လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြအတည်ပြုချက်ယူ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ

လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြအတည်ပြုချက်ယူ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ - Property News in Myanmar from iMyanmarHouse.com
9 May 2019 12:45 pm တွင် တင်ခဲ့သည်
5390 ကြိမ် ကြည့်ရှု့ပြီး

စက်မှုဇုန် မြေကွက်များကို ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြ၍ အတည်ပြုချက်ယူကာ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် မေ ၃ ရက်က ထုတ်ပြန်ခဲ့သည့် စက်မှုဇုန် ဥပဒေကြမ်းတွင် အခန်းပေါင်း ၂၀ နှင့် ပုဒ်မ ပေါင်း ၈၀ ပါဝင်သည်။

လက်ရှိ ရေးဆွဲထုတ်ပြန်ထားသည့် ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းမည့်အပြင် နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းမည့် ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းမည်ဖြစ်၍ ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီသည် စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ တည်ဆဲဥပဒေအရ အရေးယူခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။

စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၃၇ တွင် ဖော်ပြထားသည့် ပုဒ်မ ၃၇ ပုဒ်မခွဲ (ခ) အရ စက်မှုဇုန်အတွင်း မြေကွက်များကို လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြ၍ အတည်ပြုချက် ရယူရန်နှင့် ထိုသို့တင်ပြထားသော စီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက ဒေသဆိုင်ရာ ကော်မတီက သတ်မှတ်သော မြေ၏ကာလတန်ဖိုးကို ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးမှုခံရမည့်အပြင် အဆိုပါ အချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၆၇ အရ ငွေဒဏ်ကျပ်သိန်း ၂၀ ကျခံရမည့်အပြင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် စက်မှုဇုန်ဥပဒေကြမ်းပုဒ်မ ၅၉ တွင် မည်သူမျှ စက်မှုဇုန်အတွင်း ကျုးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေထိုင်ခြင်း မပြုရန် တားမြစ်ထားပြီး အဆိုပါအချက် ဖောက်ဖျက်သည်ကို ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် စက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်းများကို စနစ်တကျမရှိသော နည်းလမ်းဖြင့် စွန့်ပစ်ခြင်း၊ ရေဆိုးမြောင်းများကို ကျူးကျော်ပိတ်ဆို့ခြင်း၊ ကုန်ကြမ်းနှင့် လောင်စာများကို စနစ်တကျမရှိသော နည်းလမ်းဖြင့် ထားသိုခြင်း၊ အများပိုင် လမ်းမများပေါ်သို့ ကျူးကျော်ခြင်း၊ စီမံခန့်ခွဲရေး ကော်မတီမှ သတ်မှတ်သည့် ရန်ပုံငွေထည့်ဝင်ရန် ပျက်ကွက်ခြင်း၊ မိမိပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ စက်မှုဇုန် နယ်နိမိတ်အတွင်း လုပ်ကိုင်ခွင့်ရ ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် ပုဒ်မ ၆၀၊ ၆၁ နှင့် ၆၄ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ပုဒ်မ ၆၉ အရ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ၁၀ သိန်း အထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ပြင် ပုဒ်မ ၆၂ တွင် မည်သည့် ရင်းနှီးမြှုပ်နှံသူမျှ ဇုန်အလိုက် သတ်မှတ်ထားသော ခွင့်ပြုလုပ်ငန်းများမှအပ အခြားစက်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန်နှင့် ပုဒ်မ ၆၃ တွင် မည်သည့်ရင်းနှီးမြှုပ်နှံသူမျှ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စုပေါင်းစနစ်ဖြင့် သန့်စင်စွန့်ပစ်ခြင်း မရှိသော စက်မှုဇုန်များ၌ မိမိအစီအစဉ်ဖြင့် သန့်စင်စွန့်ပစ်ရန် ပျက်ကွက်မှု မရှိစေရန် ပြဋ္ဌာန်းထားပြီး အဆိုပါ တားမြစ်ချက်များ ဖောက်ဖျက်သည်ဟု ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ပုဒ်မ ၇၀ အရ ငွေဒဏ်ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် ခြောက်လထက် မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service