အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ

အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ - Property Knowledge in Myanmar from iMyanmarHouse.com
28 May 2019 12:43 pm တွင် တင်ခဲ့သည်
5820 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ယနေ့မနက် ၁၁ နာရီမှာ ကိုးရီးယား+မြန်မာဖက်စပ် စီးပွားရေးလုပ်ကိုင်နေ တဲ့ မန်နေးဂျင်းဒါရိုက်တာ MD မခိုင်ခိုင်ကျော် နဲ့ စာချုပ်တစ်ခု ချုပ်ဆိုပေးဖို့ ကိစ္စချိန်းထားတာမို့ နံနက် ၆ နာရီမှာ အိမ်ရာမှထကာ ကြိုတင်ပြင်ဆင်မှုေ တွ ပြုလုပ်တဲ့အချိန်မှာပဲ၊ ဖုန်းမြည်သံကြားလို့ ယူပြီး နားထောင်ကြည့်လိုက် တဲ့အခါ “ဆရာ...ကျွန်မ နွယ်နီပါ” “အေး..သမီးပြောပါ” လို့ ကျွန်ုပ်က နှုတ် ဆက်လိုက်တာနဲ့ “စောစောစီးစီး၊ ဆရာ့ကို ဒုက္ခပေးသလိုများဖြစ်သွားလား မသိဘူးနော်” “အမလေး နွယ်နီရယ်၊ နိဒါန်းတွေ ပျိုးနေရသေးတယ်၊ ကဲ ကဲ.. ဆရာ ဘာကူညီရမလဲသာ ပြောပါ”လို့ ဆိုတော့မှ “အဟိ...ကျွန်မာရဲ့ မမက ဒဂုံဆိပ်ကမ်း (၈၈)ရပ်ကွက်မှာ အိမ်ဝယ်ချင်လို့တဲ့၊ ဒီမနက် ၈ နာရီခွဲမှာ စာချုပ်မှာလို့ ပြောတယ်။ ရှေ့နေနဲ့ စာချုပ်ချင်တယ်ပြောလို့ ဆရာ့ကို သတိရလို့ အကူအညီ တောင်းတာပါ” “ဟုတ်လား၊ လိုက်ချုပ်ပေးရမှာပေါ့၊ စာချုပ်ဖြစ်ရင် ရှေ့နေဥာဏ်ပူဇော်ခရမယ့်ကိစ္စ၊ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ မင်္ဂလာရှိသော နံနက်ခင်းပါ နွယ်နီရေ”

ဟန်တွေ ပန်တွေ မလိုပါသနော် ပွဲဖြစ်ဖို့က အဓိကနော်

“အဟိ....ဆရာသိပ်လိုက်ချင်ပုံမပေါ်ဘူးနော်” “ဘယ့်နှယ့် ပြောလိုက်တာ လဲနွယ်နီရယ်၊ မိုးတွင်းကာလ အိမ်ခြံမြေ ဝယ်သူတွေရှားပါးနေတဲ့ အချိန်မှာ ဝယ်ချင်သူက စာချုပ်ဖို့ လာခေါ်တာ၊ မလိုက်ချင်ဘဲ ဘယ်နေပါ့မလဲ လိုက်ချင်တာပေါ့၊ စောတာတွေ ဘာတွေ ဆင်ခြေပေးနေလို့ မဖြစ်ဘူးလေ၊ ရှေ့နေလည်း ငွေလိုနေတာပဲ ပွဲဖြစ်ပါစေ ဆုတောင်းပေးရမှာပေါ့၊ ရောင်းသူ ဝယ် သူတွေ အိုကေမှ ရှေ့နေလည်း စိုပြေမှာလေ မဟုတ်ဘူးလား နွယ်နီရဲ့”

