ရန်ကုန်ကို စိမ်းလန်းသည့် Smart City ဖြစ်အောင်လုပ်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်ကို စိမ်းလန်းသည့် Smart City ဖြစ်အောင်လုပ်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 10:08 am တွင် တင်ခဲ့သည်
8924 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်ကို စိမ်းလန်းတဲ့ Smart City ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သက်တမ်း ၃ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးချုပ်က ပြောသွားတာပါ။

ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းကာ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ မြို့ကိုစိမ်းလန်းစေဖို့အတွက် ကြိုးပမ်းနေပါတယ်။ ရန်ကုန်မြို့ဟာ ဥယျာဉ်မြို့တမြို့လို ဖြစ်လာနိုင်အောင် ပြုပြင်သွားဖို့လိုပါတယ်။ ဒါကြောင့်မို့ ပန်းခြံတွေကို အများကြီး ပြုပြင်ခဲ့ပါတယ်။ တချိန်က ပန်းခြံတွေ အခြေအနေနဲ့ ယခု အခြေအနေတွေကို ကြည့်မယ်ဆိုရင် ပန်းခြံတွေ တော်တော်များများက စိမ်းလန်းပြီး တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက ပြည်သူတွေက ဒီပန်းခြံတွေကို အသုံးပြုပြီး အနားယူ အပန်းဖြေကြတယ်။ အားကစားလုပ်ကြ တာတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့မြို့ကို စိမ်းလန်းတဲ့မြို့တမြို့ အဖြစ် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပင်လယ်ကမ်းခြေတလျှောက် ဒီရေတောတွေ စိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒီရေတောတွေကို ဧကနှစ်သောင်းကျော်လောက် ပျိုးထောင်သွားဖို့ ပြင်ဆင်ထား ပါတယ်။ ”

ဒါ့အပြင် ရန်ကုန်မြို့ဟောင်း ဧရိယာတွေကို Smart City ဖြစ်နိုင်အောင် လုပ်သွားမှာဖြစ်သလို ဒဂုံလေးမြို့နယ် အပါအ၀င် ရန်ကုန်ရဲ့ မြို့သစ်ဧရိယာတွေကို လည်း ဖွံ့ဖြိုးတိုးတက်မှု ပိုမိုဖြစ်လာနိုင်စေဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ လေ့လာသုံးသပ်ချက်အရ ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ဖို့နဲ့ နေစရာ နှစ်စဉ်အခန်းပေါင်း တသိန်းလောက် ဖန်တီးပေးနိုင်ဖို့လိုတယ်၊ ဒါမှသာ ဆယ်စုနှစ် တခုအကြာမှာ ရန်ကုန်မြို့ဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ မြို့ကြီးအဖြစ်ရပ်တည်နိုင်မှာ ဖြစ်တယ်၊ ဒီလိုမဟုတ်ရင် ကျူးကျော်နေထိုင်သူတွေနဲ့ မြို့ပြကြီးရဲ့ တင့်တယ်မှုကို ပျက်ပြားသွားနိုင်ပြီး တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာနိုင်စရာရှိပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာကာလကို ပြန်ကြည့်လိုက်ရင် ကျေနပ်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များစွာခဲ့တဲ့အကြောင်းနဲ့ ရန်ကုန်မှာ အဓိက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက ရေကြီးရေလျှံမှုပြဿနာ၊ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တောင်လိုပုံနေတဲ့ပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းပေးခဲ့သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားလိုင်းတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်လို့လည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖြေကြားသွားပါတယ်။

Credit: DVB

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service