ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်မြို့ ထန်းတပင် မြို့နယ်ရှိ မြေဧက ၁,၀၀၀ ကျော် တွင် ထန်းတပင်စက်မှုဇုန်ကို ဟောင်ကောင်၊ တိုင်ပေပူးပေါင်းထားသည့် ရင်းနှီးမြှုပ်နှံမှုအုပ်စုက ကန်ဒေါ်လာသန်း ၅၀၀ ဖြင့် ရင်း နှီးမြှုပ်နှံရေး မေလ ၁၀ ရက်တွင် ကျင်းပမည့် ရန်ကုန်တိုင်းရင်းနှီး မြှုပ်နှံမှုပြပွဲ၌ နားလည်မှုစာချွန်လွှာ(MoU)ရေးထိုးမည်ဟု ရန် ကုန်တိုင်းအစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။
ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့တော် စည်ပင်ပြင်ပမြို့ နယ်၁၁ ခုတွင် စက်မှုဇုန် ၁၁ ခုအကောင်အထည်ဖော်နေပြီး ထန်းတပင်စက်မှုဇုန်သည် ပထမ ဦးဆုံးနားလည်မှုစာချွန်လွှာရေး ထိုးသည့်စက်မှုဇုန်ဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော် ပန်းသဉ္ဇာမျိုးက ပြောသည်။
‘‘တခြားစက်မှုဇုန်တွေ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေရှိပါတယ်။ လုပ်ထုံးလုပ်နည်းအရ လုပ်နေတုန်းရှိပါတယ်။ MoU ထိုးနိုင်တဲ့အဆင့် မရှိသေးပါဘူး။ မသေချာသေးလို့ မကြေညာသေးတာပါ’’ ဟု ၀န်ကြီးက ပြောသည်။
ထန်းတပင်စီမံကိန်းသည် လုပ်ငန်းတည်ဆောက်ချိန် ကိုးနှစ်ကြာမြင့်မည်ဖြစ်ပြီး အလုပ်အ ကိုင်အခွင့်အလမ်းတစ်သိန်းခွဲ ကျော်ဖန်တီးနိုင်မည်ဟုဆိုသည်။ ထိုစီမံကိန်းကို Golden Myanmar Investment Company က လုပ်ကိုင်ခွင့်ရထားသည်။
ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုး မှုနည်းသည့် မြို့နယ် ၁၁ ခုတွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန် ၁၁ ခုတည်ထောင်မည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင် စိုးက ၂၀၁၈ ဇွန်လ၌ တိုင်းဒေ သကြီးလွှတ်တော်အစည်းအဝေး သို့ တင်ပြခဲ့သည်။ ထိုစီမံကိန်းများ အတွက် ပွင့်လင်းမြင်သာရှိစွာ တင်ဒါခေါ်ယူမည်ဟု မြို့တော်ဝန် က လွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့သည်။
စက်မှုဇုန်များကို ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံ တေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်မြို့နယ်တွင် အ ကောင်အထည်ဖော်မည်ဖြစ် သည်။ ထိုစက်မှုဇုန်များသည် မြေ ဧကအနည်းဆုံး ၇၀၀ မှ ၁,၆၀၀ အထိရှိသည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
Credit: 7Daydaily