ဘဏ်တိုးနှုန်း နည်းပါးခြင်းနှင့် စီးပွားရေးပြန်လည်ဦးမော့လာခြင်းတို့ကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ဥရောပကို အာရုံစိုက် လျက်ရှိ

ဘဏ်တိုးနှုန်း နည်းပါးခြင်းနှင့် စီးပွားရေးပြန်လည်ဦးမော့လာခြင်းတို့ကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ဥရောပကို အာရုံစိုက် လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 May 2019 11:44 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့ အပါအဝင် အာရှတစ်ဝန်းမှ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့သည် ဥရောပတိုက်တွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုအာရုံစိုက်လာလျက်ရှိကြောင်း သုတေသီတို့က ပြောကြားသည်ဟု ဟောင်ကောင် အခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဥရောပတွင် ဘဏ်တိုးနှုန်း နိမ့်ပါးခြင်းနှင့် စီးပွားရေး ပြန်လည်ဦးမော့မှုများ ဆက်လက်ဖြစ်ပေါ်နေမှုများကြောင့် ရင်းနှီးမြှုပ်နှံသူတို့ အာရုံ စိုက်လာကြခြင်းလည်း ဖြစ်သည်။

အဆိုပါ အခြေအနေသည် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာ အဖြစ်အပျက်နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။

ဗြိတိန် အိမ်ခြံမြေဈေးကွက်သည် မကြာသေးမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ရရှိခဲ့သည်ဟု ဆိုသည်။

“ရင်းနှီးမြှုပ်နှံသူတွေဟာ ဥရောပဈေးကွက်တွေက ကောင်းမွန်တဲ့အခြေအနေတွေအပေါ် အာရုံစိုက်နေကြပါတယ်။ ဥရောပ ဗဟိုဘဏ် ဟာ အတိုးနှုန်းကို အလွန်နည်းပါးစွာ ထားရှိတာကြောင့် အကြွေးစရိတ်က သိပ်ကိုနည်းပါးပါတယ်”ဟု Knight Frank မှ ကမ္ဘာလုံးဆိုင်ရာ သုတေသနအကြီးအကဲ လီယမ် ဘိုင်လေက ပြောကြားသည်။

ဖရန့်ဖတ်အခြေစိုက် ဥရောပဗဟိုဘဏ် (ECB) သည် အတိုးနှုန်းများကို ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိရာ marginal lending rate - ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ main refinancing rate ၀ ရာခိုင်နှုန်း ဖြစ်သည်။

“ဥရောပဈေးကွက်တွေဟာ ဘဏ္ဍာရေးအကျပ်ဆိုက်ပြီးရင် ပြန်လည်ကုစားနိုင်ဖို့ တော်တော်အချိန်ယူရပါတယ်။ ဒီလိုအချိန်၊ ဒီလိုနေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အခွင့်အလမ်းကို ရင်းနှီးမြှုပ်နှံမယ့်သူတွေက သိကြပါတယ်”ဟု လီယမ် ဘိုင်လေက ပြောကြားသည်။

ပဲရစ်၊ ဘာလင်၊ လစ္စဘွန်းနှင့် မက်ဒရစ်ကဲ့သို့ မြို့ကြီးများမှာ အလားအလာကောင်းနေသည်ဟု Knight Frank က သုံးသပ်ကြောင်းလည်း ဘိုင်လေက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေဥပဒေအကျိုးဆောင်အဖွဲ့ Linklaters ၏ အကြီးအကဲ ဇေဗီးယား ဟန့်တာက ပြောကြားရာတွင် အာရှ ရင်းနှီးမြှုပ်နှံသူတို့သည် ဗဟိုဥရောပနှင့် အခြားသမားရိုးကျမဟုတ်သော ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း တရုတ်၊ ဟောင်ကောင်နှင့် အခြား အာရှနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ဥရောပတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၄၅ ဘီလီယံဖိုးအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ်က ပမာဏဖြစ်သော ကန်ဒေါ်လာ ၇ ဒသမ ၅၅ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၃ ဆနီးပါး မြင့်တက်လာခဲ့ကြောင်း Real Capital Analytics ၏ အချက်အလက်များတွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် အာရှမှ ရင်းနှီးမြှုပ်နှံမှုများမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံသို့ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်မူ ၆၆ ရာခိုင်နှုန်း များပြားနေဆဲဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလအတွင်း အာရှရင်းနှီးမြှုပ်နှံသူများသည် ဥရောပအိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၉၂၅ ဒသမ ၂၇ သန်းဖိုး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service