မန္တလေးတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများပါဝင်မည့် Mixed Use Development Project ဆောင်ရွက်မည်

မန္တလေးတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများပါဝင်မည့် Mixed Use Development Project ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
6 May 2019 10:10 am တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ သိပ္ပံလမ်း တွင် စီးပွားရေးဆိုင်ရာအဆောက်အအုံများပါဝင်သည့် Mixed - Use Development Project ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၉ လမ်းနှင့် လမ်း ၇၀ ကြား၊ ပိတောက်လမ်းနှင့် သိပ္ပံ လမ်းကြားရှိ မြေဧရိယာ ၅ ဒသမ ၆ ဧကပေါ်တွင် ဆောင်ရွက်မည့်အဆိုပါ စီမံချက်ကိုတိုင်းဒေသကြီး အစိုးရက တိုင်းလွှတ်တော်သို့ မေလ ၃ ရက်က တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

စီမံချက်ကို တာဝန်ယူဆောင်လုပ်ရန် တင်ဒါခေါ်ယူမှု အဆင့်ဆင့်ပြုလုပ်ပြီး Mandalay Taungthaman Development ကို တင်ဒါအောင်မြင်သူအဖြစ် တိုင်းဒေသကြီးအစိုးရကကြေညာခဲ့သည်။

‘‘ အခု အကောင်အထည် ဖော်မယ့် Mixed - Use Development Project ကတိုင်း ဒေသကြီးအစိုးရအတွက် ဘဏ္ဍာရန်ပုံငွေရရှိစေပြီး မန္တလေးမြို့မှာ စီးပွားရေးအခြေခံအဆောက်အ အုံများဖွံ့ဖြိုးတိုးတက်လာမယ့်အပြင် လူငယ်တွေအတွက် ပြည်တွင်း၊ ပြည်ပနည်းပညာအသစ် တွေမျှဝေနိုင်ဖို့ရည်ရွယ်ပါတယ် ’’ ဟု ဦးဇာနည်အောင်က ပြောသည်။

စီမံချက်တွင် နည်းပညာများ မျှဝေနိုင်မည့် Innovation Center၊ ခေတ်မီပညာရေးပံ့ပိုးမှု များရရှိနိုင်မည့် Education Center များနှင့် Community Center များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရင်းနှီးတည်ဆောက်မှု ကုန် ကျစရိတ် စုစုပေါင်းကျပ် ဘီလီယံ ၉၀ ဖြစ်ပြီး ကုမ္ပဏီကမန္တလေးတိုင်း ဒေသကြီးအစိုးရသို့ Commercial Component စတင်လည်ပတ်ချိန်မှ တစ်လအတွင်း မြေအသုံးချစရိတ် ကျပ်သန်း ၂,၀၀၀၊ Shopping Mall အတွက် နှစ်စဉ် ငှားရမ်းခကျပ်သန်း ၁,၀၀၀၊ Retial Mall ငှားရမ်းခအသားတင်အမြတ်၏ ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း လွှတ် တော်သို့တင်သွင်းချက်တွင်ဖော် ပြထားသည်။

စီမံချက်၏ Commercial Component နှင့် Residential Component တို့အတွက်တစ်ဦး တည်းစီမံအုပ်ချုပ်ခွင့်ကို MIC က ချမှတ်ထားသည့် စည်းကမ်းချက်များအတိုင်းနှစ်(၅၀)နှင့် ထပ် ဆောင်း (၁၀) နှစ် နှစ်ကြိမ်တိုးမြှင့် ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင်အဆိုပါစီမံချက် ကို စတင်နိုင်ရန်တင်ဒါအောင် ကုမ္ပဏီနှင့်ညှိနှိုင်းနေပြီး စီမံကိန်းကာလကို စတင်ချိန်မှ ၂ နှစ်ခွဲ သတ်မှတ်ထားကြောင်း ဦးဇာနည်အောင်က ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service