ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံ၏ငွေကြေး ဖောင်းပွမှု ဆက်တိုက်မြင့်တက် လာပြီး ယခုနှစ် မတ်လတွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်းသို့ ရောက်ရှိ လာသည်။
အခြေခံ စားသောက်ကုန် ဆန်၊ ဆီနှင့် သား၊ ငါးဈေးမြင့် တက်မှု၊ စက်သုံးဆီဈေးမြင့်တက် မှုက ငွေကြေးဖောင်းပွမှု တိုးစေ သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအ ဖွဲ့က မတ်လအတွက် ထုတ်ပြန် သော မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်းနှင့် ငွေကြေး ဖောင်းပွမှုအခြေအနေအစီရင်ခံ စာ၌ ဖော်ပြထားသည်။
ယခုဘဏ္ဍာနှစ်အစ အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉မတ်လ ငွေကြေးဖောင်းပွမှုသည် ခြောက်လအတွင်း ၁ ရာခိုင်နှုန်းခန့် မြင့်တက်သည်။ ၂၀၁၈ အောက်တိုဘာက မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုက ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိသည်။
‘‘ငွေကြေးဖောင်းပွမှုက ကုန်ဈေးနှုန်းပဲလေ။ သူတက်လာတာ ကုန်ဈေးနှုန်း တက်လာပေါ့’’ ဟု အငြိမ်းစား ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
လက်ရှိ ငွေဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း ကျော်လာသော် လည်း မြန်မာနိုင်ငံ၏ဘဏ်အပ် ငွေအတိုးနှုန်းအောက်တွင်သာ ရှိ သေးသည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ဘဏ်များသို့ ငွေ အပ်မည်ဆိုပါက အနည်းဆုံး တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင် နှုန်းရရှိမည်ဖြစ်သည်။
ခြောက်လအတွင်း အခြေခံ စားသောက်ကုန် ဆန်ဈေးအနည်းငယ် မြင့်တက်သော်လည်း အမဲသားဈေးနှုန်း ၁၀ ရာခိုင်နှုန်း၊ ဘဲဥဈေး ၈ ရာခိုင်နှုန်းမြင့်တက် လာသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။ အခြေခံကုန်ဈေးနှုန်းမြင့် တက်မှုတွင် အချိုခြောက်၊ နို့ဆီဈေးမြင့်တက်မှုကြောင့် လက်ဖက်ရည်တစ်ခွက်ဈေးနှုန်းလည်း ကျပ် ၃၅၀၊ ၄၀၀ မှ ၅၀၀ သို့ မြင့်တက်လာသည်။
ငွေကြေး ဖောင်းပွမှုမြင့် တက်လာခြင်းက အစိုးရဘတ်ဂျက်တွင် ရငွေထက် သုံးငွေက များနေခြင်း၊ ကုန်သွယ်ရေးကဏ္ဍ ၌ ပို့ကုန်ထက် သွင်းကုန်ပမာဏ များနေခြင်း၊ ပြည်တွင်းထုတ်လုပ် မှုလျော့ကျခြင်း၊ နိုင်ငံ့စီးပွားရေး (ဂျီဒီပီ)ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် ဖြစ်ရသည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
မြန်မာနိုင်ငံ၏ဘတ်ဂျက်လို ငွေပမာဏက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၅,၀၀၀ ကျော်ရှိပြီး အစိုးရ သက်တမ်းသုံးနှစ်အတွင်း အများဆုံးဖြစ်နေ သည်။ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုး ၅ ဒသမ ၀၃ ရာခိုင်နှုန်းရှိ သည်။ သို့သော် ယခု ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေပမာဏက ဒေါ်လာသန်း ၈၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ၁ ဒသမ ၃၅ ဘီလီယံကျော် လျော့ နည်းသည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီဖွံ့ဖြိုးမှု နှုန်းသည် ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။ ၂၀၁၉ တွင် မြန်မာနိုင်ငံ၏စီးပွား ရေးတိုးတက်နှုန်း (GDP) ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ် က မှန်းဆထားသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခု၏စီးပွားရေးတိုးတက်မှုနှုန်း က ၁၀ ရာခိုင်နှုန်းအထက်တွင် ရှိသင့်သည်ဟု ဦးလှမောင်က ပြောသည်။ တရုတ်နိုင်ငံတွင် တံခါးဖွင့်စီးပွားရေးစတင်ချိန်က စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းအထက် ၌ ရှိသည်ဟု ၎င်းက ဆိုသည်။
ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်တက်လာခြင်းနှင့် စီးပွားရေးအဆောက်အအုံ ပြောင်းလဲခြင်းဟူသည့် အချက်သုံးချက် တွင် တစ်ချက်ကြုံတွေ့ပါက ငွေ ကြေးဖောင်းပွနိုင်ကြောင်း စီးပွား ရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။
Credit: 7Daydaily