ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက်

ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက် - Property News in Myanmar from iMyanmarHouse.com
6 May 2019 11:35 am တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး

ထားဝယ် တွင် စက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက် ထားဝယ်စည်ပင်နယ်နိမိတ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများကို ကနဦးစစ်တမ်းကောက်ယူနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကနဦးစစ်တမ်းကို တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်းက ဦးဆောင်ကာ ယခုနှစ်မတ်လကုန်ပိုင်းမှ စတင်ကောက်ယူနေကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ထားဝယ် တွင် စက်မှုဇုန် လိုအပ်ကြောင်း တိုင်းအစိုးရကို သွားရောက်တိုက်တွန်းမည့် အချိန်တွင် ရှိနေသည့် လုပ်ငန်းအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို ခိုင်မာသည့်အချက်အလက်များဖြင့် တင်ပြနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိကောက်ယူနေသည့် ကနဦး စစ်တမ်းတွင် ထားဝယ်စည်ပင်ဧရိယာ အတွင်းရှိ စက်မှုလက်မှုနှင့် စားသောက်ကုန်လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်း ဦးရဲထွဋ်နိုင် က ဆိုသည်။

အနာဂတ်တွင် အဆိုပါလုပ်ငန်းများမှာ မြို့အတွင်းထားရှိရန် မသင့်တော်ခြင်း၊ မြို့နေလူထုက ကန့်ကွက်လာနိုင်ခြင်းတို့ ကြောင့် စက်မှုဇုန်တစ်ခု လိုအပ်နေသည့်အတွက် ယင်းကဲ့သို့ စစ်တမ်းကောက်ယူ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်တမ်းရလဒ်ကို ယခုနှစ်ဇွန်လတွင် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းလွှတ်တော်ထံ တင်ပြမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

ကနဦးစစ်တမ်းတွင် လုပ်ငန်းအမျိုး အစား၊ ရင်းနှီးမြှုပ်နှံမှုပမာဏ (ကျပ်သိန်း နှစ်ထောင်အောက်ကို A အုပ်စု၊ သိန်းနှစ်ထောင်မှ သိန်းငါးထောင်အထိကို B အုပ်စု၊ သိန်းငါးထောင်မှ သိန်းတစ်သောင်းအထိကို C အုပ်စု၊ သိန်းတစ်သောင်းအထက်ကို C အုပ်စု) ဟု သတ်မှတ်ကောက်ယူနေကြောင်း ၎င်းက ပြောသည်။

“ ထားဝယ်မြို့ပေါ်ရှိတဲ့ စက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင် အခြေအနေပျက်တဲ့ အဆင့်ကျတော့မှ ဝူးဝါးထလုပ်မယ့်အစား ဒီဟာက ကြိုတင်ပြီး လုပ်ဖို့လိုအပ်တယ်လို့ မြင်တဲ့အတွက်ကြောင့်မို့လို့ လှုပ်ရှားမှုတစ်ခုအနေနဲ့လည်း စဉ်းစားမိတယ် ” ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။

စစ်တမ်းတွင် ဖြည့်သွင်းရမည့် ဖောင်အတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း ၎င်းက ပြောသည်။

အလုပ်အတွက် မြေနေရာတစ်ခုရ ရှိမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆသည့်အတွက် လျှောက်လွှာတွင် အချက်အလက်ဖြည့်သွင်းကာ လက်မှတ်ထိုးခဲ့ကြောင်း ထားဝယ်မြို့အတွင်း ဆိုင်ခန်းငှားရမ်းပြီး အလူမီနီယံလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ ကိုယ့်ကိုအသုံးချပြီး လုပ်သွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုက စက်မှုဇုန်အတွက် ကနဦးစစ်တမ်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ဒေသခံများအကြား ပြောဆိုဝေဖန်မှုများလည်း ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service