အဆိုတော်တေလာဆွစ်က ကျွမ်းကျင်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူလား?

အဆိုတော်တေလာဆွစ်က ကျွမ်းကျင်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူလား? - Property News in Myanmar from iMyanmarHouse.com
14 May 2019 10:13 am တွင် တင်ခဲ့သည်
1318 ကြိမ် ကြည့်ရှု့ပြီး

နယူးယောက်လူနေအိမ်ခြံမြေကို ကြိုက်နှစ်သက်ကြတဲ့ ထင်ရှားကျော်ကြားလူသိများသူတွေအထဲ ပေါ့ပ်နဲ့ကန်းထရီးအမျိုးအစားတွေသီဆိုတဲ့ အမေရိကန်အဆိုတော်တေလာဆွစ်ကလည်း တစ်ဦးအပါအဝင်ပါပဲ။ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း သူမဟာ နယူးယောက်စီးတီးမြို့ကြီးရဲ့ စီရင်စုငါးခုအနက် နာမည်ကျော်စီရင်စုဖြစ်တဲ့ မန်ဟက်တန်ရှိ အိမ်ခြံမြေများစွာမှာ ဒေါ်လာ ၄၇ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ ၁၅၅ ဖရန်ကလင်လမ်းမှာ သူမဟာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၁၉ ဒသမ ၉၅ သန်းပေးပြီး penthouse (အထပ်မြင့်အဆောက်အအုံ၏ အပေါ်ဆုံးထပ်အခန်း) ကို ဝယ်ယူခဲ့ပြီး မကြာသေးမီကပဲ ဒေါ်လာ ၉ ဒသမ ၇၅ သန်းတန် တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် အနီးအပါးက townhouse (အိမ်တန်းလျားရှိ အိမ်) တစ်ခုကိုလည်း ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁၈ သန်းနဲ့ ဝယ်ခဲ့ပါသေးတယ်။ အဲ့ဒီအိမ်တွေအားလုံးဟာ မန်ဟက်တန်အောက်ပိုင်းရပ်ကွက်တစ်ခုဖြစ်တဲ့ Tribeca မှာ ရှိကြတာဖြစ်ပါတယ်။

တေလာဆွစ်က မှန်ကန်တဲ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့လား?

ဆွစ်ဟာ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ပါရမီအလွန်ထူးပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း Tribeca ရပ်ကွက်ဟာ မန်ဟက်တန်ရဲ့ နှစ်လိုဖွယ်အကောင်းဆုံးရပ်ကွက်တစ်ခုဖြစ်လာပါတယ်။ Tribeca ဟာ လူချမ်းသာများစွာကို သူ့ဆီဆွဲဆောင်ပြီး နယူးယောက်စီးတီးမှာ တစ်နှစ်တာအိမ်ထောင်စုပျမ်းမျှဝင်ငွေ ဒေါ်လာ ၈၇၉,၀၀၀ ရှိတဲ့ အချမ်းသာဆုံးရပ်ကွက်ဖြစ်လာပါတယ်။

အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းတစ်ခန်းကို ပျမ်းမျှ ဒေါ်လာ ၃ သန်းနီးပါး (အမေရိကန်နိုင်ငံရဲ့ပျမ်းမျှအိမ်ဈေး ၁၀ ဆ) ရှိတဲ့ အဲ့ဒီရပ်ကွက်က အိမ်ဈေးတွေဟာ ဈေးကြီးတယ်ထင်ရပေမဲ့လည်း ထပ်တက်ဦးမယ့်အလားအလာရှိတာမို့ ဆွစ်ဟာ သူရဲ့ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်အစွန်းကောင်းကောင်းပြန်ရနိုင်ပါတယ်။

နယူးယောက်စီးတီးမြို့ရဲ့ဗဟိုချက်ဖြစ်တဲ့ Tribeca မှာ အိမ်ဈေးတွေဆက်လက်မြင့်တက်ပြီး စီမံကိန်းသစ်တွေကိုလည်း ဆက်လက်မြင်တွေ့ရဦးမှာပါ။ တေလာဟာ အရမ်းကိုလိမ္မာပါးနပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

တစ်ခါတည်းအများကြီးရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ ငါးနှစ်ကျော်ကြာအတွင်း တစ်နှစ်ကို ၁၀ သန်းနှုန်းနဲ့ ရင်းနှီးမြှုပ်နှံထားတာမို့ ပိုလို့တောင် ချီးကျူးစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ မန်ဟက်တန်အိမ်ခြံမြေဟာ အမာဆုံးအိမ်ခြံမြေအမျိုးအစားတစ်ခုဖြစ်လာမယ်ဆိုတာကို သူမ,သိနေလို့ဖြစ်နိုင်ပါတယ်။

မန်ဟက်တန်အိမ်ခြံမြေဟာ နယူးယောက်စီးတီးရဲ့အခြားအပိုင်းတွေနဲ့ယှဉ်ရင် ဈေးကြီးလေ့ရှိပြီး အမေရိကန်နိုင်ငံရဲ့ ကျန်ဒေသတွေနဲ့ယှဉ်ရင်တော့ သေချာပေါက်ကို အမြဲတစေ ဈေးပိုကြီးပါတယ်။ ဒီလိုအရပ်မှာမှ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားတဲ့ တေလာဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အာရုံခံစားတတ်၊ အမြင်ရှိတဲ့သူလို့ မလွဲမသေပြောရမှာပါ။

တေလာဆွစ်နဲ့ပတ်သက်လို့ သင့်အနေနဲ့ ပြောစရာအများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်အမြင်မှာတော့ သူမဟာ အပါးနပ်ဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအနုပညာရှင်တစ်ဦးပဲဖြစ်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service