စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2019 1:11 pm တွင် တင်ခဲ့သည်
2381 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စုပေါင်းပိုင်အဆောက်အအုံ ဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသောစုပေါင်း ပိုင်မြေတွင်စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ၆ထပ်နှင့်အထက်ရှိသည့် အထပ်မြင့်အဆောက် အအုံကိုဆိုသည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူများအသုံးပြုရန် စီမံထားရှိသည့် စုပေါင်းပိုင်ပစ္စည်းနှင့်အိမ်ခန်း များလည်းပါဝင်သည်။

စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံများကို တည်ထောင်လျှင် စုပေါင်း ပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လိုသည့်မြေသည် -

- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်အဖြစ်ဆောက်လုပ်ခွင့်ရှိရမည့်အပြင်ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေအမျိုးအစား ဖြစ်ရမည်။

- မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စုပေါင်းပိုင်မြေအဖြစ်ပိုင်ဆိုင်ခွင့် လွှဲ ပြောင်းပေးပြီး ဖြစ်ရမည်။

- မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန ၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားသည့် အချက်များနှင့်အညီ ဖြစ်ရမည်။

- မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရမည်။

မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများ၊ အိမ်ခန်းများကိုလည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ အိမ်ခန်းအလိုက် မှတ်ပုံတင်လက်မှတ်များ ကိုတည်ထောင်သူအားထုတ်ပေးပြီး မိတ္တူများကိုထိန်းသိမ်းထားရမည်။

တည်ထောင်သူသည် အိမ်ခန်းလက်ခံရရှိသူ သို့ အိမ်ခန်းလွှဲပြောင်းသည့်အခါ သက်ဆိုင်ရာအိမ်ခန်းမှတ်ပုံတင်လက်မှတ်ကိုလွှဲပြောင်းပေးရမည်။

အိမ်ခန်းအား ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လဲလှယ်ခြင်း၊ရောင်းချခြင်း၊ နောက်ဆုံးအတည်ဖြစ်သော တရားရုံး ၏အမိန့်ဒီကရီအရ ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းနှင့်လွှဲအပ်ခြင်း များဆောင်ရွက်သည့်အခါ လွဲပြောင်းပေးသူနှင့် လက်ခံရရှိသူတို့သည့် လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းသည့် စာချုပ်စာတမ်းကိုသတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်ရမည်။

မှတ်ပုံတင်သည့်အချိန်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။ သတ်မှတ်သည့်ကာလကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်ခအပြင် သတ်မှတ်ထားသော ဒဏ်ကြေးကိုပေးဆောင်ရမည်။

တည်ထောင်သူသည် သက်ဆိုင်ရာကော်မတီ၏ခွင့်ပြုချက်ဖြင့် ပူးတွဲတည်ထောင်သူကို ခန့်အပ်ခြင်း၊ ဆောက်လုပ်မပြီးမီ အိမ်ခန်းများကိုကြိုတင်ရောင်းချနိုင်ခြင်း၊ အဆောက်အအုံ၏ ၄၀ ရာခိုင်နူန်းထက်မပိုသော အိမ်ခန်း များကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ရောင်းချနိုင်ခြင်း။ နိုင်ငံခြားသားအားရောင်းချလျှင် နိုင်ငံခြားမှတရားဝင် ငွေလွှဲပို့သော နိုင်ငံခြားငွေဖြင့်သာရောင်းချရမည်။

စုပေါင်းပိုင်သူသည် အိမ်ခန်းလွှဲပြောင်းသည့်စာချုပ်ကိုမှတ်ပုံတင်ရမည်။ အိမ်ခန်းပိုင်ဆိုင်ခွင့်ကို လက်ခံရရှိသူ အမည်သို့ ပြောင်းလဲခွင့်ရှိပြီး ရောင်းချ၊ ပေါင်နှံ၊ အမွေဆက်ခံ ၊ ခွင့်ပြုချက်ဖြင့်ထားပိုင်ခွင့် ၊ ၄၀ရာခိုင်နူန်းထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသား များအားရောင်းချခြင်း၊ ဘဏ်တွင်ပေါင်နှံခြင်း အမှုဆောင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် အိမ်ခန်းအတွင်းပိုင်းကို စုပေါင်းပိုင်အဆောက်အအုံ၏ မှုလပုံစံနှင့်ခိုင်ခံမှုကို မထိခိုက်စေဘဲ မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ အသေးစား ပြင်ဆင်ခွင့်ရှိသည်။

အဆောက်အအုံတစ်ခုလုံး သို့ အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ဆန္ဒအလျောက်ဖြိုဖျက်ပြီးအ သစ်ပြန်လည်ဆောက် လိုလျှင် စုပေါင်းပိုင်အဆောက်အအုံအသင်း၏ အသင်းသားစုံညီအစည်းအဝေး သို့ အသင်းသား အစေည်းအဝေးတွင် အသင်းဝင် ၇၅ ရာခိုင်နူန်း သဘောတူဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့တင်ပြပြီး အတည်ပြုချက်ရရှိပါက သတင်းစာတွင် ကြေညာပြီးဆောင်ရွက်ရမည်။

ဤဥပဒေရထုတ်ပြန်သည့်နည်းဥပဒေ အမိန့်ညွှန်ကြားချက်တစ်ခုခု တားမြစ်ချက်ဖောက်ဖျက်ကျူးလွန်ကြောင်း သို့ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှအများဆုံး ကျပ်သိန်းငါးဆယ် အထိ ငွေဒဏ်ချမှတ်ရမည့်အပြင် လွှဲပြောင်းသည့်စာချုပ်အားမှတ်ပုံတင်ရန်ပျက်ကွက်ပါက အနည်းဆုံးကျပ်ဆယ်သိန်း မှအများဆုံး နှစ်ဆယ့်ငါးသိန်း ချမှတ်နိုင်သည့်အပြင် ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ဆက်လက်ကျူးလွန်လျှင် ထိုကျူးလွန်သည့်နေ့အသီးသီးအတွက် ထိုပြစ်မှုတွင်ပြဌာန်းထားသော အများဆုံးချမှတ်နိုင်သည့် ငွေဒဏ်၏ ၁၀ရာ ခိုင်နူန်းချမှတ်ရမည်ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာဥပဒေ ကို ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင်ပြဌာန်းသည်။

Credit: LL.B Group Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service