ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
သင်္ကြန်ပွဲတော်အပြီး ပြည်တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာ ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးကျဆင်းနေသည်။
ဧပြီ ၂၅ ရက်တွင် ပျမ်းမျှ တစ်ဒေါ်လာလျှင် ၁,၅၂၀ ကျပ် ခန့် ဈေးဖွင့်ပြီး သင်္ကြန်မတိုင်မီက တစ်ဒေါ်လာ ၁,၄၉၅ ကျပ်ခန့်သာ ဈေးရှိသည်။
လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးအနည်းငယ်ပြန်လည် မြင့်တက်လာသော်လည်း လကုန်ရက်များ၌ ကျဆင်းနိုင်သည်ဟု ပို့ကုန်စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
လက်ရှိ ပြည်တွင်းဈေးကွက် တွင် ဒေါ်လာ ၀ယ်လိုအားက လျော့နည်းလာသည်ဟု ငွေလဲဝန် ဆောင်မှုလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ထို့အပြင် ကုန်သွယ်မှုလိုငွေ လျော့ကျလာခြင်း၊ ပြည်တွင်းဝယ် လိုအားနည်ခြင်းနှင့် နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးအနည်းငယ် လျော့နည်း ခြင်းက ကျပ်ငွေတန်ဖိုးတက်ရန် အခြေအနေဖြစ်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။
ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးအနည်းငယ်မြင့်တက်သော်လည်း ရွှေဈေးနှုန်းကျဆင်းနေသည်။ သင်္ကြန်ပိတ်ရက် မတိုင်မီက တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းလေးသောင်း ငါးထောင်ကျပ် ဈေးရှိခဲ့ သော ပြည်တွင်းရွှေဈေးက ဧပြီ ၂၅ ရက်တွင် ကျပ် ၁၀သိန်းသုံးသောင်းရှစ်ထောင်သို့ ပြန်လည်ကျဆင်းလာသည်။
ပြည်တွင်း ရွှေဈေးကျဆင်းရခြင်းသည် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၂၉၆ဒေါ်လာ မှ ၁,၂၇၆ ဒေါ်လာ သို့ ကျဆင်းလာသည်။
Credit: 7Daydaily