ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate က အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate က အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
14 May 2019 11:49 am တွင် တင်ခဲ့သည်
536 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate သည် စင်္ကာပူအခြေစိုက် အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။

GLP က တရုတ်နှင့် ဂျပန်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်း ဖြစ်၏။

GLP သည် အာရှတိုက်တွင် အကြီးမားဆုံး ဂိုဒေါင်လုပ်ငန်းလုပ်ကိုင်လည်ပတ်သည့် ကုမ္ပဏီဖြစ်ပြီး တရုတ်ပြည်တွင်လည်း အကြီးမားဆုံး ဂိုဒေါင်လည်ပတ်သည့် ကုမ္ပဏီ ဖြစ်သည်။

Allianz Real Estate သည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးနေသည့်စီးပွားရေးနယ်များတွင် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနယ်များ၌ ရင်းနှီးမြှုပ်နှံရန် လှုပ်ရှားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

GLP တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အာရှ-ပစိဖိတ်ဒေသကြီး၏ အိမ်ခြံမြေနယ်တွင် ခြေချနိုင်မှု တိုးချဲ့နိုင်ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

GLP သည် တရုတ်ပြည်တစ်ဝန်းနှင့် ဂျပန်တွင် တိုကျို၊ အိုဆာကာတို့တွင် အကောင်အထည်ဖော်မည့် အကြီးစား ခေတ်မီထောက်ပို့ အဆောက်အအုံများ ဆောက်လုပ်သွားရန် စီစဉ်နေသည်။ “ကျွန်တော်တို့ဟာ အာရှ-ပစိဖိတ်ဒေသကြီးရဲ့ ရေရှည်အခြေခံ အုတ်မြစ်တွေအပေါ် ယုံကြည်မှုရှိပါတယ်။

ထောက်ပို့ကဏ္ဍဟာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်” ဟု Allianz Real Estate ၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရူရှက်ဘ် ဒီဆိုင်းက ပြောကြားသည်။

၂၀၁၈ နှစ်ကုန်တွင် Allianz Real Estate သည် ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံမှု ယူရို ၆၃ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၁ ဘီလီယံ) ရှိပြီး အာရှ-ပစိဖိတ်ဒေသကြီးတွင် ယူရို ၃ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) ဖိုးရှိကာ ကမ္ဘာတစ်ဝန်း ထောက်ပို့ကဏ္ဍတွင် ယူရို ၅ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

Allianz Real Estate သည် သြစတေးလျ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့တွင် ထောက်ပို့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ယခင်ကတည်းကပင် ပြုလုပ်ထားခဲ့ပြီးလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service