တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ခဲ့သူ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်က နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းချမည်

တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ခဲ့သူ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်က နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 11:47 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်သည် ၁၉၆၃ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားသည်။

ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်သော Marc Jacobs (ယခင်အမည်- Marc by Marc Jacobs) ကို ထုတ်လုပ်ခဲ့သည်။

ကမ္ဘာကျော် ပြင်သစ်ဒီဇိုင်းကုမ္ပဏီ Louis Vuitton တွင် ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ creative director အဖြစ် တာယန်ထမ်းဆောင်ခဲ့ဖူးသည်။

၂၀၁၀ ခုနှစ်အတွင်း တိုင်းမ်မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရပြီး Out မဂ္ဂဇင်းကြီးက ဖော်ပြသော ၂၀၁၂ ခုနှစ် အမေရိက၏ သြဇာအလွှမ်းဆုံး မိန်းမလျာ၊ ယောက်ျားလျာ ၅၀ ဦး စာရင်းတွင်လည်း နံပါတ် ၁၄ နေရာ၌ ဖော်ပြခံခဲ့ရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် မာ့ခ် ဂျက်ကော့ဘ်သည် ၎င်း၏ယောက်ျားလေးမိတ်ဆွေ ချာလီ ဒီဖရန်ဆက်စ်ကိုနှင့် လက်ထပ်ခဲ့သည်။

ယခုရက်ပိုင်းများသည် ဒီဇိုင်နာ မာ့ခ်ဂျက်ကော့ဘ်အတွက် အလုပ်များသည့် ရက်များဖြစ်သည်ဟု ဆိုရမည် ဖြစ်သသည်။

ဧပြီလ ၇ ရက်တွင် ချာလီ ဒီဖရန်ဆက်စ်ကိုနှင့် လက်ထပ်ပွဲကျင်းပခဲ့ရာ ကိတ်မော့စ်၊ နာအိုမီ ကမ့်ပ်ဘဲမှ Lil' Kim အထိ ကမ္ဘာကျော် ကြယ်ပွင့်များစွာ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ၂ ရက်ကြာသောအခါ နယူးယောက်မြို့၊ ရိုင်းအရပ်တွင် ကမ္ဘာကျော် ဗိသုကာပညာရှင်ကြီး ဖရန့်ခ် လွိုက်ဒ် ရိုက်ဒ် ဒီဇိုင်းရေးဆွဲပေးခဲ့သော နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၁၇၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယခုအခါ ပူပူနွေးနွေးလက်ထပ်ထားသော စုံတွဲသည် West Village ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာခဲ့ရာ Sotheby ကုမ္ပဏီမှ တဆင့် ကန်ဒေါ်လာ ၁၅ ဒသမ ၉၉၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

Robert A. M. Stern Architects ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄ ထပ်အဆောက်အအုံတစ်လုံးဖြစ်သည်။

အတွင်းပိုင်းဗိသုကာများကို အင်ဒရေ ချီလစ်ချက်ဖ်က ဒီဇိုင်းရေးဆွဲပေးထားသည်။

“ကျွန်တော် (ကျွန်မ) က တကယ်ချစ်မြတ်နိုးတဲ့ နေရာပဲပဲ နေချင်ပါတယ်။ အာ့ထ်ဒက်ကိုဟန် ပရိဘောဂတွေ၊ ၁၉၇၀ ပြည့်လွန်ကာလက လက်ရာတွေ၊ ခေတ်ပြိုင်အနုပညာလက်ရာတွေ။ ဒါပေမယ့် အိမ်ကို ပန်းချီပန်းပု အနုပညာပြခန်းလိုဖြစ်နေတာမျိုးတော့ မလိုချင်ပါဘူး”

Sotheby ၏ ဖော်ပြချက်အရ နေအိမ်အကျယ်မှာ ၄၃၄၆ စတုရန်းပေရှိပြီး ဆိတ်ငြိမ်အေးချမ်းသော အိပ်ခန်း ၃ ခု၊ နေအိမ်ပြင်ပ လူနေထိုင်နိုင်မည့်နေရာ အကျယ်အဝန်း ၁၄၆၂ စတုရန်းပေ၊ ပန်းခြံတစ်ခုနှင့် အမိုးပေါ်လသာဆောင်တစ်ခု၊ ဓာတ်လှေကားတစ်ခုနှင့် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်တို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service