ဗဟုသုတ | Posted by စည်သူအောင်
မြို့အတွင်းမှာရှိတဲ့ စိုက်ပျိုးမြေတွေဟာ လယ်ယာ မြေဆိုတဲ့ စကားရပ်ထဲမှာပါနေတာကို တွေ့ ရပါတယ်။ စိုက်ပျိုးမြေဖြစ်သော်လည်း အခွန်ပေးဆောင်ရပါတယ်။ အဲဒီစိုက်ပျိုးမြေတွေအပေါ်မှာ အဆောက်အအုံဆောက် ချင်တယ်ဆိုရင်တော့ အရင်က လ/န-၃၉ လျှောက်ထားရပါ တယ်။ အခု ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ပြောရရင် တော့ လ/ယ ၃၀ နဲ့ လျှောက်ယူရတာပေါ့။
တကယ်လို့ ဆောက်လုပ်ခွင့်ရပြီဆိုရင်လည်း ၆-လ/ တစ်နှစ်အတွင်းမှာ အပြီးဆောက်လုပ်ရပါတယ်။ အဆောက် အအုံဆောက်လုပ်ခွင့်ရဖို့အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးထံမှာ လျှောက်ကြရပါတယ်။ လျှောက်တဲ့အခါမှာ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ယခင် ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန)က အောက်ဖော်ပြပါ အချက်(၄)ချက်နဲ့ ညီမညီ ကွင်းဆင်းစစ်ဆေးပါတယ်။ အဲဒီ အချက်(၄) ချက်နဲ့ ပြည့်စုံမှသာ အခြားအသုံးပြုခွင့်လို့ခေါ်တဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့်ရမှာဖြစ်ပါတယ်။
မြို့တွင်းစိုက်ပျိုးမြေအ၀န်းအ၀ိုင်း
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တော်တွေမှာ သာမက အခြားမြို့တိုင်းလိုလိုမှာလည်း မြို့တွင်းစိုက်ပျိုးမြေ ဆိုတာရှိပါတယ်။ မြို့တွင်းစိုက်ပျိုးမြေဆိုတာ မြို့နယ်နိမိတ် သတ်မှတ်ကြေငြာထားတဲ့ အ၀န်းအ၀ိုင်းကို ဆိုလိုပါတယ်။ မြို့ ကွက်အတွင်းမှာရှိတဲ့ မြေ၊ မြို့ဆင်ခြေဖုံးအရပ်မှာရှိတဲ့မြေ၊ မြို့ မြေနဲ့ တောမြေဆက်စပ်နေတဲ့မြေ၊ နေရာများအတွင်းမှာ တောင်သူလယ်သမားများက ရာသီအလိုက်သီးနှံ၊ နှစ်ရှည်သီးပင်၊ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံမြေတွေဟာ မြို့တွင်း စိုက်ပျိုးမြေ အ၀န်းအ၀ိုင်းအတွင်းမှာ ပါဝင်နေပါတယ်။
မြေခွန်တော်စည်းကြပ်ခံရတဲ့ စိုက်ပျိုးမြေ
မြို့တွင်းစိုက်ပျိုးမြေတွေကို မြို့မြေပိုင်ဆိုင်မှုစာရင်း (၁-က)မြေကွက်၊ မြေကွက်မှတ်ပုံတင်စာရင်း (၁-ခ)ရပ်ကွက်/ ကျေးရွာအုပ်စု၊ သီးစားမှတ်ပုံတင်စာရင်းများမှာ မှတ်ပုံတင် ရေးသွင်းထားပြီးပါက ၂-စာရင်းခေါ်တဲ့ သီးနှံစိုက်ပျိုးမှု အခွန်စည်းကြပ်မှုစာရင်း(မြေစာရင်းပုံစံ-၄၆)နဲ့ အခွန်တော်မြေတိုင်း စာရေးတွေက သီးနှံစာရင်းတွေကို မှတ်သားပြီး သတ်မှတ်နှုန်းထားနဲ့ မြေခွန်တော်စည်းကြပ်လေ့ရှိပါတယ်။ လယ်ယာမြေစကားရပ်ထဲမှာ - မြို့မြေအတွင်းက မြေကို “မြေခွန်”လို့ခေါ်ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက မြေခွန်တော်အရပ်ရပ်မှာ ပါဝင်ကောက်ခံလေ့ ရှိပါတယ်။ ဆိုလိုတာက မြို့တွင်းစိုက်ပျိုးမြေဆိုတာကလည်း လယ်ယာမြေဆိုတဲ့ စကားရပ်ထဲမှာ အကြုံးဝင်လို့ မြေခွန်တော် စည်းကြပ်ရခြင်းဖြစ်ပါတယ်။
လယ်ယာမြေကို စိုက်ပျိုးမြေမှအပ အခြားအသုံးပြုခွင့်လျှောက် ထားပုံ
လယ်ယာမြေကို စိုက်ပျိုးမြေမှအပ မြို့မြေ ရွာမြေ တိုးချဲ့ခြင်း၊ စက်ရုံ အလုပ်ရုံတည်ထောင်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ငါးမွေးကန်တူးဖော်ခြင်း၊ စာသင်ကျောင်းဆောက်လုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ် လိုတယ်ဆိုရင် လယ်ယာမြေဥပဒေပုဒ်မ ၂၈၊ ၂၉၊ ၃၀ တို့အရ အခြားနည်းအသုံးပြုခွင့်လျှောက်ထားယူရပါတယ်။
(လ/န-၃၉) အစား (လယ-၃၀)နဲ့လျှောက် အခြားနည်းရ
