မိဘက သားသမီးအမည်ဖြင့် ၀ယ်ထားသည့် အိမ်နှင့် မြေကို ၀ယ်မည်ဆိုလျှင်

မိဘက သားသမီးအမည်ဖြင့် ၀ယ်ထားသည့် အိမ်နှင့် မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Jun 2019 1:02 pm တွင် တင်ခဲ့သည်
2884 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အမည်ပေါက် ဂရန်မြေနဲ့ အိမ်ကို ရောင်းတဲ့အခါ မိသားစုဝင် ဆွေမျိုးများက ကန့်ကွက်ခွင့်ရှိပါသလား သူငယ်ချင်း''ဟု ငယ်သူငယ်ချင်း အမျိုးသမီးတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''မိမိကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ မြေနဲ့အိမ်ဆိုရင်တော့ ဘယ်သူက ကန့်ကွက်လို့ရမလဲ။ ဒါပေမယ့် မိဘကဖြစ်စေ၊ တစ်ဦးဦးက ၎င်းပိုင်ငွေနဲ့ သားသမီးကိုဖြစ်စေ၊ အခြားတစ်ဦးဦးကိုဖြစ်စေ၊ အမည်ပေါက်အဖြစ် ဝယ် ပေးထားရင်တော့ အမည်ပေါက် သူက ပိုင်ဆိုင်ခွင့်မရှိဘူး။ ဥပဒေအရတော့ အမည်ငှားအဖြစ်ဝယ်ထားတာ ဖြစ်တယ်''

''တို့က မကြာသေးမီရက်ပိုင်းမှာ ဂရန်မြေနဲ့အိမ်ကို ဝယ်လိုက်တယ် သူငယ်ချင်း''

''ငွေအကြေချေပြီးပြီလား''

''ငွေတော့ အကြေမချေရသေးပါဘူး။ ဒါပေမယ့် စရန်ငွေတော့ချပေးခဲ့တယ်။ ရောင်းသူအမည်ပေါက် ဆိုတော့ ရှင်းတယ်ပေါ့ သူငယ်ချင်းရယ်''

''လင်မယားကွဲနေလို့ တစ်ဦးဦးက ကန့်ကွက်တာလား''

''လင်မယားမဟုတ်ဘူး။ လင်ယောက်ျားဖြစ်သူကလည်း နိုင်ငံခြားသွား သင်္ဘောသားဆိုတော့ ဝယ်နိုင်တယ်လို့ ယူဆတယ်။ ဇနီးသည် အမည်ပေါက်ဖြစ်တော့ အငြင်းပွားစရာမရှိဘူးပေါ့''

''အခု ဘယ်သူက ကန့်ကွက်လို့လဲ''

''လိုအပ်မယ်ထင်တာနဲ့ သတင်းစာထဲမှာ ကန့်ကွက်ရန်ရှိမရှိ ကြေညာစာထည့်လိုက်တယ်။ မိထွေးဖြစ်သူက ကန့်ကွက်လာတယ် သူငယ်ချင်း''

''ဝယ်ထားတဲ့ မိန်းကလေးက အဲဒီအိမ်မှာမနေဘူးလား၊ မောင်နှမ ဘယ်နှယောက်ရှိသလဲ''

''ယခင်ကတော့ အဲဒီအိမ်မှာနေတယ်။ ယောက္ခမ နေမကောင်းလို့ ယောက္ခမအိမ်မှာ သွားနေတယ်''

''အခု အဲဒီအိမ်မှာဘယ်သူနေသလဲ''

''သေချာမေးကြည့်လိုက်တော့ ဖခင်နဲ့ မိထွေးအပါအဝင် ရောင်းမယ့် မိန်းကလေးမိသားစုတို့နေကြတာလို့ သိရတယ်။ ညီမတစ်ယောက်ရှိတယ် ပြောတယ်။ သူက နယ်တက္ကသိုလ်မှာ ဆရာမလို့ သိရတယ်''

''ဖခင်က ကွယ်လွန်သွားလို့လား''

''ဟုတ်တယ် သူငယ်ချင်း။ ဖခင်ကွယ်လွန်သွားတော့ မိထွေးဖြစ်သူက ဖခင်ဖြစ်သူမှ ဝယ်ပေးထားတဲ့ အိမ်နဲ့ မြေဆိုပြီး ကန့်ကွက်တာပဲ''

''ရောင်းတဲ့ မိန်းကလေးက ဘာပြောလဲ။ သူတို့ လင်မယားနှစ်ယောက် ဝင်ငွေနဲ့ ဝယ်ထားတာလို့ ပြောသလား''

''သူကတော့ သူ့အမည်ပေါက်ဖြစ်တဲ့အတွက် ပြဿနာမရှိဘူးလို့ ပြောတာပဲ။ ဒါပေမယ့် မိထွေးဖြစ်သူက အဲဒီအိမ်မှာရှိနေတော့ ဘယ်လိုဆောင်ရွက်နိုင်မလဲ''

''သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မင်းမင်းဦးနှင့် ဦးဝင်းမြင့်ပါ (၅) ၊ ၂ဝဝ၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၉၉၊ အမှုမှာ မိဘကသားသမီးအတွက် ရည်စူးပြီး ငွေကြေးစိုက်ထုတ်ဝယ်ယူခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့် ညီညွတ်ခြင်းမရှိပေ။ ဝယ်ယူပေး သည့် မိဘကွယ်လွန်သွား သောအခါ ¤င်း၏ အမွေပစ္စည်းအ ဖြစ် ကျန်ရစ်မည်ဖြစ်သည်ဟု ဆုံးဖြတ်ထားပါ တယ်''

