ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်သည် အမေရိကန် အရှေ့မြောက်ပိုင်း Rhode Island ပြည်နယ်ရှိ စံအိမ်ကြီးကို ပြန်လည်မွမ်းမံပြင်ဆင်နေသည်။
အဆိုပါ စံအိမ်ကြီးကို ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေမည့် စံအိမ်ကြီးအဖြစ် ရည်မှန်းထားကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။
တေလာဆွစ်သည် Watch Hill အရပ်ရှိ ဒေါ်လာ ၁၇ သန်းတန် စံအိမ်ကို ပြုပြင်မွမ်းမံမှုများ အကြီးအကျယ် ပြုလုပ်လျက်ရှိရာ ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် ကုန်ကျနေပြီ ဖြစ်သည်။
(Watch Hill အရပ်ရှိ ဒေါ်လာ ၁၇ သန်းတန် စံအိမ်ကို ပြုပြင်မွမ်းမံမှုများ အကြီးအကျယ် ပြုလုပ်လျက်ရှိရာ ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် ကုန်ကျနေပြီ ဖြစ်ပြီး ချစ်သူ ထရာဗစ်နှင့် အတူနေထိုင်မည့် စံအိမ်အဖြစ် ရည်ရွယ်ထားသည်။ ဓာတ်ပုံ-Richard Beetham/ Splash News)
(ထရာဗစ် ကယ်လ်စီနှင့် အတူဖြတ်သန်းမည့် အနာဂတ်အိမ်လေးအဖြစ် ရည်ရွယ်ထားသည်။ ဓာတ်ပုံ-Getty Images)
(အသစ်ပြန်လည်တိုးချဲ့မွမ်းမံမှုအနေဖြင့် ကြီးမားကျယ်ဝန်းလှသော အိပ်ခန်းကြီးတစ်ခန်း၊ နားနေခန်း၊ အိပ်ခန်းသစ်တစ်ခန်း၊ မီးဖိုဆောင်ကို အလုံးစုံ ပြန်လည်မွမ်းမံမှုတို့ ပါဝင်သည်။ ဓာတ်ပုံ-Richard Beetham/ Splash News)
မွမ်းမံမှုတွင် စတုရန်းပေ ၁၁၀၀၀ ကျယ်ဝန်းသောစံအိမ်၌ အိပ်ဆောင်သစ်နှင့် နားနေခန်းတို့ အပါအဝင် စတုရန်းပေ ၄၀၀ တိုးချဲ့မှု ပါဝင်မည် ဖြစ်သည်။
မီးဖိုဆောင်ကိုလည်း အလုံးစုံပြန်လည်မွမ်းမံမည့်အပြင် ပင်မစံအိမ်တွင်း အိပ်ခန်းတစ်ခုလည်း ထပ်မံဖွဲ့စည်းမည် ဟု ဆိုသည်။
စီမံကိန်းအတွက် ခွင့်ပြုချက်တောင်းခံမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအကြား လျှို့ဝှက်တင်သွင်း ခဲ့သည်ဟု ဆိုသည်။
နယူးယောက်ပို့စ်သတင်းဌာနမှ ကြည့်ရှုခွင့်ရခဲ့သော မှတ်တမ်းများအရ ဆောက်လုပ်ရေး ခွင့်ပြုချက်ကို ဇန်နဝါရီလ ၁၃ ရက်တွင် ရရှိခဲ့သည်ဟု ဆိုသည်။
သို့သော် စစ်ဆေးရေးအရာရှိ၏ ခွင့်ပြုချက်မရမီ လုပ်ငန်းအကောင်အထည်ဖော်မှုများ မပြုလုပ်ရန် အသိပေး ထားသည်။
(Rhode Island , Westerly မြို့ရှိ နေအိမ်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံ။ ဓာတ်ပုံ-Taylor Swift/ Instagram)
(Rhode Island ရှိအိမ်တွင် တေလာဆွစ်နှင့် သူငယ်ချင်းများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံဟောင်း။ ဓာတ်ပုံ-Gigihadid/Instagram)
“ဒီအိမ်က သူ့ရဲ့ အဓိက အခြေချရာအိမ် ဖြစ်လာပါလိမ့်မယ်။ သူနဲ့ ကယ်လ်စီတို့ တစ်နေ့မှာ မိသားစုတစ်ခု ထူထောင်သွားမှာပါ”ဟု အတွင်းလူတစ်ဦးက နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။
(Rhode Island ရှိအိမ်တွင် တေလာဆွစ်နှင့် သူငယ်ချင်းများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံဟောင်း။ ဓာတ်ပုံ-taylorswift/Instagram)
(နေအိမ်မွမ်းမံဆောက်လုပ်ခွင့် ပါမစ်။ ဓာတ်ပုံ-Town of Westerly/ MEGA)
တေလာဆွစ်သည် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါ စံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အသက် ၂၃ နှစ်သာရှိသေးပြီး နေအိမ်ဝယ်ယူရာတွင် ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်း ပေးခဲ့ရသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Taylor Swift is renovating her Rhode Island mansion to become her main family home with Travis Kelce: source
Photo Credit- Town of Westerly/ MEGA, Gigihadid/Instagram, Taylor Swift/ Instagram, Getty Images, Richard Beetham/ Splash News