ဒါကြောင့် မြို့တွင်းမှာရှိတဲ့ စိုက်ပျိုးမြေတွေကို အခြား နည်းသုံးစွဲတော့မယ်ဆိုရင် လယ်ယာစီမံခန့်ခွဲမှုအဆင့်ဆင့်ရဲ့ ခွင့်ပြုမိန်ရယူလျှောက်ထားရန် လိုအပ်တယ်ဆိုတာကို အထူး မှတ်သားဖို့ လိုအပ်ပါတယ်။ ဟိုစဉ်က လ/န-၃၉ လို့ခေါ်တဲ့ (၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ-၃၉ အရ ဒေသဆိုင်ရာ အာဏာပိုင်တွေထံက ခွင့်ပြု ချက်ရယူပြီးမှ အသုံးပြုခွင့်ရပါတယ်။
(၆-လ) ကနေ (၁နှစ်)အတွင်း အပြီးဆောင်ရွက်ကြ
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရပြီဆိုရင် အနည်းဆုံး ၆ လမှ (၁)နှစ်အတွင်း သတ်မှတ်တဲ့ နည်းလမ်း များအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရမယ်။ အဲဒီစည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင် ခွင့်ပြုမိန့်ကို ပယ်ဖျက်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဆောင်ရွက် တဲ့အခါကျရင် ခွင့်ပြုတဲ့အာဏာပိုင်အဖွဲ့အစည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် စည်းကမ်းချက်အတိုင်း ပယ်ဖျက်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ (ဒါ ၀မ်းသာရမယ့်အချက်ပါပဲ)
ကော်လိတ္တော်အရာရှိထံမှ ဂရန်လျှောက်ရတဲ့ အခြားနည်း အသုံးပြုခွင့်
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာနဲ့ ထုတ် ပြန်တဲ့ မြို့မြေပြန်တမ်းများနှင့် တည်ဆဲမြေယာဥပဒေများအရ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်မိန့်အရပဲဖြစ်ဖြစ်၊ တရားဝင်သတ်မှတ်လိုက်တဲ့ မြို့ မြေတွေမှာ လူနေထိုင်ခွင့်အတွက်ပဲဖြစ်ဖြစ်၊ တစ်နည်းနည်း အသုံးချရန်အတွက်ဖြစ်ဖြစ် အသုံးပြုချင်တယ်ဆိုရင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကော်လိတ္တော်အရာရှိ (Collector) ထံ လိပ်စာတပ်ပြီး လျှောက်ထားနိုင်ပါတယ်။
မြေစာရင်းဦးစီးဌာနက စိစစ်ပေးရမယ့် အချက်(၄)ချက်
သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက မြို့မြေဂရန်အမှုတွဲဖွင့်လှစ်ပေး ပါတယ်။ ဒီနောက်မှာတော့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) သို့ အောက်ဖော်ပြပါ အချက်အလက်များ စိစစ်သတ်မှတ်ချက် ပြုလုပ်ပေးဖို့အတွက် အမှုတွဲကို လွှဲပြောင်းပေးပါတယ်။
စိစစ်ရမယ့်အချက်တွေကတော့
(က)မြေရာဇ၀င်မှတ်တမ်း (မြေစာရင်းပုံစံ-၁၀၆)
(ခ)အစိုးရ မြေလွတ်၊ မြေလပ် ဟုတ်မဟုတ်နဲ့ အစိုးရမှ ချထားပေးနိုင်သော မြေဟုတ်မဟုတ်
(ဂ)မြို့မြေဧရိယာအတွင်း ဒါမှမဟုတ် အစိုးရအဆောက်အအုံ သုံးရန် လျာထားမြေအတွင်းကျရောက်ခြင်းရှိမရှိ။
(ဃ)မြေတန်ဖိုးနဲ့ မြေငှားခတွက်ချက်မှုတို့ ဖြစ်ပါတယ်။
မြေစာရင်းက ပညာပြ၊ ထွေအုပ်မှူးများ ပညာရ
မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများကလည်း ယခုဖော်ပြတဲ့အချက်တွေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ပေးရပါတယ်။ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးဆိုရင်တော့ အားနည်းချက်တွေ တွေ့နိုင်ပါတယ်။ ဒီအခါမှာ မြို့နယ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများအနေ နဲ့ အစိုးရမြေလွတ်မြေလပ် မဟုတ်ဘဲ သစ်တောမြေ၊ မီးရထား မြေ၊ လမ်းမြေ၊ စည်ပင်သာယာမြေ၊ အစိုးရဌာန သို့မဟုတ် ပုဂ္ဂလိက တစ်ဦးဦးကိုချထားပေးပြီးဖြစ်တဲ့ မြေတွေကို မှားယွင်း ပြီး မြေဂရန်ထုတ်ပေးမိတတ်ပါတယ်။ တစ်နည်းအားဖြင့် မြေစာရင်းဦးစီးဌာနနဲ့ ထွေအုပ်ရုံးတို့ ပူးပေါင်းလုပ်ရတဲ့အတွက် အမှားအယွင်းနည်းအောင် အထူးဂရုစိုက်လျှောက်ထားသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။
မြေကြီးက ရွှေသီးကြပါစေ
ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ခေတ္တရာမြင့်အောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com