အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ဆိုတာဘာလဲ ?

အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ဆိုတာဘာလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2019 12:44 pm တွင် တင်ခဲ့သည်
7143 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) မရေသးဘဲ လူေနထိုင္ခြင့္မရွိပါဘူး။ အေဆာက္အအံု ေဆာက္လုပ္ၿပီးစီးပါကတည္ေဆာက္ျခင္းအတြက္ အခြန္ေပးေဆာင္ရန္ ကာလတန္ဖိုး စိစစ္သတ္မွတ္ေရး အဖြဲ႕ထံတင္ျပၿပီး က်သင့္အခြန္ေပးေဆာင္ရမွာျဖစ္ပါသည္။ ထိုသို႔ေပးေဆာင္ထားသည့္ အခြန္စည္းၾကပ္ၿပီးေၾကာင္း ေထာက္ခံခ်က္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနတြင္ အေဆာက္အအံုၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ( BCC) ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားရာတြင္ လိုအပ္သည့္စာရြက္စာတမ္းမ်ားကေတာ့

၁။ ေဆာက္လုပ္ခြင့္ျပဳမိန္႔မိတၱဴ

၂။ ေဆာက္လုပ္ခြင့္ျပဳပံုစံ (Drawing) မိတၱဴ

၃။ ေဆာက္လုပ္ခြင့္ပံုစံစစ္ေဆးခေငြသြင္းခ်လံမိတၱဴ

၄။ အေဆာက္အအံုျပီးစီးေၾကာင္းမွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာနွင့္စစ္ေဆးေရး အင္ဂ်င္ နီယာမ်ား၏မွတ္ခ်က္ပါရွိေသာမွတ္တမ္းစာအုပ္ (Log Book)

၅။ ေလွ်ာက္ထားသူ၏ နိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ (ေျမရွင္၊ GP/SP) (A4 Size တစ္မ်က္နွာ တည္းတြင္အေပၚ/ေအာက္ကူးရန္)

၆။ စီးပြားေရးလုပ္ငန္းသံုးအေဆာက္အအံုပံုစံျဖစ္ပါက မီးသတ္ဦးစီးဌာန၏ေထာက္ခံခ်က္မူရင္းနွင့္ Fire Safety Certificate မိတၱဴ

၇။ အေဆာက္အအံု၏ေရွ႕၊ ေနာက္၊ ဝဲ၊ ယာ ဓါတ္ပံုမ်ား

၈။ ရာျပတ္ဌာန၏အခြန္စည္းၾကပ္ျပီးေၾကာင္းေထာက္ခံခ်က္

၉။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနွင္သန္႔ရွင္းေရးဌာန၏ အမိႈက္စြန႔္ပစ္ရန္လံုေလာက္သည့္ အမွိုက္ပံုးထားရွိမည္ျဖစ္ေၾကာင္းခံဝန္

၁၀။ Lift ပါဝင္ေသာအေဆာက္အအံုျဖစ္ပါက စက္မႈၾကီးၾကပ္ေရးနွင့္စစ္ေဆးေရးဦးစီးဌာန၏ ဓါတ္ေလွကား အသံုးျပဳခြင့္လက္မွတ္

၁၁။ (၁၈) ခန္းနွင့္အထက္ အေဆာက္အအံုျဖစ္ပါကTransformer တပ္ဆင္သံုးစြဲခြင့္ျပဳေၾကာင္း ရန္ကုန္ ျမိဳ႕ေတာ္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း၏ေထာက္ခံခ်က္ စသည့္တို႔ျဖင့္ ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

