ရန်ကုန်အထူးကုဆေးရုံသစ်ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်မည်

ရန်ကုန်အထူးကုဆေးရုံသစ်ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
30 Apr 2019 11:50 am တွင် တင်ခဲ့သည်
9432 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်လာ ၇၇ သန်းခွဲကျော် တန်ဖိုးရှိ ခုနစ်ထပ် ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက် ရန် ဧပြီ ၂၈ ရက်တွင် စတင်ပန္နက် ရိုက်ခဲ့သည်။

စီမံကိန်းသည် ၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၁ မတ်လ ၃၁ ရက်တွင် ပြီးစီးမည်ဟု ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

‘‘မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘီလီယံကျပ် ၄၀ ကျော် ထည့်ဝင်ပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းပြီး ရန်ပုံငွေထည့်ဝင်ပြီး ဆောက်လုပ်တဲ့ ပထမဆုံး စီမံကိန်းဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

ထိုဆေးရုံကြီးသည် နှလုံးရောဂါအတွက် လူနာဗဟိုပြု ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရန်၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသရေး လုပ်ငန်းများနှင့် နှလုံးရောဂါ ခွဲစိတ်ကုသရေး လုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ခွဲစိတ်ကုသရေး အဆင့်မြင့်လာ စေရန် ရည်ရွယ်သည်။

မြန်မာနိုင်ငံတွင် ဆေးရုံတက်ရောက်မှုသည် ၂၀၁၃ တွင် ၁ ဒသမ ၈သန်းရှိရာမှ ၂၀၁၈ တွင် ၂ဒသမ ၉ သန်းအထိ မြင့်တက်လာခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောသည်။ မကူးစက်နိုင်သည့်ရောဂါကြောင့် သေဆုံးသူသည်၂၀၁၄ တွင် ၄၁ ရာခိုင်နှုန်းရှိပြီး၂၀၁၇ တွင် ၅၂ ရာခိုင်နှုန်းအထိမြင့်တက်လာသည်ဟု ဆိုသည်။ထိုထဲတွင် နှလုံးသွေးကြောရောဂါဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု ၀န်ကြီးကပြောသည်။

ထို့ကြောင့် နိုင်ငံတကာအဆင့်မီနှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီးကို ဂျပန်အကူအညီနှင့် ဆောက်လုပ် ခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။

အဆိုပါ ဆေးရုံကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် သူနာပြုတက္ကသိုလ်ကြား မြေ ၁၁ ဧကကျော်တွင် တည်ဆောက်မည်ဖြစ်သည်။

‘‘ဆေးရုံမြေနေရာက သမိုင်းအများကြီးရှိပြီးတော့ အင်မတန်ရှုပ်ထွေးနက်နဲစွာ ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေ ရှိခဲ့တယ်။ မူလက ပုဂ္ဂလိကပိုင် ဖြစ်တော့မယ့် အခြေအနေကနေ အခုလိုနိုင်ငံတော် အစိုးရရဲ့ ဆေးရုံတစ်ခုအနေနဲ့ တည်ဆောက်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ ဆေးရုံဆောက်လုပ်ခြင်းသည် မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် ဆေးကုသမှုများအစား ပြည်တွင်း၌သာ ကုသနိုင်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service