ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့် မြေ ၅၂ ဒသမ ၈၃ ဧက စီမံခန့်ခွဲဆောင်ရွက်ပေးမည်ဟုဆို

ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့် မြေ ၅၂ ဒသမ ၈၃ ဧက စီမံခန့်ခွဲဆောင်ရွက်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 May 2019 10:44 am တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း ကြို့ကုန်းစိုက် ပျိုးရေးသုတေသန ဗိမာန်တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့်မြေ ၅၂ ဒသမ ၈၃ ဧကကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောဆိုခဲ့သည်။

စီမံခန့်ခွဲရမည်

"ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ဖို့ သိမ်းယူခဲ့တဲ့မြေတွေအနက် ဌာနကအသုံးပြုခဲ့တဲ့မြေ ၁ ဒသမ ၅၀၆ ဧက အတွက် မြေပိုင်ရှင်နှစ်ဦးကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဌာနက အသုံးမပြုတဲ့ မြေ ၅၂ ဒသမ ၈၃ ဧကနဲ့စပ်လျဉ်းပြီး မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာရင်းပြုစုပေးပို့ခဲ့ပြီးဖြစ်တဲ့အတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီရဲ့ မူဝါဒလမ်းညွှန်ချက်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်ပေးရမယ့် ကိစ္စဖြစ်ပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ဧပြီ ၂၉ ရက်က ကျင်းပရာ ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက မေးမြန်းရာ တွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ဖို့ စိုက်ပျိုးရေးဌာနက သိမ်းယူခဲ့တဲ့မြေတွေအနက် မရမ်းကုန်းမြို့နယ်အတွင်းမှ အသုံးမလိုတော့သဖြင့် ပြန်လည်စွန့်လွှတ်သောမြေပိုင်ရှင် ၉၂ ဦးရဲ့ စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးပို့ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိသဖြင့် ပိုင်ရှင်အများစုမှာ ပြန်လည်မရရှိသေးတဲ့ အတွက် ပိုင်ရှင်မည်မျှကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါသလဲ။ ကျန်ရှိ တဲ့ပိုင်ရှင်တွေကို ပြန်လည်ပေးအပ်မယ့် အစီအစဉ်ကိုသိလို၍ မေးမြန်း ခြင်းဖြစ်ပါတယ်"ဟု ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးရန်လင်းက လွှတ်တော်အတွင်းမေးမြန်းခဲ့သည်။

သိမ်းယူခဲ့

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် မြေပိုင်ရှင် ၉၂ ဦးပိုင်ဆိုင်သည့် မြေဧရိယာ ၅၄ ဒသမ ၃၃၆ ဧကကို ၁၉၅၃ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကြို့ကုန်းသုတေသန ဗိမာန်တည်ဆောက် ရန်အတွက်သိမ်းယူခဲ့ကြောင်း သိရသည်။ အဆိုပါသိမ်းယူခဲ့သည့် မြေဧရိယာ ၅၄ ဒသမ ၃၃၆ ဧကမှ အသုံးပြုသည့်မြေ ၁ ဒသမ ၅၀၆ ဧကဖြစ်ပြီး အသုံးမပြုသည့်မြေ ၅၂ ဒသမ ၈၃ ဧကရှိရာ အသုံးပြုသည့်မြေ ၁ ဒသမ ၅၀၆ ဧကပေါ် တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မျိုးစေ့ဌာနခွဲ၊ မျိုးစေ့အရည်အသွေး ထိန်း သိမ်းရေးဓာတ်ခွဲခန်း တည်ဆောက်အသုံးပြုခဲ့ကြောင်း သိရသည်။

လျော်ကြေးပေးပြီး

အဆိုပါအသုံးပြုခဲ့သည့် ၁ ဒသမ ၅၀၆ ဧကတွင် ဒေါ်မမကြီး + ၂ ပိုင်မြေ သုည ဒသမ ဝ၄၈ ဧကကို ၁၄–၅–၂၀ဝ၂ ရက်တွင် မြေပိုင် ရှင်၏ သဘောတူညီချက်အရ မြန်မာ့စိုက်ပျိုး ရေးလုပ်ငန်းမှ လျော် ကြေးပေးပြီးဖြစ်ကာ ဦးချစ်ဦး (ဦးပန်း၏သား) ပိုင်မြေ ၁ ဒသမ ၅၄၈ ဧကကို စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ကောလိတ္တော်အရာရှိထံသို့ ၁၄–၁၂–၂၀၁၈ ရက်တွင် လျော်ကြေးပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service