''ဒါဆိုရင် ဖခင်က ဝယ်ပေးထားတဲ့ အိမ်နဲ့မြေမှန်ရင် သမီးဖြစ်သူ တစ်ဦးတည်းပိုင်ဆိုင်ခွင့် မရှိဘဲ အမွေ ပစ္စည်းအဖြစ် ရောက်ရှိသွားမှာပေါ့''

''မှန်ပါတယ်။ ဒါပေမယ့် မိခင်ရင်း ဖခင်ရင်းတို့ရဲ့ လက်ထက်က ပစ္စည်းဖြစ်နေတော့ မိခင်ရင်းကွယ် လွန်ခဲ့ရင် ဖခင်ရဲ့ပါရင်း ပစ္စည်းအဖြစ် ရောက်ရှိနေမှာဖြစ်တယ်''

''ဖခင်က နောက်အိမ်ထောင်ပြုလိုက်လို့ ဖြစ်တာပေါ့နော်''

''မှန်ပါတယ်။ ဖခင်ဖြစ်သူက နောက်အိမ်ထောင်မပြုရင်တော့ ညီမနှစ်ဦး အမွေခွဲဝေယူခွင့်ရမှာဖြစ်ပါ တယ်''

''ဒါဆိုရင် နောက်ဇနီးကလည်း အမွေရခွင့်ရှိသွားတာပေါ့နော်''

''မိဘက သမီးအမည်နဲ့ ဝယ်ပေးထားတဲ့ ပစ္စည်းမှန်ရင်တော့ မိထွေးဖြစ်သူကလည်း အမွေရခွင့်ရှိလာမှာဖြစ် တယ်''

''ဘယ်လိုဖြစ်သွားနိုင်သလဲ''

''မိရင်းဖရင်းရဲ့ အထက်ပါ ပစ္စည်းအဖြစ် ဥပဒေအရ သတ်မှတ် ဆောင်ရွက်နိုင်မှာဖြစ်တယ်''

''အချို့က ပြောတော့၊ ဖခင်နောက်အိမ်ထောင်ပြုစဉ်ကတည်းက အမွေတောင်းခွင့်သားသမီးမှာရှိတယ် ပြော တယ်။ အဲဒါ ဟုတ်ပါသလား''

''ဟုတ်ပါတယ်။ မိရင်း ဖရင်း ပစ္စည်းအနေနဲ့ ကျန်ခဲ့မယ်။ ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ တစ်ဦးဦးက ကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ် ထောင်ပြုခဲ့ရင် ကျန်ရစ်သူ သားသမီးများက ကွယ်လွန်သွားတဲ့ မိဘတစ်ဦးရဲ့ ဝေစုကိုရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အခုကိစ္စမှာတော့ သမီးဖြစ်သူ အမည် ပေါက်ဖြစ်နေတော့ အမွေခွဲဝေရေး ကိစ္စ အငြင်းမပွားပဲနေကြတာပေါ့''

''မိထွေးလည်းရှိတယ်ဆိုတော့ ဖခင်ဖြစ်သူ ကွယ်လွန်မှ ပြဿနာရှိလာကြတာပေါ့။ ခက်တာက ကျွန်မက စရန်ငွေပေးပြီး ဝယ်ထားတော့ အခုအခြေအနေမှာ ဆက်လက်ငွေချေရမလား။ အရောင်းအဝယ်ကိုပဲ ရပ်တန့် လိုက်ရမလားဆိုတာ အခက်အခဲဖြစ်နေတာ သူငယ်ချင်း''

''အမှန်တကယ် ဖခင်ရင်းလက်ထက်က မိမိအမည်နဲ့ ဝယ်ပေးထားတာဆိုရင်တော့ နှစ်ဖက်ညှိနှိုင်းဆောင် ရွက်သင့်ပါတယ်''

''ဗဟုသုတအဖြစ် မေးရမယ်ဆိုရင် အခုလို ကိစ္စမျိုးမှာ မိထွေးနဲ့ သားသမီးဝေစုဘယ်လောက်စီရနိုင်မလဲ''

''တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ပုနှင့် ဒေါ်အေးတင်၊ ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၆၅၁ အမှုမှာတော့ မိရင်း ဖရင်း၏ အထက်ပါ ပစ္စည်းမှ လေးပုံသုံးပုံကို လင်ပါမယားပါ သားသမီးက ရရှိ၍ ကျန်လေးပုံတစ်ပုံကို မိထွေးပထွေးက ရခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်''

''အခုကိစ္စမှာ မိထွေးဖြစ်သူက ရောင်းမယ့်အိမ်ပေါ်မှာရှိနေတော့ အခွင့်အရေးမရဘဲ ရောင်းခွင့်ပြုမှာ မဟုတ်ဘူး''

''ဒါကြောင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြေလည်ရင်တော့ အရောင်းအဝယ်ဆက်လုပ်သင့်ပါတယ်''

''အမှုအခင်းများဖြစ်လာနိုင်ပါသလား''

''အမှုအခင်းမဖြစ်ဘူးလို့တော့ အတိအကျမပြောနိုင်ဘူး။ ပြေလည်မှုမရရင်တော့ စရန်ငွေပြန်ယူပြီး နောက်ဆုတ် လိုက်တာကောင်းပါလိမ့်မယ်''

''တကယ်လို့ ရောင်းသူမိန်းကလေး တို့ဇနီးမောင်နှံဝင်ငွေနဲ့ ဝယ်ထားတာဆိုရင်တော့ အဆင်ပြေနိုင်တာ ပေါ့ နော်''

''ဒါဆိုရင်တော့ အခြားသူက တောင်းပိုင်ခွင့်မရှိလို့ အရောင်းအဝယ် ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သေချာစုံစမ်း ပြီးမှ ဝယ်ပါ''လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service