လယ်ယာမြေမှ ကျေးရွာမြေငှားဂရန် လျှောက်ထားလို့ရသလား။ မည်သို့လျှောက်ထားမလဲ။ ဘာတွေလိုအပ်သလဲ ?

လယ်ယာမြေမှ ကျေးရွာမြေငှားဂရန် လျှောက်ထားလို့ရသလား။ မည်သို့လျှောက်ထားမလဲ။ ဘာတွေလိုအပ်သလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2019 12:32 pm တွင် တင်ခဲ့သည်
3807 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###





























### Unicode Version ###

ကျေးရွာမြေငှားဂရန်လျှောက်ထားခြင်းကို သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပြီး အောက်ပါ စာရွက်စာတမ်းအချက်အလက်များ လိုအပ်မှာဖြစ်ပါသည်။

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသူသည် ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူဖြစ်ရပါမည်။

(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆)၊

(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း (၁၂)နှစ် နေထိုင်မှုရှိသူ။

(င) လျှောက်ထားသောမြေတည်နေရာ မြေကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(စ) လျှောက်ထေားမြေ၏အလား(၄)ရပ် (အရှေ့၊အနောက်၊တောင်၊မြောက်အရပ်ရှိမြေများ)၊

(ဆ) လျှောက်ထားမြေပေါ်တွင် တည်ဆောက်မည့် အဆောက်အအုံ၏အရွယ်အစားနှင့် ဆောက်လုပ်မည့်ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(ဇ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်းပုံစံ (၁၀၅/၁၀၆)။

(ဈ) အဆောက်အအုံ ဘေးမြင်/ရှေ့မြင် ဓာတ်ပုံ (၂)ပုံ။

(ည) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား။

(ဋ) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။

(ဌ) မြေယာပိုင်ဆိုင်မှုအရှပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်။

အထက်ပါစာရွက်စာတမ်းအထောက်အထားများဖြင့် တင်ပြရမှာဖြစ်ပြီး ဌာနမှအောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း စိစစ်ဆောင်ရွက်ပါတယ်။

ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းရှိ နိုင်ငံတော်အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ-၃(က) ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဟုတ်/မဟုတ် စိစစ်ခြင်း။

မြေကွက်တည်ရှိရာ ကျေးရွာတွင် အမှန်တကယ်နေထိုင်ခြင်းမရှိသူကို မြေငှားဂရန် မထုတ်ပေးပါ။ ကျေးရွာမြေငှားဂရန်လျှောက်ထားသည့်မြေသည် အနည်းဆုံး မြေဧရိယာ (ပေ ၂၀× ပေ၆၀)၊ ဧကအားဖြင့် (ဝ.၀၂၇၅)ရှိမှသာ မြေငှားဂရန်ထုတ်ပေးပါသည်။

အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေကို မြေငှားဂရန်ထုတ်ပေးခြင်းမရှိပါ။

ဝင်လမ်း၊ ထွက်လမ်းမရှိသည့် မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။

အဆောက်အအုံဆောက်လုပ်အသုံးပြုထားခြင်းမရှိသည့်မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။ မြစ်၊ ချောင်းနှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။

မီးရထားလမ်း၊ ကားလမ်းနယ်နိမိတ်ဧရိယာအတွင်းရှိ မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။

မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသော မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။ မြေငှားဂရန်ထုတ်ပေးရန်မသင့်ကြောင်း သက်ဆိုရာဌာနတခုခုမှ ဥပဒေနှင့်အညီ ကန့်ကွက်/ တားမြစ်ထားသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁) ဧကအောက်ဖြစ်ပါက အမှုတွဲကိုစိစစ်၍ မြေငှား ဂရန်ထုတ်ပေးပါသည်။ (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ) နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉) အရဖြစ်ပါတယ်။

လျှောက်ထားမြေသည် မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးထံအမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင်ြ့ပုချက်ဖြင့် ခရိုင်အုပ်ချုပ် ရေးမှူးမှ မြေငှားဂရန်ထုတ်ပေးပါသည်။

မြေဧရိယာ(၅)ဧကအထက်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုချက်ရရှိပါက (အောက်မြန်မာပြည်မြေ နှင့်အခွန်နည်းဥပဒေ - ၅၁(ခ)(ဂ) အရ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉ (ဂ) အရ နှစ်ရှည်မြေငှားဂရန်ပေးရန် သက်ဆိုင် ရာခရိုင်အုပ်ချုပ်ရေးမှူးအား လုပ်ပိုင်ခွင့်အပ်နှင်းပြီး ဂရန်ထုတ်ပေးမည်ဖြစ်ပါသည်။

ပေးသွင်းရမည့်မြေခွန်နှုန်းထားကတော့ မြို့နယ်အလိုက် သက်ဆိုင်ရာတိုင်းအစိုးရမှ သတ်မှတ်ချက် အတိုင်းပေးသွင်းရမှာဖြစ်ပါတယ်။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service