မန္တလေးမြို့ရဲ့ အလွန်အသုံးဝင်မယ့် လမ်းဖြစ်လာမယ့် (၅၈)လမ်းကို (၂၀၁၉) အပြီးဆောက်လုပ်သွားမည်

မန္တလေးမြို့ရဲ့ အလွန်အသုံးဝင်မယ့် လမ်းဖြစ်လာမယ့် (၅၈)လမ်းကို (၂၀၁၉) အပြီးဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
7 May 2019 12:10 pm တွင် တင်ခဲ့သည်
3286 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်မြို့သစ်အကြားဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာ မြောက်လမ်းဖြစ်တဲ့ (၅၈)လမ်းကို သည်နှစ်ဘတ်ဂျက်နှစ်အတွင်း အပြီးဆောက်ရွက်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါသည်။

မန္တလေးမြို့ရဲ့ အဓိကလမ်းတွေထဲမှာ တစ်ခုဖြစ်လာမယ်၊ အရင်တုန်းကဆိုရင် အဲဒီလမ်းမပေါ်မှာ မြို့သစ်နေရာချထားခဲ့တုန်းက သိပ်မစဉ်းစားခဲ့မိတော့ အိမ်တွေ ပိတ်နေတာတွေရှိတယ်၊ ဘုန်းကြီးကျောင်းတွေပိတ်နေတာတွေရှိတယ် ‘ လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

မန္တလေးမြို့ရဲ့ တချို့လမ်းပိုင်းတွေမှာ ထုတ်ချင်းပေါက်လမ်းတွေမဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲတွေရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းအောင် လမ်းဖောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သည်လို လမ်းဖောက်လုပ်ရာမှာ ဘုန်းကြီးကျောင်းမြေတွေ ပါဝင်နေတဲ့အတွက် အခက်အခဲဖြစ်ပြီး ကျောင်းနေရာ(၃)ခုကို ရွှေ့ပြောင်းထားတာတွေ လုပ်ရတယ်လို့ သိရပါတယ်။

‘ ဘုန်းကြီးကျောင်းဆိုတော့လဲ ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်းခက်ခဲတယ်၊ ဒါကို ဖော်ထုတ်ဖို့ဆိုတာ ဒါပေမဲ့ အဲဒီသံဃနာယက ဆရာတော်တော်တွေအပါအဝင် ဆရာတော်တွေက သဘောထားကြီးကြီးနဲ့ သူတို့က ဖောက်ပါ၊ လမ်းသွားတဲ့လူတွေ သွားရေးလာရေး ကောင်းသွားမယ်ဆိုရင် ဝမ်းသာတာပေါ့ ဆိုပြီးတော့ ဆရာတော်တွေက စွန့်ပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းသူံးကျောင်းနေရာ ရွှေ့တာလုပ်ရပါတယ် ‘ လို့ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

ဘုန်းကြီးကျောင်းတိုက်တွေ အနေနဲ့ အုတ်တံတိုင်းတွေ ဖျက်ပေးတဲ့အပြင် ကျောင်းဆောင်တွေကို နေရာရွှေ့ပေးတာနဲ့ ကုဋီနေရာတွေကိုပါ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လမ်းဖောက်ပေးနိုင်ခဲ့

အရင်ခေတ်အဆက်ဆက် လမ်းဖောက်လုပ်ဖို့ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုအခါ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ညှိနှိုင်းချက်အရ ဇောတိကကျောင်း၊ သရက်တောကျောင်းနဲ့ ငြိမ်းချမ်းရေးစာသင်တိုက်တို့က လမ်းမြေစွန့်လွှတ်ပေးခဲ့တာကြောင့် လမ်းဖောက်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ချိုင့်ကြီးတွေ၊ ရေတွေဝပ်နေတဲ့ နေရာတွေမှာ မြေဖို့တာတွေ ပြုလုပ်နေရပြီး လောလောဆယ်မှာ တယ်လီဖုန်းတာဝါတိုင်ကြီးတစ်ခု မရွှေ့ရသေးတာကို ရွှေ့ဖို့လုပ်နေတာဖြစ်ပြီး သိပ်မကြာခင်မှာ ပြီးသွားမှာဖြစ်တဲ့အတွက် နိုင်လွန်ကတ္တရာခင်း၊ မီးတိုင်တွေကိုလည်း ထပ်စိုက်ပြီး တကယ့်ကို မန္တလေးမြို့ရဲ့ အလွန်အသုံးတည့်တဲ့လမ်းပိုင်းတစ်ခုဖြစ်လာအောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သည်လမ်းကို လမ်းကြောရှင်းလင်းပြီးပါက Stabilized Soil ခင်းပြီးတာနဲ့ ပေ (၆၀)အကျယ် နိုင်လွန်လမ်းခင်းပေးသွားမှာဖြစ်ပြီး လမ်းပြီးစီးပြီဆိုရင် (၁၉)လမ်းကနေ ပြည်ကြီးတံခွန်မြို့နယ်အဆုံး အမှတ်(၆) ရေးဆိုးပစ်မြောင်းအထိ လမ်းပေါက်မှာဖြစ်တဲ့အတွက် (၆၂)လမ်းပေါ်မှာ ယာဉ်ကြောကျပ်တာ အထိုက်အလျောက် လျော့သွားမယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service