“အိုး...ဆရာကလည်း ဟန်မဆောင်တတ်ဘူးနော်၊ ဒါဆို အိမ်ကသာ စောင့်နပေတော့။ မကြာခင် မမနဲ့ သူရဲ့သူဌေးကားနဲ့ ရောက်လာလိမ့်မယ်” ဟုဆိုကာ ကျွန်ုပ်အိမ်ကို သွားပုံသွားနည်း တစ်ခါတည်း လမ်းညွှန်နေတာကို ဖုန်းထဲက ကြားနေရပါတယ်။ နွယ်နီရဲ့လမ်းညွှန်ချက်အတိုင်း နာရီဝက်လောက်အကြာမှာ နွယ်နီရဲ့ မမနဲ့ သူရဲ့ သူဌေးကလေးတို့ ရောက်လာပါတယ်။

ဝယ်သူကို ကြိုဆိုပါတယ်၊ ငွေလိုသူတွေ အိမ်ရောင်းချင်တယ်

ရောက်တာနဲ့ ကားပေါ်က မဆင်းတော့ဘူးလို့ ပြောတာနဲ့ ကျွန်ုပ်လည်း သူတို့ ကားပေါ်တတ်လိုက်ခဲ့ပြီး (၈၈) ရပ်ကွက်ဘက်ကို ခရီးနှင်ခဲ့တယ်။ (၈၈) ရပ်ကွက် ရောက်တဲ့အခါ အတွင်းလမ်းသွယ်ထဲ ဝင်သွားရပါတယ်။ လမ်းသွယ်ဆိုပေမယ့် ကွန်ကရစ်လမ်းဆိုတော့ ကားဝင်ရတာ အဆင်ပြေပါတယ်။ လမ်းဆုံးဆုံးကာနီး အစွန်ဆုံး မြေကွက်ရှေ့မှာ ကားကို ရပ်လိုက်တယ်ဆိုရင်ပဲ အိမ်ထဲက အမျိုးသမီး (၄)ဦးနဲ့ အမျိုးသားနှစ်ဦးတို့က ပြုံးပြုံးရွှင်ရွှင်ဆီးကြိုနေကြ ပါတယ်။ ဝယ်သူတွေလာပြီဆိုတော့ ပွဲဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။

ပါမစ်ဖြစ်သော်ငြား၊ ဝယ်သူအဆင်ဆင့် လက်ပြောင်းသွား

အိမ်ထဲရောက်တာနဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ကြည့်ပါရစေလို့ ကျွန်ုပ်က တောင်းလိုက်တယ်။ ရောင်းသူရဲ့ ဇနီးက မြေချပါမစ်စာရွက် စာတမ်းတွေထုတ်ပြပါတယ်။ ပထမ ပါမစ်အမည်ပေါက်သူက (၁၀)နှစ်လောက်နေသွားပြီးမှ အဆင့်ဆင့်ပြန်ရောင်းသွားတဲ့ အရောင်းအဝယ်စာချုပ်တွေကို တွေ့ရလို့ ယခုနောက်ဆုံး ရောင်းသူတွေက လက်ရှိပိုင်ဆိုင်ပြီး အမှန်တကယ် ငွေလိုအပ်လို့ ပြန်ရောင်းတယ်ဆိုတာ သိရပါတယ်။

ရေမီးအစုံ နေရန်အသင့်၊ ပါမစ်ဖြစ်လို့ သတိထားစစ်

ဈေးနှုန်းအနေနဲ့လည်း (20’x60’) ပါမစ်မြေတစ်ကွက် သိန်း (၁၆၀) နဲ့ေ ရာင်းတာတွေ့ရပါတယ်။ မြေကွက်သက်သက်မဟုတ်ဘဲ လုံးချင်းတိုက်ကလေး ဆောက်ထားတယ်။ ရေမီးအပြည့်အစုံရှိတယ်ဆိုတော့ ဝယ်သင့်တယ်လို့ ဝယ်သူကို ကျွန်ုပ်အကြံပေးလိုက်တယ်။ အဲ...ဒါပေမယ့် မြေချပါမစ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မြို့တော်ခမ်းမ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ပါမစ်မြေအမည်ပေါက် မှန်ကန်မှုရှိမရှိရယ်၊ ကန့်ကွက်ချက်ရှင်းမရှင်းရယ်၊ ပါမစ်အမည်ပေါက်သူက ပါမစ်ပျောက်တယ်လို့ လိမ်ညာပြီး ဂရန်သစ်လျှောက်ထားတာများ ရှိမလားဆိုတဲ့ အချက်တွေ ရှိမရှိစုံစမ်းစစ်ဆေးဖို့ လိုသေးတဲ့ အတွက် စရန်ငွေပေးကတိစာချုပ်လို့ပဲရမယ်။ အပြီးအပိုင် ငွေချေတဲ့ စာချုပ်ချုပ်ဆိုပေးလို့ မဖြစ်သေးဘူးလို့ ရှင်းပြလိုက်တယ်။

