နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး နေထိုင်ခဲ့သော ကျူးဘားနိုင်ငံရှိ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ)

နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး နေထိုင်ခဲ့သော ကျူးဘားနိုင်ငံရှိ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ) - Property News in Myanmar from iMyanmarHouse.com
6 May 2019 11:27 am တွင် တင်ခဲ့သည်
1449 ကြိမ် ကြည့်ရှု့ပြီး

နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးသည် ၁၉၃၀ ပြည့်လွန်ကာလများတွင် ကျူးဘာနိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။

အားနက်စ်ဟဲမင်းဝေးသည် ကမ္ဘာတစ်ဝန်းလှည့်လည်ခရီးသွားနေကာ ဟိုတယ်များတွင် တည်းခိုနေထိုင်၍သာ နေခဲ့သည်။

သို့ရာတွင် ကျူးဘားသို့ ရောက်လာပြီးနောက် “ဖင်ကာ ဗီဂျီယာ”စံအိမ်ကို ဝယ်ယူနေထိုင်ခဲ့သည်။

အဆိုပါစံအိမ်သည် သူ၏နေအိမ်ဖြစ်သကဲ့သို့ ရုံးခန်းလည်းဖြစ်ပြီး ယင်းစံအိမ်တွင်ပင် သူ၏နာမည်ကျော် စာအုပ်များစွာ ရေးသားခဲ့သည်။

ခြံဝန်းအကျယ်မှာ ၁၅ ဧကရှိပြီး စံအိမ်ကို ၁၈၈၆ ခုနှစ် (မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်သည့်နှစ်) တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကျူးဘား၏မြို့တော် ဟာဗားနားမြို့ပြင်တွင်တည်ရှိပြီး ဟဲမင်းဝေးက သူ၏တတိယမြောက်ဇနီးနှင့်အတူ နေထိုင်ရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟဲမင်းဝေးသည် အဆိုပါစံအိမ်တွင် ၁၉၃၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ နေထိုင်ခဲ့ရာ ၎င်းမကွယ်လွန်မီ တစ်နှစ်ခန့်အထိ နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။

ဟဲမင်းဝေးနေထိုင်စဉ်က သူ၏နေအိမ်အတွင်း ပေးစာများ၊ စာအုပ်များ၊ ကြောင်များဖြင့် ပြည့်နှက်နေသည်။

ကျူးဘားရှိ ယခုစံအိမ်တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း အားနက်စ်ဟဲမင်းဝေးသည် သူ၏ဂန္ထဝင်လက်ရာဖြစ်သော For Whom The Bell Tolls စာအုပ်နှင့် The Old Man and the Sea စာအုပ်တို့ကို ရေးသားခဲ့သည်။

ဟဲမင်းဝေးသည် The Old Man and the Sea စာအုပ်ဖြင့် ပူလစ်ဇာဆုရရှိခဲ့ပြီး ယင်းနောက်တွင် စာပေနိုဘယ်ဆုကြီးပါ ရရှိခဲ့သည်။

၁၉၆၁ ခုနှစ်တွင် အားနက်စ်ဟဲမင်းဝေး မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက်ပိုင်း ဟဲမင်းဝေးအောက်မေ့ဖွယ် အမှတ်တရအဖြစ် နေအိမ်ကို ထိန်းသိမ်းထားခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်မှာ ယိုယွင်းပျက်စီးလာခဲ့သည်။

၂၀၀၅ ခုနှစ်အတွင်းတွင်ကား အမေရိကန်ပြည်ထောင်စုနှင့် ကျူးဘားနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာချိန်အတွင်း ဖင်ကာ ဗီဂျီယာ စံအိမ် (Finca Vigía) ကို ပြုပြင်မွမ်းမံမှု များစွာပြန်လည် ပြုလုပ်ခဲ့သည်။

အဆိုပါစံအိမ်မှာ ယခုအခါ အားနက်စ်ဟဲမင်းဝေးပြတိုက်ဟု လူသိများပြီး ဟဲမင်းဝေးနေထိုင်ခဲ့စဉ်ကအတိုင်း ထိန်းသိမ်းထားရှိသည်။

ဟဲမင်းဝေး၏ မထုတ်ဝေရသေးသော လက်ရာများ၊ ဟဲမင်းဝေးအသုံးပြုခဲ့သည့် လက်နှိပ်စက်နှင့် ၎င်းအသုံးပြုခဲ့သည့် ငါးဖမ်းလှေငယ်တို့ ကိုပင် ပြသထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service