သိမ်းဆည်းခံလယ်မြေများလျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုင်းအစိုးရက မြေရောင်းမည်

သိမ်းဆည်းခံလယ်မြေများလျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုင်းအစိုးရက မြေရောင်းမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2019 10:18 am တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး

သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို မြေရောင်းချမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

သိမ်းဆည်းခံလယ်မြေများ အတွက် လယ်သမားများကိုလျော် ကြေးကျပ် ဘီလီယံ ၄၀ ခန့်ပေး ရန် ရှိနေ၍ မြေရောင်းချရ ခြင်းဖြစ်ကြောင်း ဧပြီ ၂၇ ရက် တွင် ပြုလုပ်သော ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ၀န်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်ကို မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဗဟိုဌာနအဖြစ် အကောင်အထည်ဖော်လိုနေသော ၀န်ကြီးချုပ်ကသိမ်းဆည်းခံလယ် မြေများရောင်းချရေးနှင့် ပတ် သက်၍ ‘‘ တိုင်းဒေသကြီးမှာ ကော် မတီတစ်ရပ်ကို ဖွဲ့ထားပါတယ်။ မကြာခင်မှာပဲထုတ်ရောင်းသွား ဖို့ဒီကော်မတီက ကြေညာသွား မှာပါ’’ ဟု စီးပွားရေးလုပ်ငန်းရှင် အချို့အား ရှင်းပြသည်။

သို့သော်မြေလိုအပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်သူ များဖြစ်ရန်လိုအပ်ကြောင်း ၀န်ကြီးချုပ်က ကြိုတင်သတိပေး သည်။ တိုင်းအစိုးရက ရောင်းချမည့် မြေကို ရယူပြီးမြေကစားမှုများပြုလုပ်မည်ဆိုပါက ခွင့်ပြုမည်မဟုတ်ကြောင်း ပြောသည်။

‘‘ဒီမြေတွေကို ၀ယ်မယ်ဆို ရင်ကန့်သက်ချက်တွေတော့ရှိပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကတွေ့ ဆုံဆွေးနွေးပွဲတက်ရောက်လာ သည့် စီးပွားရေးလုပ်ငန်းရှင်များ အား ပြောသည်။

လယ်မြေများကို ရောင်းချပေးကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက် ရန်တိုင်းအစိုးရက ရည်ရွယ်ထားသည်။ ထို့ကြောင့် နိုင်ငံစီးပွား ရေးအကျပ်အတည်းဖြစ်နိုင်သည့် မြေယူပြီးအဆင့်ဆင့်လက်လွှဲ ရောင်းချမှုကို ခွင့်မပြုဟု စီးပွားရေးလုပ်ငန်းရှင်များကို ၀န်ကြီးချုပ်ကပြောသည်။

ရန်ကုန်၌ အိမ်ခန်းလို အပ်ချက် တစ်နှစ်လျှင် တစ်သိန်း ခန့်ရှိနေပြီး အစိုးရရောင်းချ ပေးမည့် မြေတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများဖော်ဆောင်နိုင်မည်ဆိုပါက ၀မ်းသာ စရာဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာဦးသန်းဦးကပြောသည်။

သို့သော်လုပ်ငန်းရှင်များ လက်ထဲသို့ တန်ဖိုးနည်းနည်းဖြင့် မြေများရောက်ရှိပြီး ပြည်သူများ က တန်ဖိုးကြီးကြီးဖြင့် ပြန်လည် ၀ယ်ယူရမည့်အခြေအနေမျိုးဖြစ်လာမည်ကိုလည်း ဦးသန်းဦးက စိုးရိမ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service