စမတ်ကတ်ရှိသည့် ကျူးကျော်နေထိုင်သူများကိုသာ နိုင်ငံတော်က အငှားအိမ်ရာလုပ်ဆောင်ပေးမည်ဟုဆို

စမတ်ကတ်ရှိသည့် ကျူးကျော်နေထိုင်သူများကိုသာ နိုင်ငံတော်က အငှားအိမ်ရာလုပ်ဆောင်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 May 2019 10:03 am တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ တွင် ကျူးကျော်နေထိုင်သူများ များပြားလာသော်လည်း နိုင်ငံတော်က ကျူးကျော်စမတ်ကတ်ထုတ်ပေးထားသည့်သူများကိုသာ အငှား အိမ်ရာ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက မေ ၇ ရက်က ပြောဆိုခဲ့သည်။

"ကျူးစာရင်းကောက်တာ အစက ၄၀ဝ ကျော်ပဲရှိတယ်။ စမတ်ကတ်ထုတ်ပေးရင်းနဲ့ ၇၀ဝ၊ ၈၀ဝ အထိ ဖြစ်လာတယ်။ အဲဒီလောက်အထိ ထုတ်ပေးခဲ့တယ်။ ဒါပေမဲ့နောက်တိုးကျူးတွေကတော့ ပိုများလာတာကိုတွေ့ရတယ်။ ဒါကြောင့် အားလုံးကို တရားဝင်ပြောပြီးသားပါ။ စမတ်ကတ်ရှိတဲ့ ကျူးတွေကိုပဲ နိုင်ငံတော်က အငှားအိမ်ရာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်" ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ကျင်းပသည့် ရွှေလင်ဗန်းစက်မှုဇုန်သီးသန့် မီးသတ်ဖွဲ့၏ စွမ်းစွမ်းတမံလုပ်ငန်းဆောင်ရွက် မှုနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောဆိုသည်။

နှစ်ဆကျော်ရှိနေ

လှိုင်သာယာမြို့နယ် အတွင်း ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခဲ့မှုတွင် ခန့်မှန်းသည်ထက် ဦးရေနှစ်ဆကျော်ရှိနေကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်မြေသာယာ၊ ညောင်ရွာ၊ ရေအုတ်ကန်နှင့် ရွှေလင်ဗန်းနေရာတို့တွင် ဧပြီ ၂၅ ရက်ကစပြီး မေ ၁၁ ရက်အထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ဖွဲ့ဖြင့်စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

" အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀ဝ၀ ကျော်ရှိတယ်။ မြေပြင်မှာကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့စာရင်းထက် နှစ်ဆလောက်များနေတယ်။ ၅၀ဝဝဝ ကျော်လောက်ရှိနေတယ်လို့ ခန့်မှန်းရတယ် " ဟု ကျူးကျော်စာရင်းကောက်ယူရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင်တရားမဝင်နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စု၊ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

စီမံချက်ပါမြို့နယ်များ

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူမှုလုပ်ငန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကစတင်ခဲ့ရာ စီမံချက်တွင်ပါဝင်သည့်မြို့နယ်များမှာ အရှေ့ပိုင်းခရိုင်တွင် ဒဂုံဆိပ်ကမ်းသာကေတဒဂုံမြောက်ပိုင်းဒဂုံအရှေ့ပိုင်း နှင့် မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် အလုံ နှင့် မရမ်းကုန်းမြို့နယ်၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်းနှင့် ဒလ၊ မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာ တို့ဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service