တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့်စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် ရေးဆွဲထားသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့်စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် ရေးဆွဲထားသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 11:48 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး

တည်ရှိပြီးစက်မှုဇုန်များနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရန် ရေးဆွဲထားသော စက်မှုဇုန်ဥပဒေ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် စက်မှုဇုန်ဥပဒေကို ရေးဆွဲလျက်ရှိရာ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကော်မတီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထွက်ပေါ်လာသည့် စက်မှုဇုန်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန် ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေမရှိသေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြီးခဲ့သည့်လပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်များအတွက် သီးခြားဥပဒေမရှိသေးသော်လည်း အထူးစီးပွားရေးဇုန်ဥပဒေထွက်ရှိထားပြီး လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် ကိုက်ညီသော စက်မှုဇုန်အဖြစ် လည်ပတ်နေခြင်း ဖြစ်သည်။

“ရန်ကုန်မှာဆိုရင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်တည်ထောင်ထားပါတယ်။ သီလဝါစက်မှုဇုန်ကလွဲရင်ပေါ့။ လက်ရှိနိုင်ငံတကာစံချိန် မီအောင်ဆိုပြီးတော့ SEZ ဆိုတဲ့ စက်မှုဇုန်ကြီး တည်ထောင်နေပါပြီ။ စက်မှုဇုန်က အခုမှ စခါစပါ။ ဥပဒေက နည်းဥပဒေကအစပြီး သွားပါပြီ။ ကျွန်တော်တို့ စက်မှုဇုန်တွေ တည်ထောင်လာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ အခုထိ ဥပဒေမရှိသေးဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဌာနရဲ့ ညွှန်ကြားချက် ၁/၉၇ နဲ့ပဲ ညွှန်ကြားချက်စာအုပ်လေးနဲ့ပဲ လုပ်နေတာပါ။ ကျွန်တော်တို့ စက်မှုဇုန်စထောင်စဉ်က ဒီဥပဒေလိုတယ်ဆိုတာလည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ရေးလည်းရေဆွဲနေပြီး အမြန်ဆုံးပြီးဖို့လိုပါတယ်” ဟု ဦးအေးသောင်းက ပြောကြားသည်။

စက်မှုကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံတွင် စက်မှုဇုန်များ တည်ဆောက်ကာ ဆောင်ရွက်လာခြင်းက နှစ်ပေါင်း ၃၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ့ကုန်အမှတ်တံဆိပ် (Made in Myanmar) ဖြင့် ဈေးကွက်ထိုးဖောက်မှုသည် အနည်းငယ်သာရှိသေးကြောင်း သိရသည်။

“စက်မှုဇုန်တွေ ဖွံ့ဖြိုးလာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ ဒါပေမဲ့လည်း Made in Myanmar ဆိုတဲ့တံဆိပ် အင်မတန်နည်း နေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မှာ ဥပဒေမရှိပါဘူး” ဟု ဦးအေးသောင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုထားသော်လည်း သီလဝါအထူစီးပွားရေးဇုန်အတွင်းသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများကိုမူ အထူးစီးပွားရေးဇုန်ဥပဒေအရ အတည်ပြုခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ငါးလခွဲအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်အထိ ခွင့်ပြုထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service