တရုတ်စီးပွားရေး ပထမသုံးလပတ်အတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်

တရုတ်စီးပွားရေး ပထမသုံးလပတ်အတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် - Property News in Myanmar from iMyanmarHouse.com
2 May 2019 11:01 am တွင် တင်ခဲ့သည်
938 ကြိမ် ကြည့်ရှု့ပြီး

တရုတ်စီးပွားရေးသည် ယခုနှစ်ပထမသုံးလပတ် (၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) တွင် ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များ ဧပြီ ၁၇ တွင် ထွက်ရှိခဲ့သည်။

တရုတ်၏ဂျီဒီပီ(ပြည်တွင်းအသားတင်ထုတ်ကုန်) သည် ၎င်း ၂၀၁၉ ခုနှစ် ပထမသုံးလတာအတွင်း ယွမ် ၂၁ ဒသမ ၃၄၃ ထရီလျံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈ ထရီလျံ) ရှိခဲ့ပြီး တိုးတက်နှုန်းမှာ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်၏ တိုးတက်နှုန်းနှင့်အတူတူပင် ဖြစ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်ခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍက ၁၂ ဒသမ ၂၃၂ ထရီလျံယွမ်ရှိခဲ့ကာ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တိုးတက်နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။ ယင်းသည် ထိုပထမသုံးလပတ်ကာလအတွင်း စုစုပေါင်းဂျီဒီပီ၏ ၅၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည့်အပြင် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်၏ တိုးတက်နှုန်းထက်လည်း ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍတို့က ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၇ ရာခိုင်နှုန်းစီ အသီးသီးဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။

အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုတွင်လည်း တရုတ်သည် ပိုမိုလျင်မြန်သော တိုးတက်မှုကို ဆက်လက်မြင်တွေ့ခဲ့ကြောင်း ထိုအချက်အလက်များအရ သိရသည်။

ယခုနှစ်ပထမသုံးလပတ်အတွင်း အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး ယခုနှစ်ပထမနှစ်လတာထက် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပြီးခဲ့သည့်နှစ်တစ်နှစ်လုံးထက်လည်း ၀ ဒသမ ၄ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း NBS က ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပထမသုံးလပတ်အတွင်း အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁၀ ဒသမ ၁၈၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ) သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်စီးပွားရေးဖွံ့ဖြိုးမှု ၆ ဒသမ ၄ ရာခိုင်နှုန်းသည် တရုတ်အစိုးရ၏ ၂၀၁၉ စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက် ၆ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအကြားနှင့် ကိုက်ညီကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service