ဧပြီလကုန်တွင် ဖွင့်လှစ်မည်ဟု သိရသော မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ်

ဧပြီလကုန်တွင် ဖွင့်လှစ်မည်ဟု သိရသော မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ် - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 11:22 am တွင် တင်ခဲ့သည်
4153 ကြိမ် ကြည့်ရှု့ပြီး

မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ်အား ဧပြီလကုန်တွင် ဖွင့်လှစ်နိုင်တော့မည့်ဖြစ်ကြောင်း ပွန်တွန်းတံတား တည်ဆောက်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ် တည်ဆောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော တင်ဒါရွေးချယ်မှုတွင် ‘ရာသက်ပန်’ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကာ ၂၀၁၉ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိနေသော ဂျိုင်း - ကော့ကရိတ် ကြိုးတံတားမှာ ၂၅ တန်ခံနိုင်ဝန်ရှိသော ကြိုးတံတားဖြစ်ခဲ့ပြီး ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းကြောင့် ကြိုးတံတား၏ ခံနိုင်ဝန်ကျဆင်းလာခဲ့ကာ ယခုအခါ ၁၃ တန်နှင့်အောက် ယာဉ်များသာ ဖြတ်သန်း ခွင့်ပြုပြီး ၁၃ တန်အထက် ယာဉ်များအတွက် သစ်တောက်ငှက်ကုမ္ပဏီက တည်ဆောက်ထားသော ပွန်တွန်းဘောတံတားဟောင်းမှသာ သွားလာခွင့်ပြုခဲ့သည်။

လက်ရှိဘောတံတားကြံ့ခိုင်မှု လျော့ကျလာခြင်း၊ ကုန်သွယ်ပို့ဆောင်ယာဉ် များပြားလာခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် ‘ရာသက်ပန်’ ကုမ္ပဏီက အသစ်တည်ဆောက်မည့် တံတားကို လက်ရှိ အသုံးပြုနေသော ပွန်တွန်းတံတားနှင့် ပေ ၁၅၀ အကွာတွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သည်။ဗောတံတားသစ်တည်ဆောက်ပြီးစီး ဖွင့်လှစ်ပါက ကုမ္ပဏီနှစ်ခုအနေဖြင့် ဝန်ဆောင်မှုများကို အပြိုင်စနစ် ကျင့်သုံးလာကြမည်ဖြစ်သည့်အတွက် တံတားအသုံးပြုသူများအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။

ထို့ပြင် JICA မှ အခိုင်အမာတည်ဆောက်မည့် RC တံတားတစ်စင်းကိုလည်း သုံးနှစ်တာကာလ ၂၀၂၁ ခုနှစ် မတ်အတွင်း ပြီးစီးဖွင့်လှစ်နိုင်ရေးအတွက် ယခုနှစ် ဇန်နဝါရီမှစ၍ စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်လျက်ရှိပြီး လမ်းတံတားနှင့်မလွတ်သည့် မြေယာများကို ညှိနှိုင်းလျော် ကြေးပေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တန် ၆၀ ခံနိုင်မယ့် ပွန်တွန်းတံတားအသစ်ကို ကျပ်ငွေသိန်းပေါင်း ၂၀၀၀၀ အကုန်ကျခံပြီး လေးလအတွင်း ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မိုးကာလရောက်ရင် မြစ်ကရေများလာတာနဲ့အမျှ လက်ရှိတံတားကနေ ကုန်တင် ယာဉ်တွေ ဖြတ်သန်းဖို့ အခက်အခဲဖြစ်တဲ့အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နောက်ကျကုန်မယ်။ ကုန်ဈေးနှုန်းတွေတက်လာမယ်။ တံတားဖြတ်သန်းဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့” ဟု ရာသက်ပန်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က ပြောကြားသည်။

ယင်းဗောတံတားအတွက် ဗောတွဲ ၂၇ လုံးကို ဧရာဝတီရေတပ်စခန်းဌာနချုပ်ကနေ မှာယူဆောက်လုပ်ပြီး လေးလအတွင်း ကူးသန်းသွားလာနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း၂၀၀၀၀ ကုန်ကျကြောင်း သိရသည်။

Credit: Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service