ခြောက်သွေ့သေဆုံးနေသော မိုးသစ်တောအား ဝယ်ယူ၍ စိမ်းလန်းရှင်သန်အောင် ပြုလုပ်ခဲ့သည့် ဘရားဇီးစုံတွဲ

ခြောက်သွေ့သေဆုံးနေသော မိုးသစ်တောအား ဝယ်ယူ၍ စိမ်းလန်းရှင်သန်အောင် ပြုလုပ်ခဲ့သည့် ဘရားဇီးစုံတွဲ - Property News in Myanmar from iMyanmarHouse.com
2 May 2019 11:33 am တွင် တင်ခဲ့သည်
1222 ကြိမ် ကြည့်ရှု့ပြီး

Sebastião Ribeiro Salgado (ဆီဘက်စီယို ရီဘေရို ဆယ်လ်ဂါဒို) ဟာ ဘရာဇီးနိုင်ငံမှ ကမ္ဘာကျော်လူမှုရေးမှတ်တမ်းဓာတ်ပုံဆရာနဲ့ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြုပြင်မှုစီမံကိန်းတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူနဲ့ သူ့ဇနီး Lélia Deluiz Wanick Salgado (လီလျာဒီလုဇ်ဝါနစ်ခ်) တို့ဟာ အခုဆို အတ္တလန္တိတ်သစ်တောရှိ ရီယိုဒို့စ်တောင်ကြားက အစိတ်အပိုင်းငယ်လေးတစ်ခုကို ပြန်လည်ရှင်သန်စိမ်းလန်းစိုပြေတဲ့မိုးသစ်တောတစ်ခုဖြစ်အောင် ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကြာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ဇနီးမောင်နှံတည်ထောင်ထားတဲ့ အကျိုးအမြတ်အတွက်မဟုတ်တဲ့အဖွဲ့အစည်း Instituto Terra ဟာ ၁၉၉၈ ခုနှစ်မှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့အစည်းဟာ Vale’s ပျိုးဥယျာဉ်ကနေ ပျိုးပင် ၁ သိန်း အလှူခံခဲ့ပြီး သစ်တောစိမ်းလန်းရေးကို စတင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့လိုတောင်ကြားစိမ်းလန်းသွားဖို့အတွက်တော့ ပျိုးပင်ပေါင်းသန်းနဲ့ချီရင်းခဲ့ရတာဖြစ်ပါတယ်။

သစ်တောကို ဈေးနှုန်းဘယ်လောက်နဲ့ဝယ်ယူခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။ သူတို့ဝယ်ယူခဲ့တဲ့အချိန်က အဲ့ဒီသစ်တောမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ အပင်ရှိခဲ့တာပါ။ ဒါကြောင့်မို့ သူတို့ ဒီသစ်တောကို ပြန်လည်အသက်သွင်းရတာဟာ ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်ရသလိုပါပဲလို့ စမစ္စဆိုနီယံမဂ္ဂဇင်းကို သူတို့လင်မယားက ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့မောင်နှံအတွက် တိုက်ပွဲတစ်ခုနဲ့လည်း တူတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ အလကားမဖြစ်ခဲ့ဘဲ အောင်မြင်မှုအသီးအပွင့်တွေ ထွက်ပေါ်ခဲ့ပါပြီ။ သစ်တောပြန်လည်စိမ်းလန်းခဲ့တဲ့အပြင် ကိုယ်ပိုင်ပျိုးဥယျာဉ်တစ်ခုကိုပါ ထူထောင် နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ခေါင်းတုံးဖြစ်သွားတဲ့ သစ်တောကို ဆံပင်ပြန်ပေါက်အောင်လုပ်ရတာဟာ ကုန်ကျစရိတ်မသေးလှပါဘူး။ ဒါကြောင့်မို့လို့ သူတို့လင်မယားဟာ ဒေသအစိုးရရော နိုင်ငံတော်အစိုးရအပြင် ဖောင်ဒေးရှင်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေထံကပါ အလှူငွေတွေတောင်းခံခဲ့တဲ့အပြင် မကြာခဏဆိုသလို ပိုင်ဆိုင်မှုအချို့ကို ထုတ်ရောင်းရတဲ့အထိ အိတ်စိုက်ပြီးတော့ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်ကြောင့်ပျက်စီးသွားတဲ့ပတ်ဝန်းကျင်ကို ပြန်လည်ကုစားဖို့ရာ ဘယ်သောအခါမှနောက်မကျဘူးဆိုတာကို Instituto Terra Reserve လို့ အမည်ပေးလိုက်ပြီဖြစ်တဲ့ အဲ့ဒီမိုးသစ်တောက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service