ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင် - Property News in Myanmar from iMyanmarHouse.com
20 Jan 2025 11:54 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ ကမ်ဘရီယာခရိုင်၊ ကားလိုင်း (Carlisle) မြို့တွင် နေထိုင်သော အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် Lotto Jackpot ဆုကြီးဖြစ်သော ပေါင် ၇ ဒသမ ၅ သန်း ထီဆုကြီး ကံထူးခဲ့သည်။

ဂျိမ်းစ် ကလာ့ဆန်၏ ထီဆုကြီးပေါက်ပုံမှာ အနည်းငယ် ထူးခြားသည်။

ကလာ့ဆန်သည် ခရစ်စမတ်ကာလတွင် ပေါင် ၁၂၀ ထီဆုငယ် ကံထူးခဲ့ပြီးနောက် ထိုငွေဖြင့် ထီလက်မှတ်များ ဝယ်ယူကံစမ်းခဲ့ခြင်းဖြစ်ကြောင်း Metro သတင်းဌာနက ဖော်ပြသည်။

ထိုသို့ ရုတ်တရက် ချမ်းသာသွားသော်လည်း ကလာ့ဆန်မှာ သူ၏ ရှိရင်းစွဲ အလုပ်ကိုသာ ဆက်လက်လုပ်ကိုင် ခဲ့သည်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကလာ့ဆန်သည် ထီပေါက်ပြီးချိန်တွင်လည်း လုပ်ငန်းခွင်သို့လာကာ ပိတ်ဆို့နေသော ရေပိုက်များ ရှင်းလင်းပေးခြင်းကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောသည်။

ရုတ်တရက်ချမ်းသာသွားခြင်းမှာ သူ၏ အနာဂတ်ကို ပြောင်းလဲသွားစေရုံမျှမက ရိုးရိုးကုပ်ကုပ်နေတတ်သည့် အလေ့အထကိုပါ ပြသလိုက်သကဲ့သို့ ရှိသည်။

နေ့ချင်းညချင်း သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သော်လည်း ရှိရင်းစွဲအလုပ်ကို ဆက်လက်လုပ်ကိုင်လိုကြောင်း ၎င်းက ပြောသည်။

“အဲဒီမနက်က ကျွန်တော် ချစ်သူကောင်မလေးရဲ့ အိမ်မှာပါ။ မနက်ခင်း နှင်းကျတာတွေကို ကြည့်ဖို့ အစောကြီး အိပ်ရာထခဲ့တယ်။ မက်ဆေ့တစ်စောင် ရောက်နေတာကို ကြည့်လိုက်တော့ National Lottery APP ကနေ ထီပေါက်နေတာ တွေ့လိုက်ရပါတယ်”ဟု ကလာ့ဆန်က Metro သတင်းဌာနသို့ ပြောသည်။

ကလာ့ဆန် ရရှိခဲ့သော ဆုငွေမှာ ပေါင် ၇,၅၃၃,၃၂၉ ဖြစ်သည်။

ကလာ့ဆန်က ချစ်သူမိန်းကလေးကို အိပ်ရာမှ နှိုးလိုက်ပြီး မိမိ ထီပေါက်ကြောင်း ပြောသော်လည်း သူမမှာ မယုံကြည်ခဲ့ဘဲ “ဘာထီမှ မပေါက်ပါဘူး”ဟု ပြောကာ ပြန်လည် အိပ်စက်သွားခဲ့သည်။

(ကလာ့ဆန်သည် လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်ရင်း ဓာတ်ငွေ့ဆိုင်ရာ အင်ဂျင်နီယာဖြစ်လာရန် ကြိုးစားနေသည်။ ဓာတ်ပုံ-Anthony Devlin)

 

(ကလာ့ဆန်က မိမိ ထီပေါက်ကြောင်းကို တမိသားစုလုံးအား ပြောပြခဲ့သည်။ ဓာတ်ပုံ-Anthony Devlin)

 

“ကျွန်တော်ဖြင့် မယုံနိုင်အောင်ပါပဲ။ အိပ်မက် မက်နေသလိုပါပဲ။”

“အချိန်က မနက် ၇ နာရီခွဲပဲ ရှိသေးတော့ အကုန် အိပ်နေကြတဲ့အချိန်ပါ။ ကျွန်တော် အဖေ့ဆီကို ဖုန်းခေါ်လိုက်ပါတယ်။ အဖေကတော့ ဒီအချိန်လောက်ဆို အိပ်ရာထပြီဆိုတာ ကျွန်တော် သိပါတယ်။”

“အဖေက အိမ်ကိုလာခဲ့ဖို့ တည်တည်ငြိမ်ငြိမ်ပဲ ပြောပါတယ်။”

အိမ်သို့ ရောက်သောအခါ ဖုန်းဘေးတွင် မိခင်ဖြစ်သူ ဘက်ကီ၊ ဖခင်ဖြစ်သူ စတီဖန်နှင့် အစ်ကိုဖြစ်သူ သောမတ်တို့ စုရုံးနေခဲ့ကြပြီး ထီရုံးဖွင့်ချိန် မနက် ၉ နာရီတွင် ကလာ့ဆန်က ဖုန်းဆက် အကြောင်းကြားသည်။

“ကျွန်တော့် ထီလက်မှတ်က ထီပေါက်တယ်ဆိုတာ သူတို့ အတည်ပြုခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် ထရယ်မိတော့တာပဲ။ ရူးလောက်စရာကြီးပဲလို့ ကျွန်တော် တွေးခဲ့မိတယ်။”

“အဲဒီ တစ်နေ့လုံး ကျွန်တော့် မိသားစုနဲ့ ချစ်သူမိန်းကလေးတို့ရဲ့နေအိမ်တွေကို သွားလည်တယ်။ ကျွန်တော်တို့ အိမ်တွေ အားလုံးက နီးနီးနားနား ရှိကြတယ်။ အဲဒီတစ်နေ့လုံး ကျွန်တော်တို့ ထီပေါက်တဲ့အကြောင်းပဲ ပြောနေခဲ့ကြတယ်။”

“သတင်းက တောမီးလို ပျံ့သွားတယ်။ အဲဒီနေ့ ညပိုင်းမှာ အဘွားအိမ်မှာ သွားစုမိကြတယ်။ အဘိုးက ညစာကို အမဲသားကင်၊ ရှန်ပိန်တွေနဲ့ ဧည့်ခံပါတယ်။”

ထိုသို့ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်သွားသော်လည်း ကလာ့ဆန်သည် တနင်္လာနေ့မနက်တွင် အလုပ်ဆင်းခဲ့ပြီး ပိုက်သန့်ရှင်းရေးအလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့သည်။

“ထီပေါက်ပြီး နောက်တစ်ရက်မှာ ကျွန်တော်ဟာ မနက်ခင်း အေးခဲနေတဲ့ ရာသီဥတုကြားမှာ ပိတ်ဆို့နေတဲ့ ရေပိုက်တွေကို ပြင်နေခဲ့ပါတယ်။ ဒါတကယ့် လက်တွေ့ဘဝပါပဲ။ ကျွန်တော် အလုပ်လုပ်တာ ရပ်ပစ်လိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော် အရမ်းငယ်ပါသေးတယ်။”

(ကလာ့ဆန်က မန်စီးတီးအသင်း၏ တစ်ရာသီစာ လက်မှတ် ဝယ်ယူရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Anthony Devlin)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UK Man Wins Rs 80 Crore On Lottery And Goes Back To Work Clearing Drains Photo Credit- Anthony Devlin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service