အမွေဆိုင်မြေနဲ့ အိမ်ကိုဝယ်တဲ့အခါအထူးသတိထားရမယ့်အချက်များ

အမွေဆိုင်မြေနဲ့ အိမ်ကိုဝယ်တဲ့အခါအထူးသတိထားရမယ့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2019 12:46 pm တွင် တင်ခဲ့သည်
8919 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ် ခြံမြေရောင်းတော့ မယ်ဆိုရင် ရောင်းသူ များဘက်မှ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေရှိပါတယ်။ ရောင်းမယ့်မြေ က မိမိအမည်ပေါက်ဖြစ်ရင် ဂရန်မူရင်း နဲ့ မိတ္တူတွေကို အဆင်သင့်ဆောင်ထား သင့်ပါတယ်။ ပါမစ်မြေကွက်ဖြစ်ရင် မြေ ချပါမစ်မူရင်းနဲ့ ပါမစ်မိတ္တူနဲ့ စာချုပ် အဆက်အစပ်မိတ္တူတွေကို အဆင်သင့် ဆောင်ထားပါ။ ဘိုးဘွားပိုင်မြေဖြစ်ရင် မှတ်ပုံတင်ပြီးဖြစ်တဲ့ မြေကွက်အရောင်း အ၀ယ်စာချုပ် မူရင်းနဲ့ မိတ္တူတွေ အဆင် သင့်ဆောင်ထားသင့်ပါတယ်။ ထို့အတူ အရပ်ကတိအရောင်းအ၀ယ်စာချုပ်တွေ ဖြစ်ရင်လည်း မူရင်းနဲ့မိတ္တူတွေကို စုဆောင်း ရှာဖွေထားသင့်ပါတယ်။ အဲဒီလို အဆင်သင့် ဆောင်ထားခြင်းဖြင့် ပွဲစားက ၀ယ်သူကို မမျှော်လင့်ဘဲ ခေါ်လာတဲ့အခါမှာ ကိုယ့် ဘက်က အဆင်သင့်ဖြစ်နေတာပေါ့။

ကြိုတင်ပြင်ဆင်မှုမရှိရင် ပင်ပမ်းရတာ လူဓမ္မတာ

ပြောသာပြောရတာပါ။ ကြိုတင် ပြင်ဆင်ထားသူက လူ (၁၀)ယောက် လောက်မှာ (၄)ယောက်လောက်ကသာ အဆင်သင့်ဆောင်ထားကြလေ့ရှိပါတယ်။ (၆)ဦးလောက်ကတော့ ၀ယ်သူလာမှသာ ဟိုသေတ္တာရှာ၊ ဒီဘီရိုဖွင့်လုပ်တတ်ကြ တယ်။ တစ်ခါတစ်ရံ သော့ရှာမရလို့ အိမ်ရှိလူအားလုံး သော့ရှာပေးရတာ အကုန်ပင်ပမ်းကုန်ကြတာလည်း တွေ့ရ ဖူးတယ်။

အမွေဆိုင် မြေနှင့်အိမ် ၀ယ်တဲ့အခါ တွေ့ ကြုံရတာ

အဲဒီလိုဖြစ်ကြတာမျိုးကများ သောအားဖြင့် အမွေဆိုင်မြေ၊ အမွေဆိုင် အိမ်တွေမှာ ဖြစ်တတ်တယ်။ အမွေဆိုင် မြေနှင့်အိမ်ဆိုတာ မိဘနှစ်ပါးမရှိတော့ တဲ့အခါ မောင်နှစ်မအများထဲမှ ပစ္စည်း ဥစ်္စာပြည့်စုံသူ အကို၊ အမတစ်ဦးဦးက မြေနှင့် အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်း တွေကို ထိန်းသိမ်းပေးထားတတ်ပါတယ်။

အဲဒါကြောင့် အမှန်တကယ် ၀ယ်သူလည်း ရောက်လာရော အဆင် သင့်မဖြစ်တတ်ကြခြင်းပါ။

ရောင်းမယ်၊ မရောင်းဘူး ပေးတဲ့ဈေးက နည်းလွန်းတယ် ပြောကြတယ်

အမွေဆိုင်မြေ၀ယ်တဲ့အခါ ၀ယ် သူတွေအနေနဲ့ အထူးသတိထား ၀ယ်သင့် ပါတယ်။မောင်နှမများတဲ့အတွက် တစ် ယောက်တစ်ပေါက်ပြောတတ်ကြပါတယ်။ ရောင်းမယ်၊ မရောင်းဘူး၊ ပေးတဲ့ဈေးက နည်းလွန်းတယ်စသည်ဖြင့် အငြင်းအခုံ လုပ်တတ်ကြပါတယ်။ တကယ်တော့ မရောင်းချင်တာမဟုတ်ဘူး။ ရောင်းချင် နေကြတာမှ ခုန်ဆွ ခုန်ဆွတောင်ဖြစ်နေ ကြတယ်။ ရောင်းလို့ရမှ အမွေခွဲလို့ရ မှာလေ။ ဒါပေမယ့် လူဆိုတာ လောဘ သားမဟုတ်လား။ များများရလေ ကောင်း လေပဲ။

အားလုံးမျှော်လင့်နေတဲ့ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေ အစုံအလင်မပါတဲ့အခါ

