တရုတ်ပြည် ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Sunac China Holdings က ဝူဟန်မြို့ရှိ မြေနေရာ ၄ ခုကို ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင်

တရုတ်ပြည် ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Sunac China Holdings က ဝူဟန်မြို့ရှိ မြေနေရာ ၄ ခုကို ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင် - Property News in Myanmar from iMyanmarHouse.com
7 May 2019 11:54 am တွင် တင်ခဲ့သည်
549 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ထျန်ကျင်းမြို့အခြေစိုက် အိမ်ခြံမြေ developer ကုမ္ပဏီကြီး Sunac China Holdings သည် ဝူဟန်မြို့ရှိ အစိုးရလေလံ မြေနေရာ ၄ ခုကို ထိပ်သီး developer များနှင့်ယှဉ်ပြိုင်ကာ ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင်သွားကြောင်း တရုတ်ပြည်အခြေစိုက် thepaper.cn တွင် ဖော်ပြသည်။

Sunac China Holdings ၏ ဥက္ကဌ ဆန်းဟောင်ဘင်က ပြီးခဲ့သောလအတွင်း ထုတ်ဖော်ပြောကြားခဲ့ရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် အနာဂတ် မြေယာဝယ်ယူမှုများကို အလွန်သတိထားလုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ထိုသို့ထုတ်ဖော်ပြောကြားပြီး တစ်လအတွင်း ယွမ်ငွေ ၁၅ ဒသမ ၂ ဘီလီယံငွေ ပမာဏကို တစ်နေ့တာအတွင်း သုံးစွဲကာ မြေနေရာများ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်ပြည် အလယ်ပိုင်း ဟူဘေးပြည်နယ်၏ မြို့တော် ဝူဟန်ရှိ အစိုးရလေလံအတွက် ကန်ဒေါ်လာအားဖြင့် ၂ ဒသမ ၂၅ ဘီလီယံအထိ သုံးစွဲကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဝူဟန်မြို့သည် ပြည်မကြီး ထိပ်တန်း developer ကုမ္ပဏီကြီး ၅ ခု ဈေးကွက်ယှဉ်ပြိုင်မှုကြီးမားသည့် နေရာတစ်ခုဖြစ်သည်။

Sunac က ဝယ်ယူခဲ့သော မြေနေရာ ၄ ခုအနက် ၂ ခုမှာ ဝူဟန်မြို့၊ ဟန်ယန်းခရိုင်တွင် တည်ရှိပြီး ဘက်စုံသုံးစီမံကိန်းတစ်ခုအတွက် ယွမ်ငွေ ၃ ဒသမ ၈၅ ဘီလီယံပေးခဲ့ရပြီး လူနေစီမံကိန်းတစ်ခုအတွက်မူ ယွမ်ငွေ ၄ ဒသမ ၁ ဘီလီယံ ပေးခဲ့ရသည်ဟု ဆိုသည်။

တတိယမြေနေရာမှာ ကျောက်ကူခရိုင်တွင် တည်ရှိပြီး ဘက်စုံသုံးစီမံကိန်းနေရာဖြစ်ကာ ယွမ်ငွေ ၇ ဘီလီယံဖြင့် ရရှိခဲ့ကာ ကျန်းရှားခရိုင်ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီမံကိန်းကိုမူ ယွမ်ငွေ ၂၈၇ သန်းဖြင့် ရရှိခဲ့သည်။

ယခုမြေနေရာ ၄ ခု ဝယ်ယူလိုက်မှုကြောင့် Sunac China Holdings အတွက် မြေနေရာ စတုရန်းမီတာ ၁ ဒသမ ၆၂ သန်း ထပ်မံပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

ဝူဟန်မြို့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သော ဧပြီလ ၂၃ ရက်တွင် မြေနေရာ ၁၀ ခုကို အများပြည်သူသို့ လေလံတင်ရောင်းချခဲ့ရာ ၆ နေရာကို အွန်လိုင်းမှ ရောင်းချခြင်းဖြစ်ပြီး ကျန် ၄ နေရာကိုမူ မြေကွက်များ တည်ရှိရာနေရာတွင် လေလံတင်ခဲ့ခြင်းဖြစ်သည်။

မြေကွက်အားလုံး၏ စုစုပေါင်းကြမ်းခင်းဈေးမှာ ယွမ်ငွေ ၁၉ ဒသမ ၇၈၉ ဘီလီယံဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၈၅၅၅၀၀ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါမြေကွက် ၁၀ ခုအနက် ၄ ခုကို Sunac China Holdings က လေလံအောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service