ရန်ကုန်မြို့ MRT အပိုင်း(၁) အကျုံးဝင် မြေဧရိယာ ထုတ်ပြန်

ရန်ကုန်မြို့ MRT အပိုင်း(၁) အကျုံးဝင် မြေဧရိယာ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
8 May 2019 11:14 am တွင် တင်ခဲ့သည်
7930 ကြိမ် ကြည့်ရှု့ပြီး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (MOTC) ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ (YRG) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urbam Mass Rapid Transit) (YUMRT) ၏ စီမံကိန်းလုပ်ငန်း အပိုင်း (၁)အား စတင်အကောင်အထည်ဖော်နိုင်ရန် အကျုံးဝင်သည့် နောက်ဆုံးနေ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြေငြာချက် အမှတ် (၃၂/၂၀၁၉) ဖြင့် မေလ (၃) ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်းလုပ်ငန်းစဉ် အပိုင်း (၁) ဖြစ်သည့် (လှိုင်သာယာ-ပါရမီ)လမ်းပိုင်း၊ အရှည် (၁၈)ကီလိုမီတာကို ကနဦးတည်ဆောက်မည်ဖြစ်သည်။

ထိုအပိုင်း စတင်အကောင်အထည် ဖော်ရာတွင်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက် (၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း (၃)ရက်) အားအကျုံးဝင်သည့် နောက်ဆုံးရက် Cut-off Date (COD) အဖြစ် တရားဝင်ထုတ်ပြန်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ စီမံကိန်းလုပ်ငန်းအပိုင်း (၁) သည်

လှိုင်သာယာဘူတာမှစတင်ပြီး ရန်ကုန်-ပုသိမ်လမ်း အတိုင်းလှိုင်မြစ်ကိုဖြတ်ကျော်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိပါဝင်ကြောင်း၊လိုအပ် သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် (၂၉) မီတာ၊ ပါရမီလမ်း တစ်လျှောက်တွင် (၂၂) မီတာဖြစ်သည်။YUMRT ဆောင်ရွက်ရာတွင် ရထားလမ်း တစ် လျှောက် အကျိုးသက်ရောက်မည့်နေရာများမှာ -

လှိုင်သာယာဘူတာပရ၀ဏ်အတွင်း YUMRT ယဒ်ဝင်းတည်ဆောက်ရန် (၅၄၁ ဒသမ ၃၆) ဧက (၂၂ ဟက်တာ) ၊ရန်ကုန်-ပုသိမ် လမ်းတစ် လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ (၁၄ ဒသမ ၅) မီတာ အကျယ်၊ပါရမီလမ်းတစ်လျှောက်တွင် အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ (၁၁) မီတာ အကျယ်ဖြစ် ကြောင်း သိရသည်။

JICA ၏ သဘာဝပတ်ဝန်းကျင်နှင့် ဘူတာပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းမူဝါဒနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ ချမှတ်ထားသောစံနှုန်းများနှင့် အညီ ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်မှ ဇွန်လ (၃၀)ရက်အထိ ကာလအား စီမံကိန်းတစ်ခုလုံးကို စစ်တမ်းကောက်ယူမည့် ကာလဖြစ်ပြီး စစ်တမ်းကောက်ယူမည့် ပထမဆုံးရက်ဖြစ်သည့် ဇွန်လ (၆) ရက်အား အကျုံးဝင် သည့် နောက်ဆုံးနေ့ COD (Cut-off Date) အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာခြင်းခဲ့ဖြစ်သည်။

အဆိုပါ စစ်တမ်းကောက်ယူမည့် မေလ (၆) ရက်မှ ဇွန်လ (၃၀) ရက်ကာလတွင် စီမံကိန်းဧရိယာအတွင်း မြေသိမ်းဆည်းရေးနှင့် ပြန်လည်နေရာချထားရေး ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ COD ကာလနောက်ပိုင်း စီမံကိန်းအပိုင်း (၁) နယ်မြေအတွင်း တည်ရှိနေသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အအုံ သစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချခြင်းများအတွက် မြေယာလျော်ကြေး နှင့် ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေးပံ့ပိုးမည့်အစီအစဉ်များ ရရှိခံစားနိုင်မည်မဟုတ် ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Credit: Transcom News Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service