ကက်ဆက်တိပ်ခွေဘုရင်ကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ဟောင်ကောင်ဘီလျံနာကြီး ဒေးဗစ်ချန်း ပင်ချီက နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင်

ကက်ဆက်တိပ်ခွေဘုရင်ကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ဟောင်ကောင်ဘီလျံနာကြီး ဒေးဗစ်ချန်း ပင်ချီက နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 May 2019 11:36 am တွင် တင်ခဲ့သည်
1246 ကြိမ် ကြည့်ရှု့ပြီး

ကက်ဆက်တိပ်ခွေနှင့် စီဒီလုပ်ငန်းရှင် သူဌေးကြီး ဒေးဗစ်ချန်း ပင်ချီသည် ဟောင်ကောင်ရှိ နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး ၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင်လာကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခု တွင် ဖော်ပြသည်။

ဒေးဗစ်ချန်းသည် ACME Group ၏ ဥက္ကဌဖြစ်ပြီး ဟောင်ကောင်ရှိ အလွန်ချမ်းသာကြွယ်ဝသော ရင်းနှီးမြှုပ်နှံသူ ၁၀ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်သည်။

ဒေးဗစ်ချန်းသည် The Center မိုးမျှော်တိုက်ကြီးကို ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဒေးဗစ်ချန်းက အဆိုပါမိုးမျှော်တိုက်ကြီးမှ ရုံးခန်းအချို့ကို ၎င်းရင်းနှီးမြှုပ်နှံထားရသည့် တန်ဖိုးငွေထက် ၄၇ ရာခိုင်နှုန်းကျော် အထိ ဈေးတင်ကာ ရောင်းချရန် စီစဉ်လာသည်။

ရောင်းချမည့်အခန်းမှာ ၁၂ ခန်းရှိပြီး ၃၉ ထပ်မြောက်တွင် တည်ရှိသည်။

အကယ်၍ အခန်းအားလုံး ရောင်းထွက်မည်ဆိုပါက ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၇၀ ) ခန့် ရရှိဖွယ်ရာ ရှိသည်။

စုစုပေါင်းအထပ်ရေ ၇၃ ထပ်ရှိသော The Center မိုးမျှော်တိုက်ကြီး၏ အထပ်တိုင်းသည် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂၆၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

“၅ ခန်းကတော့ ကမ်းလှမ်းချက် ရပြီးပါပြီ။ အသေးစိတ်အချက်တွေကို အလားအလာရှိတဲ့ ဝယ်လက်တွေနဲ့ ဆွေးနွေးထားပါတယ်”ဟု ဒေးဗစ်ချန်းကိုယ်စား ဆောင်ရွက်ပေးနေသူ ACME Group မှ လမ်ချီဖန်းက ပြောကြားသည်။

ရောင်းချမည့် ရုံးခန်း ၁၂ ခန်းသည် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၈၄၁ မှ ၃၁၄၀ ကြားရှိပြီး တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၇၆ ဒသမ ၆၃ သန်းမှ ၁၅၀ ဒသမ ၅ သန်းအကြား ကျသင့်မည်သည်။

အဆိုပါ ဈေးနှုန်းအရ စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၄၀၈၈၂ မှ ၄၈၄၃၅ အကြား ကျသင့်မည်ဖြစ်သည်။

ဒေးဗစ်ချန်းနှင့် အခြားရင်းနှီးမြှုပ်နှံသူတို့သည် The Center မိုးမျှော်တိုက်ကြီး၏ အထပ်ပေါင်း ၄၈ ထပ်ကို စံချိန်တင်ဈေးနှုန်း ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၃၀၀၀ ကျသင့်ခဲ့သည်။

ပြီးခဲ့သောလအတွင်း အခြားပိုင်ရှင်တစ်ဦးဖြစ်သော ရေမွန် ဆိုင်ချီချုန်းကလည်း ၂၂ ထပ်မြောက်ရှိ အခန်းများကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၅၀၀၀ ဖြင့် ပြန်လည်ဈေးကွက်တင်ခဲ့သည်။

ဆိုင်ချီချုန်းသည် ၂၂ ထပ်ကို အခန်းပေါင်း ၁၂ ခန်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဝယ်လက်တစ်ဦးစီထံ ပြန်လည်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ရရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service