ရန္ကုန္ရွိ ဟိုတယ္မ်ားမွ ရွယ္ယာမ်ားအား Memories Group ဝယ္ယူ

ရန္ကုန္ရွိ ဟိုတယ္မ်ားမွ ရွယ္ယာမ်ားအား Memories Group ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
3 May 2019 11:53 am တွင် တင်ခဲ့သည်
5257 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံ SGX-Catalist တွင် စာရင်းတင်သွင်းထားသော မြန်မာနိုင်ငံအခြေစိုက်ခရီးသွားလုပ်ငန်းကုမ္ပဏီ Memories Group က Strand Hotel International (SHIL) ၏ ရှယ်ယာ ၁၅ ဒသမ ၃ ရာခိုင်နှုန်းကို ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ၎င်းကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှယ်ယာများကို တစ်နှစ်လျှင် coupon rate ၅ ရာခိုင်နှုန်းနှင့် စာရင်းမဝင်သော convertible bond များဖြင့် ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Memories Group ၏ အမှုဆောင်ဥက္ကဋ္ဌ Serge Pun က Memories Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ငန်းတိုးချဲ့မှုအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားရန် စိတ်ထက်သန်ကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကြီးမားသောအလားအလာကို တွေ့မြင်လိုစိတ်လည်း ပြင်းပြပါကြောင်း Deal Street Asia သို့ ပြောကြားခဲ့သည်။

SHIL သည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ အကျိုးတူပူးပေါင်းမှုမိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သည်။

၎င်းသည် ရန်ကုန်ရှိ Strand Hotel၊ Inya Lake Hotel နှင့် Hotel G Yangon တို့ကို စီမံလုပ်ကိုင်ဖွံ့ဖြိုးစေရန် လုပ်ပိုင်ခွင့်များရှိသည့် Myanmar Hotel International တွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ SHIL သည် Strand Cruise တွင်လည်း GCP Hospitality Management နှင့်အတူ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ရှိသည်။

“MHIL က ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေဟာ ရေရှည်မှာ တန်ဖိုးကြီးမယ့်အလားအလာရှိပါတယ်။ အခုရှယ်ယာဝယ်ယူမှုဟာ Hotel တွေနဲ့ Lodge တွေ ပိုမိုပိုင်ဆိုင်လုပ်ကိုင်လိုတဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေနဲ့ အညီဖြစ်ပါတယ်။” ဟု Memories Group ၏ အမှုဆောင်အရာရှိချုပ် Cyrus Pun က ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ်၌ ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ၁၁၅ နှစ် သက်တမ်းရှိ Strand Hotel ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီး ၎င်းကိုလိုနီခေတ်ဇိမ်ခံဟိုတယ်အား အဲကွန်းနှင့် အင်တာနက်ကဲ့သို့သော ခေတ်မီအသုံးအဆောင်များဖြင့် အဆင့်မြှင့်တင်ခွင့်ပေးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ထပ်မံပြင်ဆင်မွမ်းမံခဲ့သည်။

Hotel G Yangon ကို ရန်ကုန်မြို့လယ်ကောင်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ၌ ဖွင့်လှစ်ခဲ့ပြီး အခန်းအရေအတွက် ၈၅ ခန်းနှင့် စားသောက်ဆိုင်၊ ဘားနှင့် လက်လီအရောင်းဆိုင်တို့ ပါဝင်သည်။ ၎င်းသည် GCP Hospitality လက်အောက်ရှိ ခေတ်ဆန်သားနားသောဟိုတယ်တစ်လုံးဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် တည်ရှိသည့် Inya Lake Hotel သည် အခန်း ၁၈၅ ခန်း ပါဝင်သည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ကာ လေဟာပြင်ရေကန်၊ စက်ကိရိယာစုံလင်သော အားကစားခန်းမ၊ တင်းနစ်ကွင်းနှစ်ကွင်း၊ စားသောက်ဆိုင်နှင့်ဘား လေးခု၊ စည်းဝေးပွဲနေရာများနှင့် အကျွေးအမွေးတာဝန်ယူခြင်းတို့လည်း ပါဝင်သည်။

၎င်းအား ၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်မှုစတင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဖွင့်လှစ်ခဲ့သည်။

Strand Cruise မှာ ဧရာဝတီမြစ်တွင်း ဇိမ်ခံအပျော်စီးသင်္ဘောဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဝယ်ယူသူအလိုကျအထူးပြုလုပ်သော သင်္ဘောဖြစ်သည်။ ၆၁ မီတာရှည်လျားသော ၎င်းသင်္ဘောသည် ခရီးသည်အခန်းငယ် ၂၅ ခန်းရှိကာ ခရီးသည် ၅၀ ဦးအထိ သယ်ဆောင်နိုင်ပြီး Strand Hotel ပုံစံကိုလိုက်၍ ပြုလုပ်ထားခြင်းဖြစ်သည်။

Memories Group သည် မြန်မာနိုင်ငံတွင် ထိပ်တန်းခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည်။ Yoma Strategic Holding ၏ ခရီးသွားလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။

Memories Group သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ကုန်သွယ်လုပ်ငန်းကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် လုပ်ငန်းများစွာကိုပါ ထပ်တိုးလုပ်ကိုင်ခဲ့သည်။

၎င်း၏ ခရီးသွားလုပ်ငန်းမှ လတ်တလောဆောင်ရွက်နေမှုများမှာ -

* ပုဂံမီးပုံပျံခရီးစဉ်

* မြန်မာနိုင်ငံတောင်ပိုင်း၏ ဇိမ်ခံရွက်လှေလုပ်ငန်း Burma Boating

* ညောင်ဦး (ပုဂံ) တွင် စီစဉ်နေသည့် Bagan Land ဟိုတယ်

* Asia Holidays Travel & Tours

* ကရင်ပြည်နယ် ဇွဲကပင်တောင်ရှိ အခန်း ၁၉ ခန်းပါ ဟိုတယ် Hpa-An Lodge

* ပန်းလှိုင်အိမ်ရာ၌ အခန်း ၄၆ ခန်းပါ အပန်းဖြေစခန်းဖြစ်သော Pun Hlaing Lodge (ဆောက်လုပ်ဆဲ)

* ကယားပြည်နယ် လွိုင်ကော်မြို့၌ အခန်း ၂၆ ခန်းပါသော ခေတ်ဆန်သားနားသည့် အပန်းဖြေစခန်း Kayah Resort

* တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းပီလာ၊ ဘိုရွဲနှင့် ငမန်းကျွန်းတို့တွင် ကျွန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ

* ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် မြိတ်ကျွန်းစု၌ ကျေးရွာ ၂၄ ရွာဖြင့် ဖွင့်လှစ်ခဲ့သည့် ကြယ်ငါးပွင့်ဟိုတယ် Awei Pila

* မော်လမြိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ ဖွင့်လှစ်ခဲ့သည့် အခန်း ၇၂ ခန်းပါ Hotel Suggati

* ၂၀၁၉ ခုနှစ်၌ ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည့် အခန်း ၄၆ ခန်းပါ အဆင့်မြင့်မြို့ပြဂေါက်ကွင်းအပန်းဖြေစခန်း Awei Metta

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service