ဘဏ္ဍာရေးအကျပ်ဆိုက်နေသော ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချ

ဘဏ္ဍာရေးအကျပ်ဆိုက်နေသော ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
3 May 2019 11:23 am တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချရန်သဘောတူညီခဲ့သည်ဟု ရှန်ကျန်းစတော့အိတ်ချိန်းသို့ ထုတ်ဖော်ကြေညာလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကျီကျန်းပြည်နယ်၏မြို့တော်၊ ဟန်ကျိုးရှိ အဆိုပါစီမံကိန်း၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို Shimao Properties ထံ ယွမ်ငွေ ၉၂၈ သန်း (ကန်ဒေါ်လာ ၁၃၉ ဒသမ ၉ သန်း) ဖြင့် ရောင်းချရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အကျယ်အဝန်း စတုရန်းမီတာ ၃၁၄၅၀၀ ( စတုရန်းပေ ၃ ဒသမ ၃၉ သန်း) ရှိသော စီမံကိန်း၏ ရှယ်ယာတစ်ဝက်နီးပါးကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

Tahoe Group သည် အကြွေးများ တောင်ပုံရာပုံပေးဆပ်ရန် ရှိနေသောကြောင့် တစ်လကျော် ကာလအတွင်း Shimao ကုမ္ပဏီထံ ယွမ်ငွေ ၃ ဒသမ ၇၄ ဘီလီယံဖိုးခန့် ရောင်းချခဲ့ရပြီးလည်း ဖြစ်သည်။

အရောင်းအဝယ် သဘောတူညီချက်အရ စီမံကိန်း၏ ရှယ်ယာတန်ဖိုးများအတွက် ယွမ်ငွေ ၇၈၄ ဒသမ ၄၇ သန်းပေးမည်ဖြစ်သည့်အပြင် ရှယ်ယာရှင်များ၏ ချေးငွေ ယွမ်ငွေ ၁၄၄ ဒသမ ၁၂ သန်းကိုလည်း တာဝန်ယူပေးမည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်နောက်ပိုင်းတွင် Shimao ကုမ္ပဏီသည် ကျီကျန်းပြည်နယ်အစိုးရ ကျောထောက်နောက်ခံပြု Tongren Group နှင့် ဆက်လက် လက်တွဲသွားရမည်ဖြစ်သည်။

Tongren Group သည် ယခုအရောင်းအဝယ်ပြုလုပ်သော စီမံကိန်း၏ ကျန်ရှိသော ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။

Tahoe Group သည် ယခုစီမံကိန်းရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဟန်ကျိုးအခြေစိုက် Jiajin Real Estate Development Group ထံမှ ယွမ်ငွေ ၇၉၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာတွင် ပြန်လည်ရောင်းထုတ်လိုက်ရခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service