အိမ်မြေအရောင်းအ၀ယ်စာချုပ်ချုပ်ဆိုခြင်းနှင့် ဖြေလျှော့သွားမည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ

အိမ်မြေအရောင်းအ၀ယ်စာချုပ်ချုပ်ဆိုခြင်းနှင့် ဖြေလျှော့သွားမည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2019 11:31 am တွင် တင်ခဲ့သည်
3680 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

''မြေနဲ့အိမ်ကို ဝယ်ထားတာ တစ်နှစ်ကျော်ခန့်တော့ရှိလိမ့်မယ်။ အခုမှ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ပြု လုပ်ပြီး အမည်ပေါက် ဆောင်ရွက်လို့ရပါသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေး ပါသည်။

''မြေက ဘာမြေအမျိုးအစားလဲ''

''မြေက မြေငှားဂရန်မြေအမျိုး အစားပါ။ အမည်ပေါက်ဆီက တိုက်ရိုက်ဝယ်တာတော့ မဟုတ်ဘူး။ တစ် ဆင့်ဝယ်ထားသူထံက ပြန်ဝယ်လိုက်တာ သူငယ်ချင်း''

''မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ပထမလူကဝယ်ထားတာလား''

''မဟုတ်ဘူး။ အရပ်စာချုပ်နဲ့ ဝယ်ထားတာ။ သူ့ဆီကနေ တစ်ဆင့်ဝယ်တော့လည်း အရပ်စာချုပ်နဲ့ ဝယ်ထားတာ သူငယ်ချင်း''

''ဒါဆိုရင် မူလဂရန်မြေအမည်ပေါက်နဲ့ မတွေ့ရသေးဘူးပေါ့''

''တွေ့ပေးပါတယ်။ စိုးရိမ်တာနဲ့ အမည်ပေါက်ထံက ကိုယ်စားလှယ်လွှဲ စာယူထားလိုက်တယ်''

''အဆင်ပြေသွားတာပေါ့။ မှတ်ပုံတင်ရုံးမှာလုပ်တဲ့ ကိုယ်စားလှယ်လွှဲစာလား''

''ဟုတ်တယ် သူငယ်ချင်း၊ အခု ကိုယ်စားလှယ်လွှဲပေးထားတဲ့ ပိုင်ရှင်က ကျန်းမာရေး မကောင်းဘူး။ မ မျှော်လင့်ပဲ ကွယ်လွန်သွားရင် အခက်တွေ့မှာ စိုးလို့''

''ပထမဦးဆုံး လုပ်ရမှာက အရောင်းစာချုပ် ချုပ်ဆိုရန်ဆိုပြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ မြေပုံလျှောက်ထားရမှာ ဖြစ်တယ်''

''အခွန်ပေးဆောင်ရတဲ့ ကိစ္စက ဘယ်လိုဆောင်ရွက်ရသလဲ''

''တန်ဖိုးဖြတ် အဖွဲ့ထံကို (အခွန်) ဝယ်ခွန်ပေါ့။ ပေးဆောင်ရန် အရောင်းအဝယ်ကတိစာချုပ်ကို တင်ပြရတယ်''

''အရပ်စာချုပ်ပေါ့နော်''

''ဟုတ်တယ်။ ဒါပေမယ့် လျှောက်ထားတဲ့ ရက်မတိုင်မီ ရက်ပေါင်း သုံးဆယ်အတွင်း ချုပ်ဆိုထားတဲ့ အိမ်မြေ အရောင်းအဝယ်ကတိစာချုပ်ဖြစ်ဖို့တော့ လိုအပ်တယ်''

''အဆင်ပြေရင် ကိုယ်စားလှယ် စာရသူနဲ့ အရောင်းအဝယ်ကတိ စာချုပ် ချုပ်လို့ရတယ် မဟုတ်လား''

''ရပါတယ်။ အခုကိုယ်စားလှယ်စာရယူထားတာက ဘယ်သူလဲ၊ သူငယ်ချင်းအနေနဲ့ ရယူထားတာလား''

''ဟုတ်တယ်။ ကိုယ်စားလှယ်စာရထားသူက ဝယ်သူအဖြစ် စာချုပ်ချုပ်လို့မရဘူးလို့ ပြောကြတယ်''