ရောင်းသူမှာ လက်ချည်းဗလာ၊ ပါမစ်မူရင်းက ငွေရှင်လက်ထဲမှာဝယ်သူ သူဌေးလေးက ဆရာပြောသလိုဆိုရင် စည်ပင်သွားစစ်ရဦးမှာဖြစ်လို့ စရန်ငွေ (၁၀) သိန်းလောက်ပဲ ချခဲ့မယ်လို့ ပြောလိုက်တဲ့အခါ ရောင်းသူတွေ မှာ မျက်စိမျက်နှာပျက်သွားပြီး “အိမ်လာကြည့်တဲ့နေ့က ဘောစိရဲ့ အဖေအမေတွေက နေရာကြိုက်တယ်၊ ဒီနေ့အပြီး ငွေချေမယ်ပြောလို့ ကျွန်မတို့ဘက်ကလည်း ပါမစ်မူရင်းကိုင်ထားသူကိုခေါ်ပြီး စောင့်နေတာပါ၊ အနည်းဆုံး စ ရန်ငွေ သိန်း(၆၀) လောက်ချေမှ ပါမစ်မူရင်းက ကျွန်မပြန်ယူထားလို့ရမှာ (၁၀)သိန်းနဲ့ဆိုရင်တော့ အရမ်းနည်းတယ်။”

“ဘောစိရယ်၊ ဒီမြေနဲ့အိမ်က အမှန်အကန် ရောင်းတာပါ။ အရှုပ်အရှင်း မရှိပါဘူး” လို့ ပြောတော့ သူဌေးလေးက“အမတို့ကလည်း အရှုပ်အရှင်း မရှိဘူးသာပြောတယ်၊ ပါမစ်မူရင်းကိုင်ထားသူက တစ်ယောက်ဖြစ်နေတယ်ဆိုတော့ ကျွန်တော်က ဘယ်စကားကို ယုံရမှာလဲ” “အင်း....မပြောမပြီး ၊ မတီးမမြည် ပြောမှ ပြီးမှာပဲ”ဆိုတော့ ဇာတ်လမ်းစုံရှင်းပြချင်ပါတယ်။

ကတိမတည် သစ္စာမရှိ၊ ငွေတိုးပေးစားသူများ သတိရှိပါ

ဒီလိုပါ။ ပါမစ်မူရင်းကိုတော့ သူက ကျွန်မရဲ့ ငွေရှင်ပါ။ ကျွန်မက လက်ဆော့၊ ပါးစပ်ဆော့ပြီး ငွေတိုးပေးစားရရင် ကောင်းမှာပဲစိတ်ကူးမိတာနဲ့ ငွေရှင်ဆီက သိန်း(၆၀)လောက်ငွေချေးပြီး၊ ရပ်ကွက်ထဲမှာ ၁၀ % အတိုးနဲ့ ပေးစားတယ်။ ပထမ (၆)လလောက်အထိတော့ အဆင်ပြေပါတယ်။အတိုးတွေပေးကြတယ်။ (၆)လ နောက်ပိုင်းလည်း ရောက်ရော၊ ပေးသူက တစ်ဦးနှစ်ဦး မပေးသူက အများဆိုတော့ ကျွန်မလည်း အကြွေးတွေတင်တော့တာပေါ့။ အခုမိုးတွင်း မှာ ယောက်ျားကလည်း အလုပ်မရှိလို့ ထိုင်စားဖြစ်နေတယ်။ ဒါပေမယ့် တစ် လတစ်လ အတိုးကသတ်နေရပါတယ်။ ကြာရင် လုံးပါးပါးပြီး ငွေရှင်ထံမှာ အပ်ထားတဲ့ ပါမစ်မူရင်းတောင် ပြန်ရွေးနိုင်ဖို့ မမြင်တော့တာနဲ့ အခုလို အရှုံးခံပြီး ရောင်းရတာပါ။ အခုဘောစိတို့မြင်တဲ့အတိုင်း လုံးချင်းတိုက်ကလေး ဆောက်တာက သိန်း (၅၀)လောက်ကုန်ပါတယ်။ အဝိစိတွင်းတူးတာကလည်း (၁၂)သိန်းလောက် ကုန်ပါတယ်။

