မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူမည်

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
2 May 2019 10:22 am တွင် တင်ခဲ့သည်
584 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော် မည့် နယ်စပ်စီးပွားရေးဇုန် စီမံကိန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ အမြန်ဆုံး ခေါ်ယူရန် စီစဉ်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စီစဉ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသဖြစ်သော မူဆယ်တွင် စီးပွားရေးဇုန် စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ရန် စီစဉ်နေပြီး မေလကုန်ပိုင်း ညှိနှိုင်းအစည်းအဝေးပြီးလျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

‘‘ နိုင်ငံတကာ တင်ဒါမခေါ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်တွေကို ပဲ ခေါ်သွားဖို့ စီစဉ်ထားပါတယ်’’ ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေ ချင်းရွှေဟော်တွင် စီးပွားရေးဇုန်များ တည်ထောင်ရန် စီစဉ်ထားသည်။

နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

မြန်မာ - တရုတ်နယ်စပ် စီးပွားရေးဇုန်များ ကုန်သွယ်ရေး နှင့် ပတ်သက်၍ လွတ်လပ်စွာလုပ်ကိုင်ခွင့်များလည်း ပါဝင်သည်။ ထို့အပြင် ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ကုန်ထုတ် လုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရောင်းချခွင့်၊ စက်မှုဇုန်များလည်း ပါဝင်သည်။

ထို့အပြင် စီးပွားရေးဇုန်များ အကောင်အထည်ပေါ်လာလျှင် ပြီးခဲ့သည့်နှစ်များက ကြုံတွေ့ရသည့် တရုတ်နိုင်ငံအတွင်း မြန်မာ နိုင်ငံမှ ကန်သည်များ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုများ ရှိနိုင်မည်မဟုတ်တော့ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service