ဗဟုသုတ | Posted by ဇာနည်ကျော်
ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် ဆန်းကြယ်မှုများဖြင့် အတိပြီးနေသည်။
အချို့သော ဖြစ်ရပ်များကို အဖြေရှာနိုင်ခဲ့ပြီဖြစ်သော်လည်း အချို့မှာမူ သိပ္ပံနည်းကျ မဖြေရှင်းနိုင်သေးသော ပုစ္ဆာများ ဖြစ်နေသည်။
ကာဇက်စတန်နိုင်ငံ၊ Kalachi ကျေးရွာတွင် ရွာသူရွာသားတို့သည် လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားသည့် ဆန်းကြယ်သောဖြစ်ရပ် ရှိနေသည်။
ကာလာချီ (Kalachi) ရွာတွင် ရွာသူရွာသားတို့ကို အိပ်စက်ချင်သည့် အရိပ်လက္ခဏာများ မပြဘဲ အိပ်ပျော်သွားလေ့ရှိပြီး နာရီပေါင်းများစွာ (သို့မဟုတ်) ရက်နှင့်ချီကာ အိပ်ပျော်သွားလေ့ရှိသည်။
လမ်းလျှောက်ခြင်း (သို့မဟုတ်) အလုပ်လုပ်ခြင်းကဲ့သို့ လှုပ်ရှားမှုများ လုပ်ဆောင်နေရပြီး အိပ်ပျော်သွားလေ့ရှိသည်။
အချို့မှာ ၂ ရက်ခန့်အထိ အိပ်ပျော်သွားလေ့ရှိသည်။
နိုးထလာချိန်တွင် မည်သည့်အချိန်၊ မည်သည့်နေရာတွင် အိပ်ပျော်သွားခဲ့သည်ကို ပြန်လည်မမှတ်မိကြ။
အဆိုပါ ထူးဆန်းသောဖြစ်ရပ်ကို တစ်ကမ္ဘာလုံး စိတ်ဝင်တစား အာရုံစိုက်ခဲ့ကြပြီး သိပ္ပံပညာရှင်များအတွက် နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော ပဟေဠိတစ်ပုဒ် ဖြစ်နေခဲ့သည်။
သုတေသနများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သော်လည်း အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် အကြောင်းရင်းကို နှစ်ပေါင်းများစွာ မတွေ့ရှိခဲ့။
Daily Mail သတင်းဌာနက ကာလာချီကျေးရွာကို ငရဲကျနေသောရွာဟု တင်စားသုံးနှုန်းခဲ့သည်။
အချို့သော အမျိုးသားများဆိုလျှင် ရက်ပေါင်းများစွာအထိ လိင်စိတ်မကျဘဲ အမြဲလိင်စိတ်နိုးကြွနေခဲ့သည်ဟု ဆိုသည်။
နှစ်ပေါင်းများစွာ အဖြေမရှာနိုင်ခဲ့သောပုစ္ဆာကို ၂၀၁၅ ခုနှစ်တွင်မူ အဖြေတစ်ရပ် ရှာဖွေတွေ့ရှိခဲ့သည်။
အချို့မှာ စိတ်ခြောက်ခြားကာ အာရုံတွင် ထင်ယောင်ထင်မှား တွေ့မြင်မှုများရှိသည်။
အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်သည်။
မိန်းကလေးငယ်တစ်ဦးဆိုလျှင် မိခင်၏ ဦးခေါင်းတွင် ဆင်စွယ်ကြီးထွက်နေသည်ကို တွေ့ခဲ့ပြီး ယောက်ျားကလေးတစ်ဦးမှာမူ သူ၏ ဦးခေါင်းဘေးတွင် မြင်းများနှင့် မီးလုံးများ ပျံဝဲနေသည်ကို တွေ့သည်ဟု ဆိုသည်။
