။

ယခုလအတွင်းတွင်မူ Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုနှင့် အခမဲ့လုပ်အားပေးကြသော ဆောက်လုပ်ရေးသမား ရာပေါင်းများစွာတို့၏ ကျေးဇူးကြောင့် နေအိမ်လိုအပ်နေသော မိသားစုများအတွက် နေအိမ်ငယ်လေးပေါင်းများစွာ လှူဒါန်းနိုင်ခဲ့ပြီး ခရစ္စမတ်ကာလမတိုင်မီ တပ်ဆင်ဆောက်လုပ်ပေးနိုင်ခဲ့သည်။

အိမ်ငယ်လေးများတွင် အပူပေးစနစ်၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ full-size bed ၂ ခုတို့အပါအဝင် လိုအပ်ချက်အားလုံး ထည့်သွင်းပေးထားသည်။

ဒေသခံမိသားစုများအနေဖြင့် ယခုအိမ်ငယ်လေးများတွင် နေထိုင်ရင်း ၎င်းတို့အမြဲနေထိုင်မည့် နေအိမ်ကို ဆောက်လုပ်နိုင်မည် ဖြစ်သည်။

နေအိမ်ငယ်လေး တစ်လုံးစီတိုင်းတွင် ရာသီပန်းများ၊ ပရိဘောဂများနှင့် မွမ်းမံအလှဆင်မှုများအားလုံး Lowe’s က ပြုလုပ်ပေးထားသည်။

ကေသီ ဂရေဟမ်သည် Asheville မြို့အနီး တောင်ကုန်းဒေသတွင် နေထိုင်ခဲ့သည်မှာ ၂၄ နှစ်ရှိခဲ့ပြီဖြစ်သည်။

မုန်တိုင်းကြောင့် ရေလွှမ်းမိုးခဲ့မှု ရေပြန်ကျသွားချိန်တွင် နေအိမ်မှာ မှိုများစွဲကာ ကျန်ရစ်ခဲ့ပြီး အပူပေးစနစ်လည်း မရှိတော့။

သူ၏ မွေးမြူရေးတိရ စ္ဆာန်များကိုလည်း ထားရစ်ခဲ့၍ မရသောကြောင့် အခြားနေရာသို့လည်း မရွှေ့ပြောင်းနိုင်သည့် အခြေအနေမျိုး ရင်ဆိုင်ရသည်။

ထိုအခြေအနေတွင် Lowe’s ကလှူဒါန်းသည့် နေအိမ်ငယ်လေးကို တွေ့လိုက်ရချိန်တွင် ကေသီများစွာ ဝမ်းမြောက်သွားမိသည်။

“ဘုရားသခင် ကျေးဇူးတော်နဲ့ အိမ်သစ်ရပြီ။ ကျွန်မရဲ့ အိမ်ငယ်လေး။ အံ့မခန်းပါပဲ။ တကယ်ကို လှပါတယ်။ မယုံနိုင်အောင်ပါပဲ။ ဘယ်လောက်ကျေးဇူးတင်လဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ဘုရားသခင်က ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပါပဲ”

Lowe’s ၏ ဝန်ထမ်းများနှင့် ဒေသတွင်း ဆောက်လုပ်ရေးသမားတို့၏ မနေမနား ကြိုးပမ်းမှုကြောင့် မကြာမီကာလအတွင်း အခြားမိသားစုများစွာအတွက် နေစရာအိမ်ငယ်လေးများ ရလာတော့မည် ဖြစ်သည်။

Lowe’s ၏ Community relations ဒါရိုက်တာ Julie Yenichek နှင့် Charlotte မြို့မှ Kelly McArdle တို့ စကားပြောဖြစ်ရာမှ အိမ်ငယ်လေးပေါင်း တစ်ရာဆောက်လုပ်လှူဒါန်းမည့် အစီအစဉ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

စေတနာ့ဝန်ထမ်း လုပ်အားပေးအဖွဲ့သည် Kelly McArdle ၏ နေအိမ်နောက်ဘက်တွင် နမူနာအိမ်ပုံစံအိမ်တစ်ခု ဆောက်လုပ်ခဲ့ကြပြီးနောက် Charlotte ရှိ ဂိုဒေါင်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ကြသည်။

ထိုနေရာတွင် စေတနာဝန်ထမ်း ၄၀၀ ကျော်၏ အကူအညီဖြင့် နေအိမ်ငယ် ၁၆ လုံး ထပ်မံဆောက်လုပ်ပြီးစီးခဲ့သည်။

နေအိမ်ငယ်လေးများမှာ အကျယ်အဝန်း ၈ ပေ× ၁၆ ပေ ရှိသည်။

စေတနာ့ဝန်ထမ်း လုပ်အားပေးသူများကို Greater Charlotte နေအိမ်ဆောက်လုပ်သူများအသင်း (HBAGC) က ကွပ်ကဲမှုပေးခဲ့သည်။

အိမ်ငယ်လေးများ ဆောက်လုပ်ရေးအတွက် အခမဲ့လုပ်အားပေးရန် စာရင်းပေးသူ ၄၀၀ ဦးကျော် ရှိခဲ့ကြောင်း HBAGC ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jennifer Schuster က ပြောသည်။

Lowe’s သည် မြောက်ကာရိုလိုင်းနားပြည်နယ်၏ အနောက်ပိုင်းတခွင်တွင် အိမ်ငယ်လေးပေါင်း ၁၀၀ ဆောက်လုပ်လှူဒါန်းခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lowe’s giving away tiny homes to families hit hard by Helene (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service