ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ် Mukesh Ambani (မူကက်ရှ်အမ်ဘာနီ) သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့်အကြီးဆုံးအရုပ်ဆိုင်လုပ်ငန်းဖြစ်သည့် Hamleys ကို ပိုင်ရှင်တရုတ်များထံမှ အမေရိကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အမ်ဘာနီ၏ အိန္ဒိယနံပါတ်၁ကုမ္ပဏီဖြစ်သော Reliance Industries လီမိတက်က ၎င်းသည် သက်တမ်း ၂၅၉ နှစ်ရှိပြီဖြစ်သော Hamleys ကို ဟောင်ကောင်တွင် စာရင်းဝင်ထားသော တရုတ်ဖက်ရှင်လုပ်ငန်း C.Banner International Holdings ထံမှ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း မေ ၉ တွင် ထုတ်ပြန်ခဲ့သည်။
ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ရှိမည်ဟု Forbes မဂ္ဂဇင်း၏ တွက်ချက်ခံထားရသော အမ်ဘာနီသည် ကနဦးတွင် ရေနံချက်လုပ်ခြင်းနှင့် ရေနံဓာတုလုပ်ငန်းတို့ဖြင့် စတင်ကြီးပွားလာခဲ့ခြင်းဖြစ်သော်လည်း သူ၏ Reliance အင်ပါယာခေါ် Reliance စီးပွားရေးအဖွဲ့အစည်းကလည်း ထိုစဉ်ကတည်းက တယ်လီကွန်းလုပ်ငန်းမှသည် ကေဘယ်ကွန်ရက်များနှင့် နည်းပညာကုမ္ပဏီများအထိ တိုးချဲ့လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း
Burberry၊ Canali၊ Paul Smith၊ Armani၊ Just Cavalli နှင့် Jimmy Choo တို့ကဲ့သို့သောလက်လီလုပ်ငန်းများစွာကိုလည်း ဝယ်ယူလာခဲ့ကာ လက်လီလုပ်ငန်းပိုင်ဆိုင်မှုကို ချဲ့ထွင်လာခဲ့သည်။
အမ်ဘာနီက သူသည် သူ့အင်ပါယာ၏ ၎င်းစားသုံးသူလုပ်ငန်းကဏ္ဍက အင်ပါယာတစ်ခုလုံး၏ ဝင်ငွေသို့ ၂၀၂၈ ခုနှစ်မတိုင်မီ စွမ်းအင်လုပ်ငန်းကဲ့သို့ပင် ဝင်ငွေများစွာဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားပေသည်။
သူက လက်ရှိတွင် အိန္ဒိယလက်လီဈေးကွက်အတွင်း Amazon နှင့် Walmart တို့ထက် သာလွန်နိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ ယခုကဲ့သို့ Hamleys အား ဝယ်ယူမှုက ထို့အတွက် အားဖြည့်ကူညီရာရောက်မည်ဖြစ်သည်။
Hamleys သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းက နိုင်ငံတကာတွင် ဆိုင်ခွဲများတိုးချဲ့ထားခဲ့သည်။
Reliance က အိန္ဒိယ၌ မြို့ပေါင်း ၂၉ မြို့တွင် ဆိုင်ပေါင်း ၈၈ ဆိုင်သာ ရှိသော်လည်း ယခုအခါ Hamleys ကြောင့် အမ်ဘာနီတွင် စုစုပေါင်း နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ၁၆၇ ဆိုင် ရှိလာပြီဖြစ်သည်။
ပေါင် ၆၈ သန်း (အမေရိကန်ဒေါ်လာ ၈၈ သန်း) ဈေးနှုန်းသည် မှ ယခင်ပိုင်ရှင် France's Groupe Ludendo ထံမှ ၂၀၁၅ ခုနှစ်တွင် C Banner ပေးဝယ်ခဲ့ရသည့် ပမာဏ၏ ထက်ဝက်နီးပါးသာဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)