ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 11:53 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း The Wall Street Journal တွင် ဖော်ပြသည်။

ဘရက်ပစ်၏ နေအိမ်ကို ၁၉၃၀ ပြည့်လွန်ကာလများအတွင်း ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မူလပိုင်ဆိုင်ခဲ့သည်မှာ ရုပ်ရှင်သရုပ်ဆောင် ဖရက်ဒရစ် မာ့ခ်ျနှင့် ဇနီးဖြစ်သူ ဖလောရင့် အယ်လ်ဒရစ်ဂ်ျတို့ ဖြစ်သည်။

ယင်းနောက်ပိုင်း ပိုင်ရှင်အနည်းငယ်ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ဘရက်ပစ်၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း ယင်းနေအိမ်မှာ အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

ဘရက်ပစ်တို့ စုံတွဲသည် အတူနေထိုင်စဉ်ကာလအတွင်း အဆိုပါစံအိမ်ကို ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သည်။

မီးဖိုဆောင်တွင် အပူပေးစနစ်ကြမ်းခင်းများ ထည့်သွင်းခြင်း၊ ၎င်းတို့၏ အခန်းတွင် ပြင်သစ်တံခါးများ မှာယူတပ်ဆင်ခြင်းနှင့် ရုပ်ရှင်ခန်း ထည့်သွင်းခြင်းတို့ ပါဝင်သည်။

ဂျနီဖာ အန်နစ္စတန်သည် နေအိမ်မွမ်းမံမှုများကို စဉ်ဆက်မပြတ် အမြဲပြုလုပ်နေလေ့ရှိသဖြင့် 'serial home renovator' ဟု တင်စားခေါ်ဝေါ်ကြသည်။

“ကျွန်မဟာ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်မလာဘူးဆိုရင် ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီအလုပ်ကို ကျွန်မမြတ်နိုးပါတယ်”ဟု ဂျနီဖာ အန်နစ္စတန်က ပြောကြားသည်။

နေအိမ်ကို ပြင်ဆင်မွမ်းမံရာတွင် လိင်ဆွဲဆောင်မှုရှိရန် အရေးကြီးသကဲ့သို့ သက်တောင့်သက်သာဖြစ်ရန်လည်း လိုအပ်ကြောင်း သူမက ဆက်လက်ပြောကြားသည်။

ဂျနီဖာ အန်နစ္စတန်သည် လက်ရှိအားဖြင့် သူ၏နေအိမ် ၂ လုံးကို အိမ်တွင်းဒီဇိုင်းနာ စတီဖန် ရှက်ဒ်လေကို ငှားရမ်းကာ မွမ်းမံလျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service