အရောင်းအဝယ် အဆင်ပြေရင် အိမ်သော့အပ်ဖို့ အသင့်ပြင်

“အဲ့ဒါ ဒီနေ့ အရောင်းအဝယ်တည့်သွားရင် ပါမစ်မူင်း ပြန်ရွေးမယ်။ ပြီးတော့ ဘောစိတို့ လက်ထဲထည့် လိုက်မယ်တွက်ထားတာ ငွေအားလုံးချေတာနဲ့ ပါမစ်မူရင်းပေးပြီး ကျွန်မတို့ မိသားစုကတော့ အမေအိမ် ခေတ္တတတ်နေမယ်စိတ်ကူးထားတယ်။ အခုပစ္စည်းတွေ အားလုံးသိမ်းပြီးပြီ၊ ငွေချေတာနဲ့ သော့အပ်မယ်၊ ဆင်းသွားဖို့ အဆင်သင့်ပဲ” လို့ ပြောတာနဲ့ ကျွန်ုပ် လည်း အတွင်းအပြင်ကို လေ့လာကြည့်လိုက်တဲ့အခါ အဝတ်အစားနဲ့ အိမ် တွင်းပစ္စည်းတွေ အမှန်တကယ် ထုတ်ပိုးထားတာကို တွေ့ရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ် အငိုလွယ်လို့ အရှိုက်ခက်တယ်

သို့ပေမယ့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်တယ်ဆိုတော့က “အခုရေတွင်း တူး၊ အခုရေကြည်သောက်” ဆိုသလို ပြီးစလွယ် လုပ်လို့ရတယ်လို့ ရောင်းသူ ဘက်က ထင်နေပေမယ့် ဝယ်သူဆိုတာမျိုးက စေ့စပ်သေချာစွာစုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူကြတာလေ။ အခုတော့ ဒီထက်သေချာအောင် ရှေ့နေေ တာင်ခေါ်လာခဲ့ပြီ။ ဒါပေမယ့် စဉ်းစားချိန်မပေးနိုင် မြို့တော်စည်ပင်မှာ မစုံးစမ်းရသေးမီ ၊ ပါမစ်ပြန်ရွေးဖို့ စရန်ငွေ သိန်း(၆၀)ချခဲ့ပါလို့ အတင်းပြောနေေ တာ့ ဝယ်သူ သူဌေးလေးမှာ စိတ်ညစ်သွားပုံရတယ်။

ပညာရှိပီပီ စဉ်းစားပြီးတော့ စရန်မချတော့ဘူး ဝယ်ရင် အပြီးငွေချေမယ် အခုတော့ မြို့တော်ခန်းမမှာ သွားရောက်စုံစမ်းချင်သေးတယ်။ ဒီနေ့ မဝယ်သေးဘူးဗျာ လို့ ယတိပြတ်ပြောလိုက်ပြီး ရှေ့နေကြီးရေ ပြန်ကြမယ်၊ ကားပေါ်တတ်ဆိုတာနဲ့ ကျွန်ုပ်လည်း စာရွက်စာတမ်းတွေ ပိုင်ရှင်ကို အကုန်ပြန်ပေးပြီး ကမန်းကတမ်း ကားပေါ်တတ်ပြီး ပြန်လာခဲ့ရပါတော့တယ်။

အော်...ဒီနေ့လည်း ရှေ့နေကြီး “မှန်းချက်နဲ့နှမ်းထွက် မကိုက်” ဖြစ်ရပြန် ပြီပေါ့နော်၊ အဆင်မပြေတဲ့လောကကြီးမှာ ဖုတွေ ထစ်တွေနဲ့ပါလားလို့။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service