စင်္ကာပူအခြေစိုက် Keppel အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက တောင်ကိုးရီးယားရှိ ရုံးခန်းတာဝါကြီးတစ်ခုကို ဝမ်ငွေ ၂၅၂ ဘီလီယံကျော် ဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် Keppel အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက တောင်ကိုးရီးယားရှိ ရုံးခန်းတာဝါကြီးတစ်ခုကို ဝမ်ငွေ ၂၅၂ ဘီလီယံကျော် ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 12:09 pm တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Keppel REIT သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၏ ဗဟိုစီးပွားရေး အချက်အခြာ ဒေသတွင် တည်ရှိသည့် Grade A အဆင့် ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Keppel REIT သည် အဆိုပါအဆောက်အအုံကြီးကို PGIM Real Estate ကုမ္ပဏီထံမှ ဝမ်ငွေ ၂၅၂ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၂၂၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Keppel REIT က ထုတ်ပြန်ခဲ့ရာတွင် ၂၈ ထပ်မြင့်မားသော T Tower အမည်ရှိ ရုံးခန်းအဆောက်အအုံကြီး၏ ရှယ်ယာ ၉၉ ဒသမ ၃၈ ရာခိုင်နှုန်းကို PGIM Real Estate ကုမ္ပဏီထံမှ ဝယ်ယူရန် သဘောတူညီမှုရခဲ့ကြောင်း ထုတ်ပြန်သည်။

T Tower သည် ဆိုးလ်မြို့တော်ရထားလမ်းကွန်ရက်၏ ဗဟိုချက်ဖြစ်သော ဆိုးလ်ဘူတာရုံနှင့် လမ်းလျှောက်သွားလျှင် ၅ မိနစ်ခရီးသာ ဝေးကွာသည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းအရ PGIM အတွက် ၃၉ ရာခိုင်နှုန်းခန့် မြတ်စွန်းခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁၅၉ သန်းသာ ပေးခဲ့ရသည်။

Cushman & Wakefield က ပြီးခဲ့သော မတ်လ ၂၅ ရက်တွင် T Tower အဆောက်အအုံကြီးကို တန်ကြေး ၂၅၉ ဘီလီယံရှိသည်ဟု တန်ဖိုးဖြတ်တွက်ချက်ပေးခဲ့ရာ Keppel REIT က အဆိုပါပေါက်ဈေးအောက် ၂ ဒသမ ၅ ရာခိုင်နှုန်း သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

T Tower ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၂၈၀၀၀ ( ၂၁၁၈၂ စတုရန်းမီတာ) ရှိသည်။

ယခုနှစ် ဒုတိယ သုံးလပတ် ကာလတွင် အရောင်းအဝယ် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းရပြီး အတိအကျအားဖြင့် ဇွန်လ ၁၄ ရက်တွင် အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

Keppel REIT က တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ကျန်ရှိသော ၀ ဒသမ ၆၂ ရာခိုင်နှုန်းကို Keppel Capital ၏ ကိုရီးယား အခြေစိုက် branch ဖြစ်သော Keppel Capital Investment Holdings က ဝယ်ယူမည် ဖြစ်သည်။

JLL က ယခုအရောင်းအဝယ်ကို အကျိုးဆောင်ပေးခဲ့သည်ဟု သိရသည်။

လက်ရှိအားဖြင့် T Tower အဆောက်အအုံကြီးတွင် Philips Korea ,LG Electronics, South Korean ISP နှင့် SK Communications တို့ကို အငှားချထားလျက် ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service