အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည့် ကျန်စစ်မင်းတိုက်ခန်း ၁၈၀

အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည့် ကျန်စစ်မင်းတိုက်ခန်း ၁၈၀ - Property News in Myanmar from iMyanmarHouse.com
24 Apr 2019 10:15 am တွင် တင်ခဲ့သည်
1441 ကြိမ် ကြည့်ရှု့ပြီး

ကျန်စစ်မင်းတန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာအပိုင်း(၁)၏ ကျန်ရှိနေသည့် တိုက်ခန်းပေါင်း ၁၈၀ ကို အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဟု သိရသည်။

လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီးအနီးရှိ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနပိုင် ကျန်စစ်မင်းတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာအခန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ပြည့်မီသူများကို ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် စုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီသူဦးရေ ၃,၀၄၂ ဦးရှိပြီး ၎င်းတို့အနေဖြင့် ချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက ဧပြီ ၂၂ ရက်မှ ၂၆ ရက်အတွင်း ဌာနသို့ အမည်စာရင်းလာရောက်ပေးသွင်းရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

" အခုထပ်ရောင်းပေးတာက ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)ရဲ့ လက်ကျန်အခန်းပေါင်း ၁၈၀ပါ။ အဲ့ဒီမှာ တန်ဖိုးသင့်အခန်းတွေကိုတော့ ကနဦးပေးသွင်းငွေ Downpayment ၅၀ ရာခိုင်းနှုန်း၊ တန်ဖိုးနည်းအခန်းတွေကိုတော့ ကနဦးပေးသွင်းငွေ Downpayment ၃၀ ရာခိုင်းနှုန်းနဲ့ ကျန်ငွေကိုတော့ ဘဏ်ချေးငွေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်က ပြောကြားထားကြောင်းသိရသည်။

မဲနှိုက်ဝယ်ယူခွင့်ရရှိသူများ၏ စာရင်းကို ဧပြီ ၂၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် အသိပေးကြော်ငြာသွားမည်ဖြစ်ပြီး မေ ၃ ရက်တွင် မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမဲနှိုက်ရောင်းချပေးခဲ့သည့် အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းကို ကျပ် ၁၀၂ သိန်း၊ ၁၀၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သန်း၊ ၁၃၉ သိန်းနှင့် ၁၄၂ သိန်းတို့ဖြစ်ပြီး အခန်းအကျယ်အ၀န်းမှာ ၄၈၄ စတုရန်းပေပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း သိရသည်။

ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်းနှင့် ၂၇၄ သိန်းတို့ဖြစ်ပြီး အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၆၅၀ ပတ်လည်ရှိကြောင်း သိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service