တကယ်တော့ ရောင်းမယ် ရောင်းမယ်လို့သာ ၀ိုင်းအုံနေကြတာ၊ ၀ယ်သူက မြေနဲ့အိမ် ပိုင်ဆိုင်မှုကို ပြပါ ဦးလို့မေးလိုက်တဲ့အခါကျတော့၊ ပိုင်ဆိုင် မှု စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အကိုကြီးကို စောင့်နေရတာမျိုး၊ မမကြီး အလာကို စောင့်ရတာမျိုးလည်း ရှိတတ် ပြန်တယ်။ ဟော စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အကိုကြီး၊ အမကြီး လာပြန်ရင်လည်း အပြေးအလွားလာရ လို့ဆိုပြီး စာရွက်စာတမ်းမစုံတာတို့၊ မိဘနှစ်ပါး သေစာရင်းမူရင်းမပြနိုင်တာ တို့ မောင်နှမအားလုံးရဲ့ မှတ်ပုံတင်မူရင်း တွေ အားလုံးမပြနိုင်တာတို့ ဖြစ်တတ် ကြပြန်ပါတယ်။

ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်း တွေ ပြနိုင်ရင် အမွေဆိုင်တွေအားလုံး စုံပြီပဲ စရန်ပေးလို့ရပါတယ်။ အပြီးအပိုင် စာချုပ်တဲ့အခါကျတော့ အရောင်း၊ မြေပုံ၊ မြေရာဇ၀င်၊ ပိုင်ဆိုင်ကြောင်းမြေပုံ၊ မြေ ရာဇ၀င်တွေနဲ့ ၀ယ်သူလိုချင်တဲ့ အထူး ကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့တာဝန်ယူ ပါတယ်။ အာမခံလို့ ၀ယ်သူက စရန်ငွေ ပေးခဲ့ရတာတွေလည်း ရှိပါတယ်။

လွယ်မယောက်နဲ့ခက် စည်ပင်မှာမြေပုံ ကူးရတဲ့အချက်

တကယ်တော့ အမွေဆိုင်တွေ အာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ဖိုးနဲ့ အရောင်းအ၀ယ်စာချုပ်ဖို့ မြေပုံ၊ မြေရာဇ၀င်တွေက မြို့တော်စည်ပင်က အလွယ်တကူ ထုတ်ပေးတာမရှိဘူး။ အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန် အဖေ အမေတို့ရဲ့ သေစာရင်းမူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်း စားပေးကြတာပါ။ ဒါတောင် ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့ လိုအပ် သေးတယ်။ ဥပမာ ဘဏ်မှာငွေချေးခဲ့ ဖူးရင်၊ သက်ဆိုင်ရာဘဏ်က မြေပုံ/ မြေရာဇ၀င် (ပုံစံ ၁၀၅၊၁၀၆) ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ်။ သူတို့ရဲ့ ဘဏ်က ငွေတွေအားလုံးပြန်ရပြီးမှသာ ကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းပေး ကြတယ်။

အားမနာနဲ့ အမွေဆိုင်ထံကတောင်း ကြည့်ရမယ့် အချက်အလက်များ

အဲဒီတော့ အနှစ်ချုပ်ပြောရရင် ချုပ်ဆိုထားတဲ့ စာချုပ်မျိုးဆိုရင် တရား စွဲယူရတတ်လို့ အချိန်တွေ ငွေတွေ ပိုကုန် တတ်လို့ မိဘအမည်ပေါက် မြေကို ၀ယ် ဖို့ အကြံပေးတာပါ)

(၂) ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးရဲ့သေစာရင်း မူရင်းကို ကြည့်ရှု ရပါမယ်။

(၃) အမွေဆိုင်မောင်နှမတွေ ရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စု စာရင်းကိုကြည့်ရပါမယ်။ (မှတ်ချက် အချို့အမွေဆိုင်တွေက နိုင်ငံခြားမှာ ရောက်နေတဲ့ အမွေဆိုင်တွေကို သေ သလို၊ ရှင်သလို လုပ်ပြီး ချန်ထားတတ် လို့ အိမ်ထောင်စုစာရင်းက သက်သေခံ အထောက်အထားဖြစ်လို့ပါ)

ဒါတွေပြည့်စုံရင် စရန်ငွေပေး လို့ရပါတယ်။ အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ပေးဖို့နဲ့ မှတ်ပုံတင် အရောင်းအ၀ယ် စာချုပ်ချုပ်ပေးနိုင်ဖို့ အတွက် ပိုင်ဆိုင်/ အရောင်းမြေပုံ/ မြေရာဇ၀င် ကူးခိုင်းရပါမယ်။ အရှုပ်အရှင်း ကင်းရင် မြေပုံ(၂)မျိုးစလုံးနဲ့ အလွယ် ကလေးနဲ့ရတတ်ပါတယ်။ မြို့မြေစာရင်း မှာ ရှုပ်နေတာရှိရင်လည်း အမွေဆိုင် တွေပဲ ရှင်းခိုင်းပြီးသားဖြစ်သွားပါတယ်။ မြေပုံတွေ့ရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။

အဲဒီစာချုပ်တဲ့နေ့မှာပဲ အမွေ ဆက်ခံသူမောင်နှမများထံက အထွေ ထွေ ကိုယ်စားလှယ်လွှဲစာယူထားလိုက် ရင် ကျန်ငွေကို အပြီးပေးချေလို့ရပါ တယ်။ ၀ယ်သူအမည်ပေါက်ရဖို့အတွက် ကတော့ အထွေထွေကိုယ်စားလှယ်လွှဲ စာ၊ အထူးကိုယ်စားလှယ်လွှဲစာရှိရင် အရောင်းအ၀ယ်စာချုပ်မှတ်ပုံတင်တာ တို့ အမည် ပြောင်းတာတို့ကို ၀ယ်သူ ကိုယ်တိုင် ဆက်လက်ဆောင်ရွက်လို့ ရပါပြီ စာဖတ်ပရိသတ်ကြီးရေ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service