ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး မေလ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၅၃၅ ကျပ်သို့ ရောက်လာသည်။
မေလဆန်းက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်သာရှိသော်လည်း နှစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာသည်။
‘‘ဒေါ်လာက လလယ်ပိုင်းဆို တက်တယ်။ လကုန်ရက်အထည် ချုပ်တို့၊ ဘာတို့က ငွေဝင်လာရင် ပြန်ကျလေ့ရှိတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအ လုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောသည်။
ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမြင့်သကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းလည်း တစ်ဒေါ်လာ ၁,၅၃၇ ကျပ်သို့ ရောက်ရှိခဲ့သည်။
ဒေါ်လာတန်ဖိုးတက်သကဲ့ သို့ ပြည်တွင်းရွှေဈေးလည်း မေလအတွင်း ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးတက်ရခြင်းဖြစ်သည် ဟု ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးက မေလ ၁၃ ရက်တွင် တစ်အောင်စလျှင် ၁,၂၈၄ ဒေါ်လာဈေးဖွင့်သည်။
ပြည်တွင်း ဈေးကွက်တွင် ရွှေဈေးသည် မေလဆန်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းသုံးသောင်းခွဲမှ မေလ ၁၃ ရက်တွင် ကျပ်ဆယ်သိန်းငါး သောင်းနှစ်ထောင်သို့ ရောက်လာ သည်။
Credit: 7Daydaily