''မှန်ပါတယ်။ ကိုယ်စားလှယ်စာရသူက ရောင်းသူကိုယ်စားရယူထားတာမို့၊ ရောင်းသူအဖြစ်သာ ဆောင်ရွက် ခွင့်ရှိမှာဖြစ်တယ်။ အခုကိစ္စမှာ ရောင်းသူအဖြစ် သူငယ်ချင်းက လက်မှတ်ရေးထိုးပြီး၊ သားသမီး၊ ဇနီးတစ်ဦးဦး က ဝယ်သူအဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်ကြရမှာဖြစ်တယ်''

''သမီးရဲ့ဝင်ငွေနဲ့ ဝယ်တာဆိုတော့ သူ့အမည်နဲ့ပဲထားရမှာ သူငယ်ချင်း''

''ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက အိမ်မြေတန်ဖိုးဖြတ်ပြီးရင်တော့ ဝယ်ခွန် ဆောင်ရပါတယ်''

''အခွန်က ဘယ်လိုနှုန်းထားနဲ့ ဆောင်ရပါသလဲ''

''တန်ဖိုးဖြတ်ထားတဲ့ အိမ်မြေ ဝယ်ဈေးကို ဝယ်သူအနေနဲ့ ဝင်ငွေရ လမ်းမဖော်ပြနိုင်ရင် ဥပဒေစကားနဲ့ ပြောရ မယ်ဆိုရင် အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဖြစ်ရင်၊ ယင်းပစ္စည်းဝယ်ငွေအပေါ် ၃ဝ ရာခိုင်နှုန်း (သုံးဆယ်ရာခိုင်နှုန်း) သတ်မှတ်ပေးဆောင်ရမယ်လို့ ၂ဝ၁၈ ခုနှစ် အခွန်အကောက်ဥပဒေပုဒ်မ ၂၅ မှာ ပြဋ္ဌာန်း ထားပါတယ်''

''ဒါဆိုရင် ငွေမည်းသဘောဖြစ်သွားမှာပေါ့''

အဲဒီလို သတ်မှတ်တဲ့ သဘောလို့ဆိုရမယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးဖြင့် ဝင်ငွေပြနိုင်ပါက ယင်းဝင် ငွေကိုနှုတ်ပြီး ကျန်တဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တစ်ကျပ်မှကျပ်သိန်း ၃ဝဝ ထိကို ဝင် ငွေခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း။ ကျပ် သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁ဝဝဝ ထိကို ဝင်ငွေခွန်နှုန်း ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝ၁ နှင့် အထက်ကို ဝင်ငွေခွန်နှုန်း ၃ဝ ရာခိုင်နှုန်းသတ်မှတ်ထမ်းဆောင်ရမှာဖြစ်ပါတယ်''

''သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ပေးသွင်းပြီးရင် ဘာဆက်လုပ်ရမလဲ''

''တံဆိပ်ခေါင်း အက်ဥပဒေအရ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ပြီး စာချုပ်ရေးသားရမှာ ဖြစ်ပါတယ်''

''တံဆိပ်ခေါင်းခွန်က ဘယ်လိုထမ်းဆောင်ရပါသလဲ''

''ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို ထမ်းဆောင်ရမှာဖြစ်ပါတယ်''

''ဒါဆိုရင် ပြီးသွားပြီပေါ့''

''မပြီးသေးဘူး သူငယ်ချင်း၊ ဝယ်ခွန်ဆောင်ထားတဲ့ အခွန်ပြေစာရယ်၊ တံဆိပ်ခေါင်းခွန်ပေါ်မှာ စာချုပ် ချုပ်ဆို ထားတဲ့ အိမ်မြေအရောင်း စာချုပ်နဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီမှထုတ်ပေးတဲ့ မြေပုံ မြေရာဇဝင် တို့နဲ့အတူ အရောင်းအဝယ်ပြုမယ့် ပုဂ္ဂိုလ်ကိုယ်တိုင် အသိ သက်သေနှစ်ဦးနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုကြရမှာ ဖြစ်ပါတယ်။

''မှတ်ပုံတင်ခ သီးခြားပေးသွင်းရသေးတယ်လို့ သိရတယ်''

''မှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် - ၁၄၆၊ ၂ဝ၁၉ ဖြစ်သည့် မှတ်ပုံတင်ခြင်း၊ ရှာဖွေခြင်း မိတ္တူကူးယူခြင်းဆိုင်ရာ အခကြေးငွေများ သတ်မှတ်ခြင်းကို ၂ဝ၁၉ ခုနှစ် မေလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်''

''သတ်မှတ်ချက်ကို ဗဟုသုတအဖြစ် ပြောပြပါဦး သူငယ်ချင်း''

''အဲဒီ ကြေညာချက်အရဆိုရင် မှတ်ပုံတင်အခကြေးငွေနှုန်းထားတွေကို ၁-၆-၂ဝ၁၉ နေ့မှစတင်ပြီး အသုံးပြု ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

''ဒါဆိုရင် ၂ဝ၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်ခ ပြောင်းလဲသတ်မှတ်လိုက်တဲ့ သဘောပေါ့''

''ဟုတ်ပါတယ်။ ပစ္စည်းလွှဲပြောင်း ရောင်းချခြင်းစာချုပ်၊ ပေးကမ်းခြင်း စာချုပ်၊ အပေါင်စာချုပ်စတဲ့ စာချုပ် တွေမှာ ပစ္စည်းတန်ဖိုးရဲ့ ဝ.၅ ရာခိုင် နှုန်းသာ မှတ်ပုံတင်ခပေးဆောင်ရမှာ ဖြစ်ပါတယ်''

''အချို့ကပြောတော့၊ ပေးကမ်း စာချုပ်မှာ အမြတ်ခွန်ပေးဆောင်ရန် မလိုဘူးဆိုတာ ဟုတ်ပါသလား''

''သွေးသားရင်းချာ သားသမီး၊ မောင်နှမအရင်းကို ပေးကမ်းတဲ့ စာချုပ်ဆိုရင်တော့ ပစ္စည်းရဲ့ တန်ဖိုးရာ ဖြတ်တင် ရပေမယ့်အခွန်ကင်းလွတ်တဲ့ ကိစ္စမျိုးရှိပါတယ်''

''အခုအဖေက သမီးကို အပေးစာချုပ်ပြုလုပ်လို့ မရဘူးလား''

''ဒီကိစ္စကတော့ မရဘူး။ ဘာလို့လဲဆိုတော့ ပစ္စည်းပိုင်ရှင်ဟာ ဖခင်မဟုတ်လို့ပဲ။ ဖခင်ဖြစ်သူက ပစ္စည်း ပိုင်ရှင်ရဲ့ ကိုယ်စားလက်မှတ်ရေးထိုး ဆောင်ရွက်ခွင့်သာ လုပ်ပိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် အပေးစာ ချုပ်ပြုလုပ်လို့ မရပါဘူး''

''မြေဂရန်အမည်ပြောင်းတာ က ဘယ်အချိန်မှာ ပြုလုပ်နိုင်သလဲ''

''မှတ်ပုံတင်အရောင်းစာချုပ် ပြုလုပ်ပြီး သက်ဆိုင်ရာ မှတ်ပုံတင်မှတ်တမ်းစာအုပ်မှာရေးသွင်းခြင်း၊ မှတ်ပုံတင် အရာရှိလက်မှတ်ရေးထိုးခြင်းကိစ္စတွေပြီးလို့ မှတ်ပုံတင် အရောင်းစာချုပ်ကို ပစ္စည်းဝယ်သူလက်ထဲ ရောက်ရှိချိန် ကစပြီး ဆောင်ရွက်နိုင်ပါတယ်''

''မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှာပဲ လျှောက်ထားရမှာပေါ့''

''မှန်ပါတယ်။ စိစစ်ပြီးဂရန် အမည်ပြောင်းပေးမှာ ဖြစ်ပါတယ်''

''ကျေးဇူးတင်ပါတယ် သူငယ်ချင်း။ ဒီကိစ္စကို သူငယ်ချင်းပဲ အစအဆုံး ဆောင်ရွက်ပေးပါ။ ရှေ့နေအကျိုး ဆောင်ခလည်းပေးပါမယ်''

''ကောင်းပါပြီ။ အသက်သာဆုံး နဲ့ အကောင်းဆုံး ဆောင်ရွက်ပေးပါမည်ဟု ပြောဆိုနှုတ်ဆက်လိုက်ပါသည်''

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service