မိမိပိုင်မြေကို ဘုရား(သို့)ဘုန်းကြီးကျောင်းသို့လှူဒါန်းရာတွင် သိထားသင့်သည့်အချက်များ

မိမိပိုင်မြေကို ဘုရား(သို့)ဘုန်းကြီးကျောင်းသို့လှူဒါန်းရာတွင် သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jun 2019 12:49 pm တွင် တင်ခဲ့သည်
2176 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေကို လှူတယ်၊ ဘယ်နေရာ ဘယ်လို မြေမျိုးကို လှူဒါန်းမှ သင့်လျှော်ပါသလဲ၊ ဘယ်လိုလှူဒါန်းမှ လှူဒါန်းမှု မြောက်ပါသလဲ၊ သိထားသင့်ပါတယ်။ အချို့က ရပ်ကွက်တွေထဲမှာ လှူတယ်၊ အချို့က လယ်ယာမြေတွေ လှူတယ်၊ အခြားမြေနေရာတွေ လှူတယ်၊ လူနေရပ်ကွက်ထဲက လူနေအိမ်တစ်အိမ်ကို ဘုန်းကြီးကျောင်း/ သာသနာရေး ကိစ္စအလို့ငှါ လှူကြတာလဲရှိတယ်။

ဥပဒေအရ လှူဒါန်းခြင်း၊ ပေးကမ်းခြင်းများ၌ အိမ်မြေကို မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ လှူဒါန်း ပေးကမ်းမှသာ လှူဒါန်းမှု မြောက်မှာဖြစ်ပါတယ်။ ဒီလို လှူဒါန်းရာမှာလည်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားလွှာ အမှတ် ၂၂ (၂၂-၅-၈၁) ကို သိထား လိုက်နာရပါမယ်။

ညွှန်ကြားလွှာမှာ သံဃနာယကအဖွဲ့ အဆင့်ဆင့်သည် မိမိတို့ဆိုင်ရာ ဒေသအတွင်းရှိ ရဟန်းတော်များအား အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရေးအတွက် ဆုံးမ ဩဝါဒပေးကြပါရန် ညွှန်ကြားလိုက်ပါသည်လို့ ဖော်ပြထားပါတယ်။

၁။ လူနေရပ်ကွက်လူနေအိမ်များ အကြားရှိ လူနေအိမ်များကို ကျောင်းအဖြစ် အသုံးမပြုကြစေရန်၊

၂။ ဤညွှန်ကြားလွှာ မထုတ်ပြန်မီက စေတနာသဒ္ဓါတရားအလျောက် လှူဒါန်းထားခြင်းမျိုး ဖြစ်ပါက ဝင်းခြံသီးသန့် မရှိလျှင် ဘုန်းတော်ကြီးပိုင်အဖြစ် အမည်မပြောင်းကြစေရန်၊

၃။ ဤညွှန်ကြားလွှာထုတ်ပြီးနောက် လူနေရပ်ကွက်အတွင်း စေတနာအလျောက် လှူဒါန်းထားစေကာမူ ကျောင်းအဖြစ်တည်ရှိရာမျိုး မဟုတ်သဖြင့် ကျောင်းအမည်ခံ၍ အလှူမခံယူစေရန်၊

၎။ လူနေရပ်ကွက်၊ လူနေအိမ်များ အတွင်း၌ ဖြစ်စေ၊ အခြားကြည်ညိုဖွယ် မဆောင်သော နေရာများ၌ ဖြစ်စေ ကျောင်းများနှင့် စေတီပုထိုးများကို မတည်ဆောက်ကြစေရန်၊

၅။ အထက်ဖေါ်ပြပါ နေရာများ၌ ဤညွှန်ကြားလွှာ မထုတ်ပြန်မီ မူလရှိပြီးသား ကျောင်းများနှင့် စေတီ ပုထိုးများကို မြို့နယ် သံဃနာယက အဖွဲ့များက စာရင်းပြုစု၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့သို့ ပေးပို့ကြရန် ဖြစ်ပါတယ်တဲ့။

နောက်တစ်ခုက မြေလှူတာနဲ့ ပတ်သက်ပြီး တရားရုံး စီရင်ထုံးတစ်ခု ရှိပါတယ်။ အဲဒီ စီရင်ထုံးမှာ ဖော်ပြထားတာက ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်) အပိုဒ် (၆၀)တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်-

“သာသနာ့မြေအပ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကို ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ သံဃာ၊ စေတီ၊ ကျောင်း၊ ကျောင်းတိုက်၊ နဝကမ္မ၊ ဗုဒ္ဓဘာသာ၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူဒါန်းရာ၌ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းတို့ကို ပြုလုပ် ဆောင်ရွက်ရမည်။

ယင်းသို့ဆောင်ရွက်ထားသည့် သာသနာ့မြေအပရှိ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကိုသာ ပိုင်ဆိုင်ခွင့်အငြင်းပွားလျှင် သံဃဝိနိစ္ဆယ အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ခွင့် ရှိသည်” အထက်ပါ ပြဌာန်းချက်တွင် အကျုံးဝင်ရန် အလို့ငှာ သာသနာ့မြေအပ၌ ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို လှူဒါန်းရာ၌ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည် ပြောင်းခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ပေသည်.. တဲ့။

Credit : U Zaw Win

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service