ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကျောက်စရစ် နှင့်သဲတို့၏ စံနှုန်းများကိုလုပ်ငန်းရှင်တစ်ဦးတစ်ယောက်က ဈေးနှုန်း ထိန်းချုပ်ခြင်းမျိုးမဖြစ်စေရန်နှင့် လုပ်ငန်းရှင်များ၊ သုံးစွဲသူများမျှတ သောအကျိုးအမြတ်ခံစားခွင့်ရစေရန် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီ(မကွေးမြို့)၌ ကျောက်စရစ်နှင့်သဲစံနှုန်းများကို သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း အဆိုပါကော်မတီမှသိရသည်။
ယခုအခါမကွေးမြို့၌ ကျောက်စရစ်တစ်ကျင်းအတွက် ထုတ်လုပ်စရိတ်ကျပ် ၁၆ဝဝဝ၊ တင်ဆောင် ခကျပ် ၂ဝဝဝ၊ အခွန်ကျပ် ၂၅ဝဝ နှင့် အသားတင်အမြတ်တို့ကို ထည့်သွင်းတွက်ချက်ကာ ကျောက် စရစ်တစ်ကျင်းလျှင် ငွေကျပ်၂၃ဝဝဝ သတ်မှတ်ထားပြီး သဲတစ်ကျင်းလျှင် ငွေကျပ် ၇ဝဝဝ သတ်မှတ်ပေးထားသည်။
''ထုတ်လုပ်စရိတ်ကဘယ် လောက်ရှိတယ်။ အရင်းဘယ် လောက်၊ အမြတ်ဘယ်လောက်ရှိ တယ်။ နောက်ပြီးသယ်ခစရိတ် စသဖြင့်ပေါ့။ နောက်ပြီးကျောက်စရစ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ အလုပ်သမားတွေရဲ့ သာရေးနာရေးရန်ပုံငွေတွေရှိမယ်။ နိုင်ငံ တော်ကိုဆောင်ရမယ့် အခွန်တွေရှိမယ်။ ဒါတွေကိုတွက်ချက်ပြီး မကွေးမှာ ကျောက်စရစ်တစ်ကျင်း ရဲ့စံနှုန်းကို သတ်မှတ်ပေးထားပါ တယ်။ပစ္စည်းသယ်ယူပို့ဆောင်တဲ့ အခါမှာလည်း ဇုန်အပိုင်းအခြားအလိုက်ဈေးနှုန်းသတ်မှတ်ပေးထားပါတယ်။ ဒါကလည်း လုပ်ငန်းရှင် အားလုံးရဲ့ သဘောတူညီချက်နဲ့ သတ်မှတ်တာပါ။ ဈေးနှုန်းနဲ့ပတ် သက်ပြီးကားသမား စည်းကမ်း ဖောက်ရင်လည်း ယာဉ်မောင်း ရော၊ယာဉ်ပိုင်ရှင်ပါအရေးယူမယ်'' ဟု ကော်မတီအတွင်းရေးမှူးဖြစ်သူ မကွေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်လွင်က ပြောကြားသည်။
လုပ်ငန်းရှင်မှတိုက်ရိုက်ပို့ ဆောင်ရောင်းချသည်ဖြစ်စေ၊ အခြားတစ်ဆင့်ခံသယ်ယူပို့ဆောင် ရောင်းချသူက ရောင်းချသည်ဖြစ် စေသတ်မှတ်စံနှုန်းတစ်ခုတည်း ဖြစ်စေရန် ညွှန်ကြားထားခြင်းဖြစ်ပြီး၊ လုပ်ငန်းရှင်များဘက်မှ ဈေး လျှော့ချရောင်းချခြင်းကြောင့် အခြားလုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်း များလည်း ရပ်တန့်မသွားစေရန် သင့်တင့်မျှတသောဈေးနှုန်းသတ် မှတ်ရခြင်း ဖြစ်သည်။
Credit: Democracytoday