(စွန့်ပစ်ထားသော ယူရေနီယံ သတ္တုတွင်းမှ ကာဗွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့များ ထွက်နေရာ ကာလာချီ ရွာသားများမှာ အဆိုပါဓာတ်ငွေ့ကြောင့် အဆိပ်သင့်ခြင်းဖြစ်ကြောင်း အဖြေရှာတွေ့ခဲ့သည်)
(ဓာတ်ပုံဆရာ Vera Salnitskaya သည် ကာလာချီရွာလေးသို့ တစ်ညတာ ရောက်ရှိခဲ့ရာ ရွာသူရွာသားတို့ ခံစားရလျက်ရှိသည့် ထူးဆန်းသည့် ရောဂါလက္ခဏာများကို သိရှိလာခဲ့သည်)
(ယူရေနီယံ မိုင်းတွင်းမှထွက်သော ဓာတ်ငွေ့များကြောင့် ရွာသူရွာသားတို့မှာ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းများ ခံစားခဲ့ရသည်။ ရွာသူရွာသား ၁၆၀ ခန့်မှာ ၂၀၁၂ ခုနှစ်ကတည်းက အဆိုပါ ရောဂါလက္ခဏာများ ခံစားခဲ့ရခြင်း ဖြစ်သည်)
(ကာလာချီရွာလေးတွင် စွန့်ပစ်ထားသော မိုင်းတွင်းမှ ကာဗွန်မိုနောက်ဆိုဒ်နှင့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှု မြင့်မားလာပြီး အောက်ဆီဂျင်ပမာဏမှာ ကျဆင်းသွားခဲ့သည်။)
အချို့သော အမျိုးသားတို့သည် ၁၂ နာရီမှ ၆ ရက်ခန့်အထိ အိပ်ပျော်သွားကြပြီး ပြန်လည်နိုးထလာချိန်တွင် လိင်စိတ်တက်ကြွနေကာ လိင်နိုးကြွမှု ပြန်မကျဘဲ လမ်းလျှောက်သွားလာနေကြရရာ သူနာပြုများအား ရှက်ရွံ့စေခဲ့သည်။
၎င်းတို့၏ လိင်စိတ်နိုးကြွမှုမှာ တစ်လခန့်အထိ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
“အမျိုးသားတွေ အဲ့လိုအခြေအနေမျိုးဖြစ်နေတော့ ဆရာဝန်တွေက ရယ်မောကြပြီး သူနာပြုလေးတွေက ရှက်နေခဲ့ကြပါတယ်” ဟု အဆိုပါအခြေအနေခံစားခဲ့ရသော အမျိုးသားတစ်ဦး၏ ဇနီးက ပြောသည်။
(ဓာတ်ငွေ့တို့၏ side effect ကြောင့် လူတို့မှာ ရက်ပေါင်းများစွာ သတိမေ့ခြင်း၊ ခေါင်းကိုက်ခြင်းများ ခံစားခဲ့ကြရသည်)
(အကြောင်းရင်းဇာစ်မြစ်ကို ရှာဖွေတွေ့ရှိချိန်တွင် ကာလာချီကျေးရွာနှင့် အနီးရှိ Krasnogorsk ကျေးရွာတွင် နေထိုင်သူတို့ကို ရွှေ့ပြောင်းပေးခဲ့သည်။)
(ကာလာချီကျေးရွာရှိ မိသားစုပေါင်း ၂၂၃ စုကို ရွှေ့ပြောင်းပေးခဲ့သည်)
(မိမိတို့၏ ချစ်သူ၊ ခင်ပွန်းတို့မှာ ၁၂ နာရီမှ ၆ ရက်ခန့်အထိ အိပ်ပျော်နေခဲ့ကြပြီး ပြန်လည်နိုးထလာချိန်တွင် လိင်စိတ်အလွန်တက်ကြွနေခဲ့ကြောင်း အဆိုပါအမျိုးသားတို့နှင့် ဆက်နွှယ်သော အမျိုးသမီးတို့က ပြောသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This Is World's Strangest Village: People Fall Asleep Suddenly, Even While Walking; Know Why Photo Credit-dailymail