ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ်ရှိ ဘဏ်လမ်းနှင်ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) တွင် အကောင်အထည်ဖော်ထားသည့် Yangon Weekend Market ဆိုင်ခန်းများ ယနေ့ (မေလ ၄ ရက် ) စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Yangon Weekend Market ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉:၀၀ မှ ည ၁၀:၀၀ ထိ ဖွင့်လှစ်ရောင်းချမည် ဖြစ်ပြီး အရက်၊ဘီယာ အဖျော်ယမကာဆိုင်များ အပါအဝင် မြန်မာရိုးရာအစားအစာများ ၊ တိုင်းရင်းသားရိုးရာ အစားအစာများ နှင့် International အစားအစာများအပြင် မြန်မာနှင့် တိုင်းရင်းသားရိုးရာ အဝတ်အထည် ၊အမှတ်တရပစ္စည်းအရောင်းဆိုင် စုစုပေါင်း ဆိုင်ခန်း ၆၅ဆိုင်ခန့် ပါဝင်ကြောင်း သိရသည်။
ဒီနေ့က ပထမဦးဆုံးရက်မို့ထင်တယ်။လူသိပ်များသေးဘူး။ကျွန်တော်တို့ အဲဒီ Yangon Weekend Market ရောက်သွားတာက ညနေ ၄ နာရီလောက်ပါ။ ဆိုင်တွေက တချို့ နေရာလာမဖွင့်သေးတာတွေရှိတယ်။ တချို့လည်း အဲဒီအချိန်မှာ ဆိုင်တွေ ခင်းကျင်းနေတုန်းပဲ။ အစားအသောက်ဆိုင်တွေကတော့ ထိုင်း လူမျိုး တွေ ရောင်းနေကြတာ တွေ့ရတယ်။ ဘီယာဆိုင်တချို့လည်းတွေ့ရတယ်'' ဟု အဆိုပါဈေးတန်းကို ရောက်ရှိခဲ့သူ တစ်ဦးကပြောသည်။
Yangon Weekend Marketကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် Golden Market Myanmar ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းအကောင်အထည် ဖော်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို (မေလ ၅ရက်) ညနေ ၅နာရီအချိန်တွင် ကျင်းပပြုလုပ်သွားကြောင်း သိရသည်။
Credit: News Watch