အေဆာက္အအံုၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ေလွ်ာက္ထားျခင္းအတြက္ ငွာနသြင္းေငြ ၃၆၀၀၀က်ပ္ ေပးသြင္းရမွာျဖစ္ပါတယ္။ အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ( BCC) မရေသးဘဲ လူေနထိုင္ေနက်တာေတြရွိပါတယ္။ ထိုသို႔ ေနထိုင္ေနေၾကာင္း ငွာနမွ စစ္ေဆးေတြ႔ရွိပါက ႀကိဳတင္လူေနဒဏ္ေၾကးအျဖစ္ မိသားစုလံုးခ်င္းအေဆာက္အအံုဆိုလွ်င္ ၆၀၀၀၀ က်ပ္၊ အမ်ားသံုးလူေန အေဆာက္အအံုဆိုလွ်င္ ၁ ခန္း ၁၂၀၀၀၀ က်ပ္၊ စီးပြားေရးသံုးအေဆာက္အအံုဆိုလွ်င္ ၁ ခန္း ၂၄၀၀၀၀ က်ပ္ျဖင့္ ဒဏ္ေၾကးေပးေဆာင္ရမွာျဖစ္ပါတယ္။

အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ( BCC) ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္ မက်ေသးလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနရွိ သက္ဆိုင္ရာ ၿမိဳ႕နယ္တာ၀န္ခံျဖင့္ သြားေရာက္ေတြ႕ဆံုၿပီး အမႈတြဲအေျခအေန စံုစမ္းၾကည့္ပါ။ အေဆာက္အဦ သက္မွတ္အရည္အေသြးမျပည့္မီျခင္း၊ လိုအပ္သည့္ အေထာက္အထားမျပည့္စံုျခင္း၊ အေဆာက္အဦပံုစံကြဲလြဲျခင္းမ်ားရွိလွ်င္ ခြင့္ျပဳမိန္႔မက်တာေတြျဖစ္တတ္ပါတယ္။ ဌာနမွာသြားေရာက္စံုစမ္းၿပီး လိုအပ္ခ်က္ကို ျပင္ဆင္ေဆာင္ရြက္ၿပီး ျပန္လည္တင္ျပလွ်င္ ခြင့္ျပဳမိန္႔က်ပါတယ္။ ထိုသို႔ အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ( BCC) ရရွိထားသည့္အေဆာက္အအံုကိုသာ ၀ယ္ယူသင့္ေၾကာင္း သတိေပးအပ္ပါသည္။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက တည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် ( BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၄။ အဆောက်အအုံပြီးစီးကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Sizeတစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိ မည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းအတွက် ငှာနသွင်းငွေ ၃၆၀၀၀ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။ အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် ( BCC) မရသေးဘဲ လူနေထိုင်နေကျတာတွေရှိပါတယ်။ ထိုသို့ နေထိုင်နေကြောင်း ငှာနမှ စစ်ဆေးတွေ့ရှိပါက ကြိုတင်လူနေဒဏ်ကြေးအဖြစ် မိသားစုလုံးချင်းအဆောက်အအုံဆိုလျှင် ၆၀၀၀၀ကျပ်၊ အများသုံးလူနေ အဆောက်အအုံဆိုလျှင် ၁ ခန်း ၁၂၀၀၀၀ကျပ်၊ စီးပွားရေးသုံးအဆောက်အအုံဆိုလျှင် ၁ ခန်း ၂၄၀၀၀၀ ကျပ်ဖြင့် ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် ( BCC) လျှောက်ထားပြီး ခွင့်ပြုချက် မကျသေးလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံဖြင့် သွားရောက်တွေ့ဆုံပြီး အမှုတွဲအခြေအနေ စုံစမ်းကြည့်ပါ။ အဆောက်အဦ သက်မှတ်အရည်အသွေးမပြည့်မီခြင်း၊ လိုအပ်သည့် အထောက်အထားမပြည့်စုံခြင်း၊ အဆောက်အဦပုံစံကွဲလွဲခြင်းများရှိလျှင် ခွင့်ပြုမိန့်မကျတာတွေဖြစ်တတ်ပါတယ်။ ဌာနမှာသွားရောက်စုံစမ်းပြီး လိုအပ်ချက်ကို ပြင်ဆင်ဆောင်ရွက်ပြီး ပြန်လည်တင်ပြလျှင် ခွင့်ပြုမိန့်ကျပါတယ်။ ထိုသို့ အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် ( BCC) ရရှိထားသည့်အဆောက်အအုံကိုသာ ဝယ်ယူသင့်ကြောင်း သတိပေးအပ်ပါသည်။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service