ဂျပန်တွင် အိမ်အလွတ် ၈ ဒသမ ၅ သန်းနီးပါး ရှိလာ

ဂျပန်တွင် အိမ်အလွတ် ၈ ဒသမ ၅ သန်းနီးပါး ရှိလာ - Property News in Myanmar from iMyanmarHouse.com
6 May 2019 10:22 am တွင် တင်ခဲ့သည်
5223 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်လူဦးရေဆက်လက်ကျဆင်းနေသဖြင့် လူမနေသည့်အိမ်အရေအတွက်သည်လည်း စံချိန်သစ်ထပ်တင်ခဲ့ပြီဖြစ်သည်။

ဂျပန်နိုင်ငံတွင် လျင်မြန်စွာ လျော့နည်းလာသည့် လူဦးရေနှင့် ဈေးကွက်ထဲတွင် လူနေအိမ်စီမံကိန်းသစ်များ အလျှံအပယ်ဖြစ်နေခြင်းတို့ကြောင့် ယခုအခါ နေထိုင်သူမရှိဘဲ လစ်လပ်နေသော အိမ်အလွတ်အရေအတွက် ၈ ဒသမ ၄၆ သန်း ရှိလာပြီဖြစ်ကြောင်း တရားဝင်စာရင်းများက ညွှန်ပြခဲ့သည်။

ဂျပန်ရှိ အိမ်အလွတ်များသည် အောက်တိုဘာအထိ ပြီးခဲ့သည့်ငါးနှစ်တာအတွင်း ၂၆၀,၀၀၀ တိုးလာခဲ့ကြောင်း ဧပြီ ၂၄ တွင် ထွက်ရှိခဲ့သော အစိုးရစစ်တမ်းတစ်ရပ်အရ သိရသည်။

အများစုမှာ ရောင်းမထွက်သေးခြင်း သို့မဟုတ် ငှားရမ်းမခံရခြင်းတို့ကြောင့်ဖြစ်ပြီး ၃ ဒသမ ၄၇ သန်းဝန်းကျင်မှာ ယင်းအကြောင်းများကြောင့်မဟုတ်ကာ ၎င်းအရေအတွက်သည် ၂၀၁၃ ခုနှစ်တွင် နောက်ဆုံးပြုလုပ်ခဲ့သော စစ်တမ်းထက် ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Nikkei Asian Review ဂျပန်သတင်းစာက မှတ်ချက်ပြုခဲ့သည်။

အိမ်အလွတ် ၂၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ဖူဂျီတောင်အနီး ယာမာနာရှီစီရင်စုမှ ဖြစ်ကာ ၂၀ ဒသမ ၃ ရာခိုင်နှုန်းမှာ ဝါကာယာမာစီရင်စုမှဖြစ်ပြီး တတိယအများဆုံးအဖြစ် ၁၉ ဒသမ ၅ ရာခိုင်နှုန်းမှာ နာဂါနိုစီရင်စုတွင် ဖြစ်သည်။

ဂျပန်တွင် မွေးဖွားနှုန်းကျဆင်းပြီး သေဆုံးနှုန်းမြင့်မားမှုဖြစ်စဉ်နှင့် ကြုံတွေ့နေရစဉ် ထိုစစ်တမ်းရလဒ်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၉၂၁,၀၀၀ သာရှိခဲ့ပြီး ယင်းကား ၂၀၁၈ ကို မွေးဖွားနှုန်း ၁ သန်းအောက် ကျဆင်းသည့် သုံးနှစ်ဆက်တိုက်နှစ်ဖြစ်စေလိုက်သည်။ သေဆုံးနှုန်းမှာမူ ၁ ဒသမ ၃၇ သန်းဝန်းကျင် ရှိခဲ့သည်။

ယေဘုယျအားဖြင့် ယမန်နှစ်က ဂျပန်လူဦးရေသည် ၄၄၉,၀၀၀ လျော့နည်းခဲ့သည်။

ထို့အပြင် လူမနေသည့်အိမ်ရောင်းချမှုက အိမ်သစ်များနှင့်ယှဉ်ပြိုင်နေရကြောင်းလည်း Nikkei Asian Review က မှတ်ချက်ပြုခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service