ဘီလျံနာသူဌေးကြီး မာ့ခ် ဘီနီယော့ဖ်က ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်း

ဘီလျံနာသူဌေးကြီး မာ့ခ် ဘီနီယော့ဖ်က ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
7 May 2019 12:12 pm တွင် တင်ခဲ့သည်
772 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဆော့ဖ်ဝဲဝန်ဆောင်မှု ကုမ္ပဏီကြီး Salesforce (CRM) ၏ အမှုဆောင်အရာရှိချုပ် ဘီလျံနာကြီး မာ့ခ် ဘီနီယော့ဖ်နှင့် ဇနီး လင်းန်တို့သည် ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းလိုက်ကြသည်။

အဆိုပါရန်ပုံငွေကို အခြေပြုကာ UC ဆန်ဖရန်စစ္စကို တက္ကသိုလ် (UCSF) က အိမ်ရာမဲ့ဖြစ်ကြရခြင်း၏ အခြေခံအကြောင်းရင်းများကို ဖော်ထုတ်အဖြေရှာမည့် သုတေသနခြေလှမ်းသစ်တစ်ခု စတင်လိုက်ပြီ ဖြစ်သည်။

UCSF ဘီနီယော့ဖ် အိမ်ရာမဲ့ဖြစ်မှုနှင့် အိုးအိမ် ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်ကြောင်း အဆိုပါတက္ကသိုလ်က ကြေညာခဲ့သည်။

“ကမ္ဘာကြီးဟာ အိမ်ရာမဲ့ဖြစ်မှုနဲ့ ပတ်သက်တဲ့ အမှန်တရားအတွက် လမ်းပြကြယ်တစ်ခု လိုအပ်ပါတယ်။ UCSF ဘီနီယော့ဖ် အိမ်ရာမဲ့ဖြစ်မှုနှင့် အိုးအိမ် ပဏာမခြေလှမ်း အစီအစဉ်ဟာ လမ်းပြကြယ်ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဘီနီယော့ဖ်က ပြောကြားသည်။

ဘီနီယော့ဖ်သည် ဆန်ဖရန်စစ္စကိုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ယခုအခါ အဆိုပါမြို့ ကြီး၏ အကြီးမားဆုံးအလုပ်ရှင်ဖြစ်နေပြီ ဖြစ်သည်။

ဘီနီယော့ဖ်သည် အိမ်ရာမဲ့ပြဿနာများကို ယခင်ကတည်းပင် အစဉ်တစိုက် အလေးထားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

“အိမ်ရာမဲ့အရေးဟာ Bay Area တစ်ခုတည်းရဲ့  ပြဿနာမဟုတ်ပါဘူး။

ကယ်လီဖိုးနီးယားမှာ ဒါကို နေရာတိုင်း ရင်ဆိုင်နေကြရတယ်။

ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးအပြင် ကျွန်တော်တို့တိုင်းပြည်ဟာ အခုခြေလှမ်းကနေ အကျိုးအမြတ် အများကြီးရဖို့ရှိပါတယ်”ဟု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က ပြောကြားသည်။

“မာ့ခ်နဲ့ လင်းန်ဟာ ဒီနယ်ပယ်မှာ ခေါင်းဆောင်တွေပါပဲ။ သူတို့ရဲ့  ရက်ရောတဲ့ အလှူငွေဟာ အိမ်ရာမဲ့အရေးအဖြေရှာရေး သုတေသနလုပ်ဖို့၊ အိမ်ရာမဲ့တွေရဲ့  ဘဝတွေမြင့်မားလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေ ဆက်လက်ဖော်ဆောင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်”

အိမ်ရာမဲ့ကင်းစင်ရေး အမျိုးသားမဟာမိတ်အဖွဲ့၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အိမ်ရာမဲ့ဘဝကို ရင်ဆိုင်ရသူ စုစုပေါင်း ၅၅၂၈၃၀ ဦးရှိခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service